"ရင်းးးးးး"
"အူဝဲ အူဝဲ အူဝဲ"
လွင့်ပြယ်သွားသောမြူမှုန်စလေးတွေကိုလိုက်ဖမ်းကာအောစ်ဟစ်ငိုကြွေးနေသည့်လန်မင်းသား
"ဝမ်ကျီ စိတ်ထိန််းနော် ဝမ်ကျီ"
"အကုိတော် ရင်းကကျွန်တော့်ကိုထားသွားပီ ဟင့်''
"ညီတော်ရယ် အကုိတော်ဘယ်လိူနှစ်သိမ့်ပေးရမလဲ"
ထိုနေ့ကစပြီးအရင်ကနှသ့်မတူထိုင်မှိုင်ကာအမြဲငေးနေတဲ့လန်ဝမ်ကျီ ရင်းသွားတတ်တဲ့နေရာလေးတွေ ရင်နေခဲ့တဲ့အဆောင်တော်တွေကိုလျှောက်သွားကာမူးရုးနေတဲ့လန်မင်းသား အရင်ကတည်ကြည်ခန့်ငြားပါတယ်ဆိုတဲ့မင်းသားဟာခုတော့မုတ်ဆိတ်များဖြင့်ညှင်းသိုးစုတ်ပျက်နေတော့၏
အားလုံးဟာလည်းရင်းအတွက်စိတ်မကောင်းရသလိုလန်မင်းသားကိုကြည့်ကာစိတ်မကောင်းကြီးစွာဖြစ်နေကြပေမဲ့သူတို့ဘာမှမကူညီပေးနိုင်ပေ
ဝမ်ကျီခုရင်းနဲ့သူ့ရဲအဆောင်တော်အခန်းထောင့်လေး၌ထိုင်မှိုင်နေမိ၏
"လွမ်းတယ်ရင်း ရင်းကိုယ့်ကိုယ်မထားခဲ့ဘူးမလား ပြန်လာပါကွာ"
"မြေးတော်"
"မယ်တော်ကြီး ဟင့်"
"မငိုနဲ့ကလေးမငိုပါနဲ့ကွယ် မြေးတော်မှာသမီးတော်လေးရှိသေးတယ်နော် မြေးငယ်လေးမပျောက်ကွယ်ခင်မြေးတော်ကိုဘာမှာကြားခဲ့လဲ"
"ဟုတ် ဟုတ်တယ် သမီးလေးကိုစောင့်ရှောက်ဖို့မှာသွားတယ်"
"သမီးလေးကိုမြေးတော်စောင့်ရှောက်ဖို့မယ်တော်ကြီူခေါ်လာတယ် ရော့မယ်တော်ကြီးရဲ့မြစ်လေး"
ဖြူဖွေးပြီးလုံးတစ်နေတဲ့သမီးတော်လေးကိုလက်လွှဲယူကာသမီးလေးရဲ့မျက်နှာနုနုကိုနမ်းရှိုက်ကာ
"သမီးတော်လေးရဲ့မုချင်းကခမည်းတော်တို့သားအဖကိုထားသွားခဲ့ပီ"
"အယ့် အယ့်"
"စိတ်ချ သမီးတော်လေးကိုခမည်းတော်ကအကောင်းဆုံးစောင့်ရှောက်သွားမှာ"
ထိုအချိန်ကနေစပြီးလန်မင်းသားဟာအပြောင်းလဲကြီးပြောင်းလဲကာအလွန်ရက်စက်လှ၏ သူနူးညံ့စွာဆက်ဆံသူဆို၍သမီးတေည်လေးနှင့်အကိုတော်ယောက်ဖတော်တို့သာ
သွေးအေးရက်စက်လွန်းတဲ့လန်ဝမ်ကျီကိုပြည့်ကာ
"ရှင်မ သားတော်ဆီသွားကြရအောင် ဒီလိူဆိုလူတွေဒုက္ခရောက်နိုင်သလိုသားတော်ရဲ့စိတ်ကလည်းပိုခက်ထန်သွားနိုငိတယ်"
"ဟုတ်တယ်"
ပန်းဥယျာဥ်တော်မှဇာမဏီငှက်သခင်နှင့်ပန်းနတ်သမီးတိူ့ဟာမိမိတိူ့နန်ဆောင်ကပျောက်ကွယ်ကာဝမ်ကျီရှိနေရာသို့ပေါ်လာတော့၏
"မယ်တော် ခမည်းတော်"
"သမီးတော်လေး ဒါသမီးတော်လေးရဲဘိုးတော်နဲ့ဘွားတော် ဂါဝရပြူချေ"
"တွေ့ရတာဝမ်းသာပါတယ်ရှင့် သမီးနမည်လန်ရင်းပါ"
"လိမ္မာလိုက်တာ"
"သားတော် မိုက်တာတွေရပ်သင့်ပီကွယ်ကြာရင်သားတော်ကိုလူတွေရွံမုန်းဖြစ်နေကြမယ်"
"ဟင့် ကျွန်တော် "
"သားတော်မေ့နေတာလား"
"ဘာကိုလဲခမည်းတော်"
"ဝေ့ရင်းဟာဇာမဏီငှက်တကောင် ဇာအဏီငှက်တွေဟာပြန်လည်မွေးဖွားတတ်တယ် ဒါပေမဲ့သားတော်လေးဟာဒဏ်ရာအကြီးကျယ်ရတာကြောင့်ပြီးတော့မယ်တော့်စွမ်းအင်ကိုအကုန်သုံးပစ်ပီးတာတွေကြောင့်အာရုံခံလို့တော့မရဘူး တနေရာမှာပြန်လည်မွေးဖွားနိုင်တယ် သားတော်ရှာနိုင်တယ်ဆိုရင်ထွက်ရှာဖို့တိုက်တွန်းချင်တယ်သားတော်"
"တ တကယ်နော် ရင်းကပြန်လည်မွေးဖွားနိုင်တာပေါ့ ရှာမယ် သမီးတော်လေးနဲ့ကျွန်တော်မတွေ့တွေ့အောင်ရှာမယ် လက်မလျော့ဘူးလသမီးတော် ဖုချင်းနဲ့လိုက်မှာလား"
"ရင်းရင်းကဖုချင်းနဲ့အမြဲတမ်းအဖော်ပြုပေးမှာ"
"အင်း"
အကုိတော်ကိုအကြောင်းစုံပြောပြကာရင်းကိုရှာဖွေဖို့အတွက်သမီစလေးနဲ့အတူထွက်ခဲ့၏ စစ်ကျွေးတို့ကလိုက်ချင်သော်လည်းနန်တော်၌သာစောင့်နေရန်မှာကြားခဲ့သလိုအကိုတော်ကလည်းနားလည်စွာတားမြစ်ခြင်းမရှိပဲခွင့်ပြုပေး၏
"ရင်း ကိုယ်ရင်းကိုလာရှာပြီနော် ပြန်လည်မွေးဖွားပေးပါရင်းရယ် သမီးလေးနဲ့ကိုယ့်အတွက်ရင်းပြန်ရှင်သန်နေပေးပါ ချစ်တယ်ရင်း ကိုယ်ဘယ်တော့မှလက်မလျော့ဘူး ပြီးတော့ယုံကြည်တယ်ကိုယ့်ကိုမထားခဲ့ဘူးဆိုတာ"
ရှီးချန်နှင့်ကျန်းချန်ကတော့ထွက်သွားသောကျောပြင်လေးနှစိခုကိုမျက်စိအောက်ကပျောက်ကွယ်သည်အထိနန်တော်တံတိုင်းမှကြည့်ကာသက်ပြင်းချလိုက်၏
☂☂☂☂☂
တိုသွားရင်ဆောရီပါသိပ်နေမကောင်းချင်လို့ပါ
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...