7 - pet and owner

8 1 0
                                    

"Taehyungie...Yura ခုချိန်ဆိုဘယ်နား​လောက်မှာရှိ​နေမယ်ထင်လဲ?"

ကုတင်​ပေါ်တွင် မှောက်လျက်အ​နေအထားဖြင့် စာအုပ်ဖတ်​နေ​သော Jimin ၏​မေးခွန်း​ကြောင့် Taehyung အနည်းငယ်​မျက်​မှောင်ကြုံ့မိသည်။

"မသိဘူး...စိတ်လည်းမဝင်စားဘူး"

Taehyung ၏အ​ဖြေ​ကြောင့် Jimin တခစ်ခစ်ရယ်သည်။ ​မှောက်​နေရာက​နေထထိုင်ပြီး ပြတင်း​ပေါက်နားတွင် စီးကရက်ဖွာ​နေ​သော နတ်ဘုရားလိုလူအားကြည့်ရင်းပြုံးမိသည်။

"မသိလို့မရဘူး​လေ Taehyung ရဲ့...ငါတို့နှစ်​ယောက်က သူနဲ့​တော်​တော်​လေးရင်းနှီးတဲ့သူ​တွေဆိုပြီး စုံ​ထောက်​တွေကစစ်​မေး​တော့မှာ"

"အဲ့​တော့?"

"အဲ့​တော့ ငါတို့က ​သေချာ​ဖြေ​ပေးဖို့လိုတာ​ပေါ့..မဟုတ်ဘူးလား?"

လက်ကျန်စီးကရက်ကိုဖိ​​​ချေလိုက်ပြီး ကုတင်​ပေါ်က​ကောင်​လေးဆီ Taehyung အကြည့်များကိုပို့လိုက်သည်။ထို့​နောက် အပြုံးကြီးကြီးဖြင့်​အ​ဖြေပြန်​ပေး​လေသည်။

"ဒါ​ပေါ့...ငါတို့ကအ​ကောင်းဆုံးလုပ်​ပေးရမှာ​ပေါ့...​တော်လိုက်တဲ့ ငါ့ရဲ့ Jimin ​လေး"

သုံးရက်အကြာတွင် Kim Taehyung နှင့် Park Jimin တို့အားစစ်​ဆေး​မေးမြန်းသည့်အလှည့်ကို​ရောက်လာ​လေသည်။

"​ကျောင်းသားရဲ့နာမည်က?"

"Kim Taehyung ပါ"

"ဟုတ်ပြီ..Kim Taehyung အ​နေနဲ့ Jeon Yura နဲ့ဆက်ဆံ​ရေး​လေးကိုတစ်​ချက်​လောက်​ပြောပြ​ပေးနိုင်မလား?"

"သူငယ်ချင်းလို့​ပြောလို့ရပါတယ်။ သူ့ Cheerleader သူငယ်ချင်းအုပ်စုကသပ်သပ် ကျွန်​တော်တို့နဲ့ကသပ်သပ်​ပေါ့"

"ဪ အဲ့လို။ ​ပြောပြ​ပေးလို့ကျေးဇူးပါ။ Kim Taehyung အ​နေနဲ့လည်း Jeon Yura နဲ့မတည့်တဲ့သူ​တွေများမယ်ဆိုတာသိမယ်ထင်တယ်။ ဘယ်လိုများမှတ်ချက်​ပေးချင်ပါသလဲ?"

စစ်​မေး​နေ​သော စုံ​ထောက်အားကြည့်၍ Taehyung သက်ပြင်းချမိသည်။ အချိန်လာကုန်ခံ​နေရတယ်လို့ အဲ့ Jeon Yura ​ကြောင့်...

"Yura က...နည်းနည်းဘယ်လို​ပြောရမလဲ? လူမုန်းများတယ်။ သူ့ကိုပဲလူ​တွေကမုန်း​နေတာလားဆို​​တော့ မဟုတ်ဘူး။ သူကလည်း ​ကျောင်းကလူ တစ်ဝက်​လောက်ကိုမုန်းတာ"

† 𝔞𝔯𝔱𝔢𝔪 𝔞𝔩𝔦𝔮𝔲𝔢𝔪 𝔬𝔠𝔠𝔦𝔡𝔢𝔯𝔢 †Where stories live. Discover now