ဒီတလောအတွင်းလန်ကျန့်တယောက်မျက်နှာမကောင်းပေ မိမိဘာအမှားများလုပ်ထားမိလို့လဲ ရင်းဆိုးတာမှန်ပေမဲ့သူအလိုလိုက်ထားလို့ဆိုးတာ ခုတော့ပစ်ထားသလိုလုပ်နေတော့ရင်းဝမ်းနည်းရ၏
"မင်းသားလေး မျက်နှာမကောင်းပါလား"
"ဟင့် အင့် ငါ့ကိုလန်ကျန့်ကထားသွားတော့မယ်ထင်တယ်"
"ဟာ မင်းသားလေး ကလည်းအရှင့်သားကမသ်းသားလေးကိူတုန်နေအောင်ချစ်တာပဲကို"
"ဟုတ်ဘူး အဲဒါအရင်က ခုမချစ်တော့ဘုး လူကိုပစ်ထားပြီးမျက်နှာကြီးကလည်းစူပုတ်တည်တင်းနေတာ"
မနေနိုင်တဲ့ကျင်းရီမှာတော့အရှင့်သားစာဖတ်ခန်းဆီအပြေးသွားရတော့၏
"အရှင့်သား မိဖုရားရဲ့အထိန်းတော်ကျင်းရီရောက်နေပါတယ်"
"ဝင်ခိုင်းလိုက်"
တခြားသူသာဆိုမောင်းထုတ်မိမှာဖြစ်ပေမဲ့ရင်းရဲ့လူယုံဆိုတော့ဝင်ခိုင်းမှရမည်ရင်စဘာဖြစ်လို့ပါလိမ့် ခုတလော ချင်းယန်ဟာနယ်မြေတွေကျူးကျော်သိမ်းပိုက်ကာရက်ရက်စက်စက်လူတွေကိုအပစ်မရှိတိုင်ခိုက်နေတာတွေကိုယောက်ဖတော်ကျန်းချန်အကြောင်းကြားလာတာကြောင့် စစ်ရေးဗျုဟာများဆွဲကာအလုပ်ရှုပ်နေရ၏ ရင်းကိူလည်းမတွေ့နိုင်
"ကျင်းရီ ရင်းဘာဖြစ်လို့လဲ "
"မင်းသားလေးက အရှင့်သားသူ့ကိူမချစ်တော့ဘူးလာမတွေ့ဘူးဆိုပြီးငိုနေပါတယ်"
"ဘာ ချစ်လို့တောင်မဝတာ မချစ်စရာလား လာ ခုသွားမယ်"
ရင်းအဆောင်ရောက်တာနှင်ကိုနေသောရင်ူကိုတွေ့လိုက်ရတယစိတ်မကောင်းပေ ဘယ်လောက်အလုပ်ရှုပ်ရှုပ်ရင်ူကိုအချိန်ပေးရမှာသူ့တာဝန် ခုတော့ပစ်ထားသလိုဖြစ်သွားတာမိမိအမှာမကင်းပေ
အခန်းထဲရှိနေတဲ့လူတွေကိုလက်ဟန်ဖြင့်အကုန်အပြင်ထွက်ခိုင်းကာရင်းနားသွားမိတော့
"လန်ကျန့်ကရင်းကိုမချစ်တော့ဘူး အီးးးးဟီးးး ရင်းကိုပစ်ထားတယ်"
ငိုနေသောရင်းကိူနောက်မှသိုင်းဖက်လိုက်တော့တုန်ယင်သွားသောကိူယ်လေး
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...