လန်ကျန့်ညီလာခံကပြန်ရောက်တော့ရင်းကိုမတွေ့တာကြောင့်ပျာယာသွားရ၏
"ရင်းကော အထိန်းတော်ကြီး"
"လျှောက်တင်ပါတယ်အရှင့်သား မင်းသားလေးကဥယျာဥ်တော်ထဲသွားပါတယ်"
"အစထဲကပြောပါလား သွားမယ်အခု ဥယျာဥ်တော်ကို"
အထိန်းတော်မာ ကတော့အရှင့်သားကိုကြည့်ကာပြုံးနေမိ၏ အရှင့်သားဟာမိဖုရားပြန်နိုးလာထဲကအရင်ကထက်ပင်မိဖုရားကိုပိုချစ်ပိုဂရုစိုက်လာ၏ ပို၍ပင်မျက်စိအောက်ကအပျောက်မခံတော့ပေ
"ရင်း"
"ဟောလန်ကျန့်ရောက်လာပီလား"
"ကိုယ်လာမှာသိလို့လားရင်းက"
"ရင်းကိုမတွေ့ရင်လန်ကျန့်လိုက်လာမယ်ဆိုတာရင်းသိတယ်လေ"
"စကားတွေတတ်နေတာ"
"ဟီး လန်ကျန့်ချစ်ချစ်မို့"
"အယ့် အယ့်"
"အော ခမည်းတော်သမီးတော်လေးကလည်းထောက်ခံနေတာလား အပြင်ထွက်ရတော့ပျော်နေတယ်ပေါ့ ဟုတ်လား"
လက်ချောင်းလေးထိုးပေးလိုက်တော့လက်ချောင်းလေးကိုသူ့လက်ကလေးဖြင့်ဆုတ်ကိုင်ကာရယ်နေသောသမီးတော်ပေါက်စ စလိုက်နောက်လိုက်ဖြင့်ပျော်နေကြတဲ့မိသားစုလေးကိုဘေးကကြည့်နေကြတဲ့သူတွေအဖို့ကြည်းနူးစရာကောင်းနေသလောက် မြင်နေရတဲ့ချင်းယန်ကတော့ထိုမြင်ကွင်းကြောင့်ဒေါသတိူ့ကထိတ်ဆုံးသို့ရောက်ရှိနေ၏
"ငါမင်းကိုသတ်ပစ်မယ်လန်ကျန့်"
လက်အောက်ငယ်သားတွေဟာလည်းသူတိူ့ရဲ့မိစ္ဆာအရှင်ရဲ့ဒေါသကြောင့်မည်သူမျှခေါင်းမဖော်ရဲကြပေ
ရင်းတယောက်မိမိပေါင်ပေါ်အိပ်ပျော်နေတဲ့လန်ပျန့်မျက်နှာလေးကိုမြတ်နိုးမှုအပြည့်ဖြင့်ငေးနေမိ၏
"နဂါးမင်းသားလေးကခုလိုကျတော့လည်းတကယ့်ကလေးလေးပါလား ခ်ခ် မင်းကမင်းကိုမင်းနဂါးဆိုတာမသိသေးဘူးနော် ရင်ူကတော့အကုန်မှတ်မိပီ ဒီဘဝမှာရင်းကိုပြန်ချစ်ပေးလိူ့ကျေးဇူးတင်ပါတယ်လန်ကျန့် ချစ်တယ် ရင်းရဲ့ထာဝရချစ်သူလန်ကျန့်''
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...