"မယ်တော်ကြီးကြွချီလာပါတယ်"
"နေနေ ငါကလေးလေးဆီငါ့ဘာသာဝင်သွားမယ်မလိုက်ခဲ့နဲ့"
"မယ်တော်ကြီး လွမ်းနေတာ"
မယ်တော်ကြီးကိုမြင်တာနဲ့ရင်ခွင်ထဲတိုးဝငိနေသောကြောင်ပေါက်လေး
"မယ်တော်ကြီးလည်းသတိရတာပေါ့ကွယ် နေရထိုင်ရတာသက်သာရဲ့လား "
"ဟုတ် ဒါပေမဲ့လေ"
"အွမ်း ကလေးလေးကဘာစားချင်လို့လဲ "
"ဟီးး ဥယျာဥ်တော်ထဲကမက်မွန်သီးလတ်လတ်ဆတ်ဆတ်တေစားချင်တာ"
"ငါ့မြေးတော်အကြောင်းသိလို့ခူးခဲ့ပါတယ်ကွယ် အထိန်းတော်ကြီးမက်မွန်သီးတွေကိုလာဆက်သချေ"
"အာ့ကြောင့်မယ်တော်ကြီးကိုချစ်တာ မွ"
"အချွဲလေး"
"ဟီးးး"
မိမိရှေ့တင်မက်မွန်သီးတွေကိုအားရပါးရကလေးတယောက်လိုစားနေသောကလေးကိုကြည့်ကာသူမပြုံးလိုက်မိ၏ တကယ့်အဖြူထည်လေး မိဖုရားဖြစ်နေပေမဲ့မောက်မာမှုမရှိတဲ့ကလေး မိမိမြေးငယ်အိမ်ထောင်ကံကောင်းတာပဲ အစကမိမိမှာအေးဆေးလိမ္မာတဲ့ရှီးချန်အတွက်စိတ်မပူပေမဲ့ရှုပ်ပွေကာရက်စက်တတ်တဲ့မြေးငယ်အတွက်စိတ်ပူနေခဲ့ရတာ ခုတော့စိတ်အေးရပါပီလေ
"ကဲ မယ်တော်ကြီးပြန်တော့မယ်နောက်နေ့မှလာခဲ့မယ်နော်"
"ဟုတ် ဂရုစိုက်ရမယ်နော် မယ်တော်ကြီး ရင်းရဲ့ကလေးလေးကိုထိန်းပေးမှာမလား"
"လုံးဝကိုအမှန်ကန်ပဲပေါ့"
"ဟီးး"
"အဆိုးဆာလေး မယ်တော်ကြီးကိုချွဲနေတာပေါ့"
"အွန်း မယ်တော်ကြီး ကလေရင်းကလေးလေးကိုထိန်းပေးမယ်တဲ့ခ်ခ်"
ကိူယ်ဝန်ရလာမှပိုချွဲပိုချစ်စရာကောင်းလာတဲ့ရင်းကိုလန်ကျန့်ဘယ်လိုမှပသ်ချစ်မဝ
ဗိုက်ပူလေးနှင့်ရင်းကဘယ်မှမထွက်တာကြောင့်တကယ့်ကလေးငယ်အတိုင်းပင် ဖြူအုကာဖောင်းတတ်နေတဲ့ပါးလေးတွေကသိပ်ကိုအူယားစရာကောင်း၏ ရင်းကိုစိတ်ပူတယကြောင့်မိမိမပါလျှင်ဘယ်ကိမှမထွက်စေရပေ မည်သူနှင့်မှလည်းစိတ်မချ ရင်းသာသူ့ဘဝမိူ့ရင်းတခုခုဖြစ်ဖို့အခွင့်ရေးမပေးနိုင်ချေ
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...