Jeon Yura...Yura Jeon
၁၇နှစ်အရွယ် တတိယနှစ် အထက်တန်းကျောင်းသူ
သူမကဘယ်ပုံဘယ်နည်းဖြင့်ပျောက်သွားရသလဲ?
ချစ်ခင်သူထက် မုန်းတီးသူက ပိုများနေတဲ့ ၁၇နှစ်အရွယ်ကျောင်းသူလေး...
Detective Park Sunghoon တစ်ယောက် အမှူတွဲ File ကိုကြည့်ရင်းခေါင်းကိုက်လာသည်။ ဘယ်ဆီကနေ ဘယ်လိုလူပျောက်စရှာရမလဲတောင်မသိတော့ပေ။ လူတစ်ယောက်က အစအနမရှိပဲတော့ပျောက်သွားစရာအကြောင်းမရှိ။ ဒါမှမဟုတ် ထွက်ပြေးသွားတာများလား???
"ဘာတွေအဲ့လောက်တွေး??"
Detective Yang Jungwon သည်ကော်ဖီခွက်နှစ်ခွက်ဖြင့် အခန်းထဲဝင်လာလေသည်။ ကော်ဖီနံ့လေးကြောင့် Detevtive Park တစ်ယောက်သူ၏ Junior ကိုပင် ဖက်နမ်းချင်စိတ်များပေါက်သွားရလေ၏။
"ဟိုကျောင်းသူလေ...အစအနမရှိပဲတော့ပျောက်စရာအကြောင်းမရှိဘူးလို့ထင်တယ်"
"Hyung ကဘယ်လိုထင်လို့လဲ?"
"ထွက်ပြေးသွားတာများလားလို့ပါ"
Detective Yang ၏မျက်ခုံးများအနည်းငယ်ပင့်တက်သွားသည်။ ခါးလိုက်တဲ့ကော်ဖီ။
"ဖြစ်နိုင်တာပဲနော်...ဒါပေမယ့်လေ အစစအရာရာပြည့်စုံနေတဲ့ကောင်မလေးက ဘာကိစ္စထွက်ပြေးမှာလဲ?"
မှန်သည်။ Jeon Yura သည် အစစအရာရာပြည့်စုံသူတစ်ယောက်ပင်။ ကြွေရုပ်ကလေးလိုချောမောတဲ့မျက်နှာ ၊ လှပတဲ့ခန္ဓာကိုယ် ၊ Cheerleader တစ်ယောက် ပြီးတော့ နှစ်နှစ်ဆက်တိုက် Cheer Queenလေ။ သူမဘဝမှာ ထွက်ပြေးချင်လောက်စရာအကြောင်းအရင်းရယ်လို့သိပ်မရှိ။
Kim Namjoon ဆိုတဲ့ ကျောင်းသားပြောသလိုများဖြစ်နေမလား?
"ဟိုကျောင်းသားပြောသလိုမျိုး မတည့်တဲ့သူတွေထက် သူ့ကို stalk နေတဲ့သူတွေများရှိမလား?"
"ဖြစ်နိုင်တာပဲ။ ကျွန်တော်တို့ကတော့ ကျောင်းကသူတွေအကုန်မေးကြည့်ရမယ် Hyung။ တစ်ယောက်မှချန်ထားလို့မရဘူး"
"အင်း...အဲ့ဒါဆို သူ့မိသားစုကိုရော?"
"Jay hyung နဲ့ Jake hyung သွားတယ်"
YOU ARE READING
† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †
Fanfictionတတိယနှစ်ကျောင်းသူတစ်ယောက်ရဲ့ပျောက်ဆုံးမှုကဒီအတိုင်းသမားရိုးကျမဟုတ်တဲ့အခါ.... Halloween Special for loves ♡