ep 13

1.8K 108 0
                                    

"ဝါး လှလိုက်တာ ပျော်စရာကြီးနော်လန်ကျန့်"

"အင်း ရင်းသဘောကျလား"

"များကြီး များကြီးသဘောကျတယ် ခ်ခ်"

သူသဘောကျကြောင်းပျော်ကြောင်းကိုလက်ဟန်များဖြင့်ပြနေသောရင်းဟာပီဘိကလေးတယောက်နှယ်

"ရင်းဘာဖြစ်လို့လဲ ပြောပါအုံး"

ချက်ချင်းမှိုင်ကျသွားသောရင်းကိုလန်ကျန့်စိတ်ပူစွာမေးလိုက်၏

"ရင်း ရင်း ဟိုဟာစားချင်တယ် ခူး ခူးလို့မရလောက်ဘူး ရေတံခွန်ကိုကျော်ရမှာဆိုတော့"

"ဘာများလဲလို့ ရင်းရယ် ကိူယ်ခူးပေးမှာပေါ့"

"ဟင့်အင်း မခူးပါနဲ့ အန္တရာယ်များတယ်"

"ဘာမှမဖြစ်ဘူးနော်"

လန်ကျန့် ကိုယ်ဖော့ကာထိုမက်မွန်ပင်ဆီသို့သွားကာမက်မွမ်သီးများခူးလိုက်၏ ကြီးပြီးရဲနေတဲ့မက်မွန်သီးများကိုသာရွေးချယ်ပြီးခူးလိုက်တာဝတ်ရုံကိုခံထားတဲ့အဝတ်ကလည်းအပြည့် ဒါဆိုရင်းဝလောက်ပါရဲ့

"ရင်း "

လှလိုက်တာ ကိုယ်ဖော့သိုင်းကိုကျွမ်းကျင်စွာသုံးသွားတာ ရင်း ကျမတတ်ဘူး မတရားလိုက်တာ

"ရင်း...ရင်း"

"ဟင် ဘာ ဘာလဲ"

"ဒီမှာမက်မွန်သီးတွေ သဘောကျရဲ့လား"

"ဝါး အကြီးကြီးတွေပဲ သဘောကျတယ်"

""ကြိုက်တယ်လန်ကျန့် လန်ကျန့်အကောင်းဆုံး ချစ်တယ် ရင်းကလန်ကျန့်ကိုချစ်တယ်နော် သိထားပေး ချစ်တယ် ချစ်တယ်" "

နားထဲကြားယောင်လာသောအသံများ ဘယ်သူကပြောနေတာလဲ ဘာတွေလဲ

"ရင်း ရင်း"

"အားးးးးးး"

"ရင်း"

မိမိလက်ပေါ်ခွေကျသွားသောရင်း ကို ပွေ့ချီကာနန်းဆောင်သို့အပြေးနှင်မိ၏ မက်မွန်သီးလေးတွေကတော့သူတိူ့သခင်တွေရဲ့ပစ်ပယ်ခြင်းကိုခံလိုက်ရလေရဲ့

"အထိန်းတော်ကြီး အမြန် အမြန် သမားတော်သွားခေါ်"

"စစ်ကျွေး ရင်း ခုလိုအရင်ကဖြစ်ဖူးလား"

ကြမ္မာစေရာ CompletedWhere stories live. Discover now