"ရင်း တကယ်ကောသက်သာရဲ့လား "
"ရင်းတကယ်သက်သာပါတယ် မစိုးရိမ်နဲ့နော် မွ"
"ကိူယ်လေရင်းကိုစွန့်လွှတ်လိုက်ရပြီထင်ခဲ့တာ ကျေးဇူးတင်ပါတယ် ကိုယ့်ဆီပြန်လာပေးလို့"
"ရင်းကလေ လန်ကျန့်ကိုဘယ်တော့မှခွဲမသွားဘူး"
"ကိုယ်ယုံတယ်"
"အယ့် အယ့်"
"ဟားဟား သမီးလေးကပါထောက်ခံနေတာလား ဟုတ်လားဟင်သမီးလေး"
"သမီးလေးကရင်းနဲ့သိပ်တူတယ်"
"အင်း လန်ကျန့်နဲ့နှာခေါင်းလေးတေနှုတ်ခမ်းလေးတွေတူတယ် ချစ်ဖို့ကောင်းလိုကိတာ"
"ဝုန်း"
"ငါကိုယ်တော်အဆောင်ကိုခွင့်....အာ မယ်တော်ကြီး"
တခြားလူဆိုအော်ငေါက်ဖို့ပြောလိုက်ပေမဲ့မယ်တော်ကြီးဖြစ်နေတာကြောင့်ပြောစကားပင်ရပ်သွားရ၏
"အမလေး ငါ့မြေးငယ်လေး မသေဘူး ဘုရားသိကြားမတာပဲ ကျေးဇူးတင်ပါတယ် နတ်မင်းတိူ့ရယ်"
ရင်းကိုပွေ့ဖက်ကာတရစပ်ပြောနေသောမယ်တော်ကြီးကိူကြည့်ကာရင်းပြုံးနေမိ၏ မယ်တော်ကြီးကသူ့ကိုသိပ်ချစ်တာ
"ရင်းကမယ်တော်ကြီးကိုလွမ်းနေတာ"
"မယ်တော်ကြီးကလည်းလွမ်းပါသတဲ့ တချို့တွေကတော့ပိုဆိုးကြတာပေါ့လေ"
လန်ကျန့်ကိုမျက်စောင်းထိုးကာပြောနေသောမယ်တော်ကြီးကြောင့်ရင်းရယ်လိုက်မိ၏
"မြေးငယ်ဒီကလေးကိုထားမသွားတာကျေးဇူးအရမ်းတင်တယ် မြေးငယ်သေပီလို့အားလုံးပြောတဲ့အချိန် ဒီကလေးအရူးတပိုင်းလိူဖြစ်သွားတာ"
"မယ်တော်ကြီးကလည်း"
"ဘာလဲငါပြောတာမှားလိူ့လား"
မိမိကိုမျက်စောင်းတထိုးထိုးရန်လုပ်နေသောမယ်တော်ကြီးကိုဘာမှမပြောနိုင်တော့ပဲဘေးကနေသာထိုင်ကြည့်နေရတော့၏
"မြေးငယ် နောက်နေ့မယ်တော်ကြီးဆီအလည်လာအုံးနော် ခုတော့ပြန်တော့မယ် တချို့သောသူတွေအကြည့်ကပြာကျမတတ်ပဲ"
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...