"ဟင် မင်း မင်းက"
"ဟုတ် ဟုတ်တယ် ခုမြင်ပြီမလား ရင်းကယောကျ်ားလေးတယောက်ပါ ဒါကြောင့်ထွက်သွားလိုက်ပါတော့"
"ဒါမင်းရဲ့လျို့ဝှက်ချက်လား အိုး မဟုတ်ဘူးမင်းတိူ့တိုင်းပြည်ရဲ့လျို့ဝှက်ချက်ပဲ "
"ထွက်သွားပါတော့လန်မင်းသား"
"ကိုယ်မထွက်သွားန်ုင်ဘူး မင်းလေးကိုကိုယ်လိုချင်တယ်"
"လန်မင်းသားကဘာလဲယောကျ်ားလေးတယောက်ဖြစ်နေရဲ့တောင်မရှောင်နိုင်ဘူးလား"
#ဟားဟား အဲတော့ဘာဖြစ်လဲရင်းလေးရဲ့ ဟုတ်ပီလေ ရင်းကကိုယ့်ကိုငြင်းမှတော့ကိုယ်ကလည်းကိုယ်သိတဲ့လျို့ဝှက်ချက်ကိူဖော်ထုတ်လိုက်ရုံပဲ"
"ဟင့်အင်း မလုပ်ပါနဲ့ခမည်းတော်တို့ဒက္ခရောက်ကုန်လိမ့်မယ် မလုပ်ပါနဲ့ရင်း ရင်းဒီလိုတောင်းပန်ပါတယ်နော်"
မျက်ရည်များကျကာမိမိကိုဒူးထောက်၍လက်အုပ်ချီတောင်းပန်နေသော မိမိရဲ့အသည်းညှာလေးအားမကြည့်ရက်ပေမဲ့ခုလိုခြိမ်းခြောက်မှသာမိမိရနိုင်မှာဖြစ်တဲ့အတွက်ရင်းကိုမထူမိအောင်ကြိုးစားလိုင်ရ၏
"ဒါဆိုကိူယ့်ကိုလက်ခံလိုက်လေ"
"မ မဖြစ်နိုင်တာလန်မင်းသားရယ် ရင်း ရင်းကယောကျ်ားလေးတယောက်ပါ ပြီး ပြီးတော့ ရင်းကမကြာခင် ဘဝမှန်ကို..."
"ဒါဆိုလဲ ကိုယ်သွားပြီ ဟက်"
ထွက်သွားမည့်ဟန်ပြင်နေတဲ့မိမိလက်ကိုအတင်းဆွဲထားသောအလှနတ်ဘုရားလေး မျက်ရည်တို့စိုရွှဲနေတဲ့မျက်နှာလေးကမိမိကိုနမ်းလှည့်ပါဟုခေါ်နေသယောင်ယောင် ဆွဲနမ်းပစ်ချင်စိတ်ကိုမနည်းထိန်းထားရ၏
ထိန်းထားလန်ကျန့် မင်းမထိန်စထားရင်ရင်းလေးကိုမင်းရမှာမဟုတ်ဘူး ဟုမိမိကိုယ်ကိူယ်အားပေးနေလိုက်၏
မိမိကိုယ်ကိုယ်လည်းအံ့သြမိ၏ အရင်ကဆိုဘယ်မိန်းမယောကျ်ားကိုမှမျက်စိထဲမထည့် ပျော်ပါးရုံလောက်သာဆိုပေမဲ့ရင်းကိုတော့မိမိမြင်မြင်ခြင်းအမှန်တကယ်ချစ်ခဲ့မိစွဲလမ်းခဲ့မိတာပင် ဒါကိုကြားရတဲ့သူတွေအဖို့ဟားတိုက်စရာဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့တကယ်ကိုရင်းလေးကိုချစ်မိခဲ့မြတ်နိုးခဲ့မိခြင်းပင်
YOU ARE READING
ကြမ္မာစေရာ Completed
Historical Fiction"ကိုယ်တော်ကမင်းလေးကိုသိပ်ချစ်တာ မင်းလေးကိုဘယ်သူမှမမြင်တဲ့နေရာဆီမှာဖွက်ထားချင်တာ ကိုယ်တော်ကအတ္တကြီးတယ်လို့ဆိုလေမလား ကိုယ်တော်မင်းလေးကိုသိပ်ချစ်တယ်" "လန်ဝမ်ကျီ "အရှင့်ကိုချစ်တယ် ဒါပေမဲ့မဖြစ်နိုင်တဲ့လမ်းမို့ဆက်မလျှောက်ချင်ဘူးအရှင်" ဝေ့ဝူရှန့် "ငါမှမရရင...