ep 2

3.3K 177 4
                                    

"ဘယ်လိုပြောမလဲကွာ အဲဒီမင်းသမီးလေးကသိပ်လှတယ်လို့ပြောကြတယ်"

"မင်းမြင်ဖူးလို့လားဟွိုက်စန်း"

"မမြင်ဖူးဘူးလေ ဒါပေမဲ့သတင်းတွေကမွှေးနေတာပဲ အခွင့်ကြုံရင်တော့မြင်ဖူးစမ်းချင်ပါရဲ့"

"သူကဘယ်နိုင်ငံကလဲ"

"ေဟ့ ဟေ့ ဝမ်ကျီ သူကမင်းခြေတော်တင်နေတဲ့လူတွေနဲ့တခြားစီနော် လွှတ်ပေးလိုက်ပါကွာ အဲမင်းသမီးလေးသနားပါတယ်a'

"ပြောမှာဖြင့်ပြောပါကွာ အရမ်းရှည်တာပဲ"

"သူကဝေ့နိုင်ငံကပဲ သူ့ကိုဘယ်သူမှမြင်ဖူးခြင်းမရှိဘူး သီးသန့်နန်းဆောင်မှာသူ့ကိုထားတာ အသက်၁၈နှစ်ပြည့်ရင်တော့ပြည်သူတွေနဲ့တွေ့ဆုံပေးမယ်လို့တော့ကြေငြာမောင်သခတ်ထားတယ်ဝမိကျီ ဖြစ်နိုင်ရင်သူလေးကိုတော့....."

"စိတ်ဝင်စားသွားပြီ"

"ညီတော် ဒီမိန်းကလေးကိုတော့ညီတော်ရဖို့မသေချာဘူး"

"ဘာလို့လဲ"

"သူကညီလေးပတ်သက်ဖူးသမျှလူတွေလိုမဟုတ်လို့ပေါ့ ပြီးတော့ဝေ့နိုင်ငံဆိုတော့အကိုတော်တို့နဲ့မိတ်ဖက်ဖြစ်သလိုသီးသန့်ဆနိတဲ့တိုင်းပြည်ပဲ"

"ဟက် အကုိတော်ပြောမှပဲဝမ်ကျီပိုတောင်စိတ်ဝင်စားသွားပီ ရွှယ်ယန်"

"အမိန့်ရှိပါအရှင့်သား"

"အဲဝေ့နိုင်ငံကိုအလည်ပတ်သွားမယ် သတင်းပို့ခိုင်းထားလိုက်"

"အမိန့်တိုင်းပါအရှင့်သား"

တဖက်နိုင်ငံတွင်တော့ဘုရင်ဟာအကြိမ်ကြိမ်သက်ပြင်းချနေ၏ထိုအချင်းအရာကိုမြင်တဲ့ဘုရင်ရဲ့မိဖုရားဟာလည်းမျက်နှာတော်မကောင်ူပေ

"ဘယ်လိုလုပ်မလဲအရှင် အဲမင်းသားကအရမ်းပွေရှုပ်တယ်ကြားတယ် သားတော်လေးနဲ့သာတွေ့ခဲ့ရင်"

"ဟင်းးးမဖြစ်လောက်ပါဘူးလေ သားတော်ကအဆောင်သီးသန့်နေတဲ့သူပဲလေ အပြင်မှမထွက်တာ တားမြစ်ဆောင်မှာပဲနေတဲသားတော်နဲ့တွေ့တော့မတွေ့လောက်ပါဘူးလေ'

စိတ်သက်သာအောင်ပြောနေပေမဲ့မိမိဘယ်လောက်ပူပန်နေကြောင်းမိမိသာအသိဆုံးပင်

ကြမ္မာစေရာ CompletedWhere stories live. Discover now