ep 16

1.7K 101 0
                                    

ဝေ့ရင်းတယောက်သိပ်လှတဲ့ကြာကန်ကြီးနားရောက်လာ၏ ပတ်ဝန်းကျင်ကနှင်းများထူထပ်ကာလှပနေသလိုကြာကန်ထဲကကြာပန်းတွေကလည်းရောင်စုံဖူးပွင့်နေကြ၏ ကြာကန်ရဲ့ဘေးမှာရပ်နေသောသူတယောက် ဆံနွယ်တွေကရှည်လျားပြီးကိုယ်ဟန်ကကျော့မော့နေ၏ အဖြူရောင်ဝတ်ထားတဲ့ထိုသူဟာအလွန်လှပမည်မှာအသေချာပင်

"ရင်းငယ်"

ထိုခေါ်သံကရင်း၏နောက်ကျောမှထွက်လာသောအသံ မိမိကိုခေါ်နေသောသူကလည်းအစိမ်းရောင်ဝတ်စုံကိုဝတ်ထားကာခန့်ညားချောမောသောလူတယောက် မိမိကိူခေါ်နေသောလူဟာမိမိမသိသောသူတယောက် ဒါပေမဲ့ထိုသူကမိမိကိုကျော်သွားကာထိုအဖြူရောင်လူသားဆီသွားလေ၏

"အာ အကုိချင်းယန်"

"အင်း နေမကောင်းတာကိူအထဲမှာမနေပဲဘာရပ်လုပ်နေပြန်တာလဲရင်းငယ်"

"ဟီး ရင်းငယ်ကြာကန်ကိုကြည့်ချင်လို့ပါအကိုချင်းယန်ရဲ့"

"ဟုတ်ပါပီ "

ရင်းအံ့သြပီးရင်းအံ့သြနေရ၏ ထိုလူခေယ်တဲ့သူဟာမိမိနှင်တပုံစံတည်းတူသောလူတယောက် တပုံစံတည်းပင် ကွာတာဆို၍ခိုလူကနေမကောင်း၍ဖြူဖျော့နေခြင်းသာကွာခြား၏ ချင်းယန်ဆိုတဲ့လူက မိမိနှင့်တူသောသူကိုသိုးမွှေးခြုံထည်ခြုံပေးကာပခုံးကိူဖက်လိုက်ပြီးတွဲခေါ်သွား၏

ရင်းဒီနေရာကိုရင်းနှီးနေသလိုဖြစ်နေပေမဲ့ရင်းလည်းမရင်းနှီးပေ ထိူသူနှစ်ယောကိနောက်ကလိုက်သွားတော့ရင်းနှင့်တူသောသူကိုဆေးတိုက်ကာအိပ်ယာပေါ်သို့တွဲကာသိပ်နေ၏

"အကုိချင်းယန်ပြန်တော့လေ"

"ရင်းငယ်ကနှင်ထူတ်နေတာလားကိုယ့်ကို"

"အာ မဟုတ်ရပါဘူး ရင်း ကအားနာလို့ပါ"

"ကိူယ်ကအားနာစရာမှမဟုတ်ပဲရင်းငယ်ရယ် ကဲအိပ်တော့"

"ဟုတ်"

"ဟင်းးးးးးး"

"ရင်း ရင်း သတိရပီလား "

"ရင်း ဘာဖြစ်သွားတာလဲ"

"ရင်းသတိလစ်နေတာနှစ်ရက်ရှိပြီ ကိုယ်အရမ်းစိတ်ပူနေတာ"

ကြမ္မာစေရာ CompletedWhere stories live. Discover now