၁၃။ ရွှေပေါ်မြတင် (၁၃)

2.2K 324 0
                                    

ရွှေပေါ်မြတင် (၁၃)

~~~~~~~~~~~~~~

အနောက်ဘက် ကပွဲခန်းမ ဥရောပအဆောက်အဦများအတိုင်း ပြင်ဆင်ထားသည်။ ခန်းမဧရိယာက သိပ်မကျယ်ဝန်းသော်ငြား ဖိတ်စာလက်ခံရရှိ၍ တက်ရောက်ခွင့်ရသူများမှာ နိုင်ငံတစ်ဝှမ်း ကြွယ်ဝမှုအဆင့် ထိပ်တန်း ၅ဝဝအတွင်းရှိ မိသားစုများမှ ဆင်းသက်လာကြသူများဖြစ်ကြသည်။ ထိုမိသားစုဖွား သားသမီးတိုင်းကလည်း ဤတက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခြင်းမရှိတော့ဘဲ နိုင်ငံရပ်ခြား၌ ပညာတော်သင်သွားကြသူ များလေသည်။

ထို့ကြောင့် ပွဲလာတက်မည့်သူ သိပ်မများ။ သူတို့ ခေါ်လာမည့် အဖော်များကို ထည့်ရေတွက်ရလျှင်တောင်မှ စုစုပေါင်းဦးရေ တစ်ရာမပြည့်တတ်ပေ။

ရှီရှန်းကတော့ မည်သည့်အဖော်ကိုမှ မခေါ်ခဲ့သည်မို့ ထောင့်နားလေးတွင် တစ်ယောက်တည်း ရပ်ကာ လူအုပ်အတွင်းရှိ မျက်နှာများကို ငေးနေလိုက်သည်။ ဒီလူများ မျက်နှာဖုံးကိုယ်စီနှင့် ဟန်ဆောင်နေကြသည်။ ထိုဟန်ဆောင်မျက်နှာဖုံးများနောက်ကွယ်၌ တကယ့်ခံစားချက်အစစ်အမှန် မည်သို့ရှိသည်ကို ဘယ်သူကများ သိနိုင်ပါ့မလဲ။

သို့ရာတွင် ရှီရှန်း၏ ရှုထောင့်မှာ အဝေးမှ ကြည့်နေသည့်သူဖြစ်သည့်အလျောက် ထိုသူတို့ လူအလစ်တွင် ဖော်ပြတတ်သည့် မျက်နှာထားပေါ်က ရွံရှာအထင်သေးမှုများ၊ မနာလို မစ္ဆရိယစိတ်များ၊ အားကျမှုများကို အလွယ်တကူ တွေ့မြင်နိုင်လေသည်။

"ဘာတွေကို ဒီလောက် ထက်ထက်သန်သန် ကြည့်နေတာလဲ"

ကျက်သရေရှိ ချိုအေးသော အမျိုးသမီးသံတစ်သံ ရှီရှန်း၏ နံဘေးဆီမှ ပေါ်ထွက်လာသည်။

ရှောင်းဝေ့သည် မိမိ၏ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို အသားပေးဖော်ပြထားသည့် ကိုယ်ကြပ်ပွဲတက်ဝတ်စုံ ဝတ်ဆင်လာသည်။ မိတ်ကပ်အပြင်အဆင်ကလည်း ထူးထူးခြားခြားလှပနေသည်။ ဆံပင်ကို လှိုင်းတွန့် အကောက်အလိပ်ကြီးများ ကောက်ထားရာ သူမ လှုပ်ရှားလေတိုင်း ဆွဲဆောင်မှုအပြည့်နှင့် ညှို့ဓာတ်ပြင်းနေလေသည်။ ကြံ့ခိုင်ထက်မြက်သော ယုံကြည်ချက်ရှိသော အမျိုးသမီးတစ်ယောက်အဖြစ် သူမ၏ အသွင်ကို ပံ့ပိုးပေးရာရောက်နေ၏။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now