ဝေ့ရင်းကြာကန်ဘောင်မှာထိုင်နေရင်သငးနေမိ၏ အစကတော့ဘဝအမှန်လေးမှာနေပြီးအကိုတော်အမတော်ခမည်းတော်တို့နဲ့ပျော်ရွှင်စွာနေမယ်လို့စဥ်းစားထားသမျှခုချိန်မှာတော့အကုန်သဲထဲရေသွန်သလိုဖြစ်နေချေပီ တယောက်တည်းသက်ပြင်းများသာချနေမိတဲ့အချိန်မိမိခါးသို့ဖက်တွယ်လာသောကြီးမားလှတဲ့လက်တစုံကြောင့်ခန္ဓာကိုယိလေးဟာတုန်ယင်သွားခဲ့ရ၏
မိမိကိုခုလိုကိုယ်လက်ရဲတင်းစွာပြုမူသူတွေဘယ်သူဆိုတာမတွေးပဲနဲ့တောင်သိနိုင်သောလူတယောက်
"ဘာ ဘာလာလုပ်တာလဲလန်မင်းသား"
"အိုး ကိူယ့်ချစ်သူဆီကိုယ်လာတာဘာလာလုပ်ရမာလဲ ရင်းကိုလွမ်းလို့တွေ့ချင်လို့ပေါ့"
"အပြုမူဆင်ခြင်ပါမင်းသား "
"ရင်းကိုယ့်ကိုစိတ်တိုအောင်မလုပ်နဲ့ ရင်းကိုချစ်လို့ဒီလောက်သည်းခံနေတာနော် တခြားသူတယောက်သာဆိုရင်ကိုယ်ဒီနေရာမှာသတ်ပစ်ပြီ ကိုယ့်ကိုငြင်းဆန်ရဲတာလောက်ကိုယ်မုန်းတာမရှိဘူး"
မိမိခြိမ်းခြောက်စကားကြောင်းရုန်းကန်တွန်းလွှတ်နေတဲ့လက်လေးတွေဟာငြိမ်သက်သွားခဲ့၏ သူလေးကြောက်တတ်မှန်းသိလိူ့တမင်ခြောက်လိုက်ရခြင်းစိတ်မကောင်းပေမဲ့သူလေးငြိမ်အောင်ခြိမ်းခြောက်တာအပြင်မရှိပေ
လည်တိုင်လေးတလျှောက်နမ်းရှိုက်ကာနေတော့ရှက်လို့ထင်ပါရဲ့မိမိရင်ခွင်ထဲတိုးဝင်လာသောအလုံးလေး
"ရင်းကိုကိုယ်ပြောစရာရှိတယ်"
"ဟုတ် ဟုတ်ကဲ့ "
"ရင်းကိုတောင်းပေးဖို့ခမည်းတော်တို့ကိုစာလွှာပို့လိုက်ပြီ"
"ဗျာ ဟင့်အင်း မဖြစ်နိုင်ဘူး ရင်းလန်မင်သားကိုလက်မထပ်နိုင်ဘူး"
"ရင်း"
"ရင်းကယောကျ်ားလေးပါ ဒါကို ဒါကိုမင်းသားကမျက်နှာငယ်အောင်လုပ်ချင်နေတာလား"
"ရင်းကိူချစ်လို့လေ ရင်းလက်မခံရင်စစ်ဖြစ်ရုံပဲ ဒါပဲကိုယ်ပြောချင်တာ"
ပြောချင်ရာပြောပြီးထွက်သွားသောလန်မင်းသားအားမျက်ရည်အဝဲသားငေးကြည့်နေရင်းပင်ရသ်းတယောက်လဲကျသွား၏
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...