"အကြိုက်ပဲကွာ ဝေ့တိုင်းပြည်ကအချောအလှတွေများလှပါပေ့"
"အင်း သိပ်လှကြတယ်"
"ဝမ်ကျီ မင်းအကြိုက်တွေပဲလေ ဘာလို့စိတ်မပါသလိုလုပ်နေတာလဲ"
"ငါတွေ့ချင်နေတဲ့လူဟာသူတိူ့တွေမဟုတ်ဘူးလေ ငါတွေ့ချင်တာက...."
စကားကိုဆုံးအောင်မပြောပဲမဲ့ပြုံးပြုံးနေသောဝမ်ကျီကိုကြည့်ကာရွယ်ရန်ခေါင်းခါမိ၏
ဟက် ဝေ့အိမ်ရှေ့စံကသိပ်လည်တာပဲ သူ့ညီမတော်ကိုတွေ့မှာမေးမှာစိူးလို့အပျိုတော်တွေကချေသည်တွေကိုပေါပေါသီသီထားပေးနေတာ ဝမ်ကျီ သိတာပေါ့ ဘယ်လိုလုပ်မလဲအိမ်ရှေ့စံ ငါလန်ကျန့်ကမထိစေချင်တာကိုမှထိချင်တာ မတွေ့စေချင်တာကိုမှတွေ့ချင်တာ
"အိမ်ရှေ့စံကြွလာပါတယ်"
"အဆင်ပြေရဲ့လား မင်းသား"
"ပြေပါတယ်အိမ်ရှေ့စံ ကျေးဇူးလည်းတင်ပါတယ်#
"မလိုပါဘူး အိမ်ရှေ့စံအဆင်ပြေရင်ရပါပီ ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ပါ "
ကျန်းချန်ခုမှပဲစိတ်အေးသွားရ၏ လူရှုပ်လူပွေလန်မင်းသားကမိမိညီတော်ကိုတွေ့သွားမှာကိုကျန်းချန်ကြောက်၏ ဖြူစင်လွန်းတဲ့ညီတော်လေးကိုမျက်နှာများတဲ့လောကကြီးနှင့်ပင်မိတ်ဆက်ပေးခြင်းမပြုချင်ပေ လန်မင်းသားလှုက်ရှားမှုတစုံတရာပြုမည်စိုးတာကြောင့်အမြဲစောင့်ကြည့်ခိုင်းနေရ၏ ခုတော့ညီတော်ကိုတွေ့ချင်တဲ့စိတ်မရှိတော့ဘူးထင်ပါရဲ့ အပျော်အပါးတွေနဲ့သာကုန်ဆုံးနေခဲ့၏ ဒါသိပ်ကောင်းတဲ့အချက်ပဲ ဘာပဲြဖစ်ဖြစ်စိတ်ပူရတာသက်သာတာပေါ့
"ကျင်းလင်"
"ပြောပါမင်းသမီးလေး"
"အာ ရင်းကမိန်းကလေးမှမဟုတ်တာ ဝေ့ရသ်းလိူ့ခေါ်"
"မသင့်လို့ပါမင်းသမီးလေး"
"အင့် ဟင့် "
"အာ ခေါ် ခေါ်မယ်နော်မငိုနဲ့တော့မင်း အာ ဝေ့ရင်း"
"ဟီး..."
ငိုလိုက်ရယ်လိုက်နှင့်ပြသနာသေးသေးလေးရှာနေသောမိမိတို့ရဲ့မင်းသားငယ်လေး သိပ်သနားစရာကောင်းတယ် အတိတ်နမိတ်တွေကြောင့်ဘဝအမှန်ကိုဖုံးကွယ်ပြီးမိမိတို့သုံးယောက်နှင်သာကြီးပြင်းလာရသူ မင်းသားနဲ့မင်းသမီးကတော့သူတို့အငယ်လေးအားသိပ်ချစ်ကြတဲ့အပြင်ဘဝမှန်ကိုချပြနိုင်ပြီးလွတ်လွတ်လပ်လပ်အများနည်းတူနေရအောင်ကြိုးစားနေကြ၏ မကြာတော့လောက်ပါဘူး မိမိတို့မင်းသားလေးမကြာခင်လွတ်လပ်တော့မှာပါ
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...