9 - 3 days ago

5 1 0
                                    

date - 28th, October < 3 days before Halloween >

Jeon Yura ​စော​စောစီးစီးမ​ပျော်နိုင်​ပေ။ ​ကျောင်းမသွားခင်ဖခင်ဖြစ်သူနှင့်အ​ချေအတင်ရန်ဖြစ်လာခဲ့ပြီး Jeon Jungkook ကပါသူ့ကိုပို​ခေါင်းကိုက်​အောင်လုပ်သည်။ ​မောင်ဖြစ်​နေ​သော်လည်း Jeon Yura သူ့ကိုငယ်ငယ်တည်းကကြည့်မရ။

"...nnie..Yura Unnie"

အသံလာရာကိုလှည့်ကြည့်မိ​တော့ ​ကောင်မ​လေးတစ်​ယောက်။ မျက်နှာဝိုင်းဝိုင်း​လေးဖြင့် သူ့ကိုရှက်သ​ယောင်​ယောင်ကြည့်​နေ​လေ၏။ ဘယ်လိုရူး​ကြောင်​ကြောင်​လေးပါလိမ့်။

"ဘာလဲ? ငါနဲ့သိလို့လား?"

"အာ...Yura Unnie ကို​ပေးစရာ​လေးရှိလို့ပါ။ ဒီဟာ​လေး"

ကမ်း​ပေး​သောလက်ထဲတွင် ကွတ်ကီးထုပ်က​လေး။ ငါ့အတွက်လက်​ဆောင်လာ​ပေး​နေတာလား?

"​ဆောရီး...ငါက ကွတ်ကီးမစားဘူး"

"ဪ မသိလိုက်လို့ပါ​နော်...​တောင်းပန်ပါတယ်"

​ခေါင်းငုံ့ကာ​တောင်းပန်​နေ​သော ​ကောင်မ​လေး၏စကားကိုအဆုံးထိနားမ​ထောင်ပဲ Yura ဖုန်းကိုထုတ်လိုက်သည်။

Kim Taehyung ဘယ်​ရောက်​နေတာလဲ?

ဖုန်းဝင်သွားပြီး beep အသံ ၃ခါအကြာတွင် ဖုန်းကိုင်လိုက်သည်။

"Hello-

"Taehyung ​ရေဘယ်​ရောက်​နေရတာလဲ?...ခုထိမလာ​သေးဘူးလား?"

"Yura? Taehyung ကအခု uhm...သူတစ်ခုခုလုပ်​နေလို့-

"Jimin? Taehyung ဖုန်းကိုနင်ကဘာလို့ကိုင်ရတာလဲ?"

သူ့ပစ္စည်းထိတာမကြိုက်တဲ့ Taehyung က သူ့ဖုန်းကို Jimin ကို​ပေးကိုင်တယ်တဲ့လား!!

"သူ..ဟို တစ်ခုခုလုပ်​နေလို့..အ..Taehyung အဲ့နားကိုမလုပ်နဲ့!!"

"နင်တို့ဘာ​တွေ-

"Jimin ​ရော ငါ​ရောမအားဘူး။ ဖုန်းထပ်မဆက်နဲ့"

Taehyung အသံကြားပြီးဖုန်းလိုင်းပျက်​တောက်သွား​လေသည်။ အသားများတစ်ဆတ်ဆတ်တုန်းကာ မျက်ရည်စများဝဲလာသဖြင့် မျက်ရည်မကျမိ​အောင် ဖုန်းကိုတင်းကြပ်​နေ​အောင်ဆုပ်ထားရသည်။

† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †Where stories live. Discover now