"ဟင့်အင်း သားတော်လက်မခံနိုင်ဘူး ပါး သားတော် ဟင့် "
"သားလေးရယ် ချင်းယန်ကိုသားမချစ်ဘူးလား မားတို့တွေ့နေရတာတော့ သားတိူ့နှစ်ယောက် တယောက်ကိုတယောက်..."
"မဟုတ်ဘူး သား သားတော်ကအကိုချင်းယန်ကို အကုိရင်းတယောက်လိုပဲခင်မင်တာ ခုလိူဘဝတခူလုံးစာအတွက်တော့ လက်မခံချင်ဘူး"
"ဘယ်လိုလုပ်ရမလဲကွယ် သူကကောင်းကင်မင်းကြီးရဲ့သားတော် သိတဲ့အတိုင်းပဲ ခုလက်ရှိကောင်ကင်ဘုရင်ကဆိုးမိုက်တဲ့ဘုရင် အရင်မင်းကြီးကိုပုန်ကန်သတ်ဖြတ်ပြီးကမောက်ကမဖြစ်အောင်လုပ်ထားတဲ့သူ သူ့အမိန့်ကိုနာမခံရင် မားတို့အားလုံး"
"တော်ပါတော့ရှင်မရယ် သားတော်မချစ်မနှစ်သက်သူနဲ့မယူချင်တာမဖြောင်းဖျပါနဲ့လား"
"မရဘူး ချင်းယန်ကိုမင်းလက်ထပ်ရမယ်ဝေ့ရင်း"
"ဟင့်အင်း လက်မထပ်ဘူး လုံးဝပဲ"
"အဲလိုသာဆိုသားတော်ဟာအမြဲခုလိုဘဝရောက်နေရလိမ့်မယ် နှစ်ကိုယ်တူကျင့်ကြံမှသာ သားရဲ့.."
"တော်ပါတော့မားရယ် သားရဲ့ချိတ်ပိတ်ခံထားရတဲ့စွမ်းအားတွေမရရင်လည်းနေပါစေတော့ သားတော်အကိုချင်းယန်ကိူတော့လင်မထပ်ဘူး"
"မရဘူး မင်းလက်ထပ်ရမယ် မင်းတယောက်အတွက်နဲ့တအိမ်သားလုံးအသေမခံနိုင်ဘူး"
""ဒါကသူ့မားတဲ့လား သူ့ကိုငယ်ငယ်ထဲကအမြဲအမြင်မကြည်ခဲ့တဲ့သူ ခုလည်း သူ့ဘဝကိုစတေးခံခိုင်းနေတာလား""
လန်ကျန့်နှစ်ခြိုက်စွာအိပ်ပျော်နေတုန်းရင်ခွင်ထဲကရင်းဟာရှိုက်ငိုနေတာကြောင့်ပြာသွားရ၏
"ရင်း ရင်း "
မျက်လုံးတို့ကမှိတ်ထားကာငိုရှိုက်နေတာကြောင့် အိမ်မက်ယောင်နေမှန်းသိလိုက်ရ၏ ဘာတွေများမက်နေလို့ငိုနေရတာလဲရင်းရယ်
"ဟင့်အင်း မယူဘူး မယူဘူး"
"ရင်း ရင်း ထ ထကုိယ်ရှိတယ် "
"လန်ကျန့် ဟင့်"
"မငိုနဲ့တော့ အိမ်မက်ပဲလေ နော် "
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...