၇၈။ ဇာမဏီ၏ ခွန်းသံသာ (၂၇)

1.1K 231 1
                                    

ဇာမဏီ၏ ခွန်းသံသာ (၂၇)
~~~~~~~~~~~~~~~~~~~

မူလက လူအုပ်ကြီးစုရုံးနေခဲ့သော ဝန်းကျင်သည် ယခုတော့ ပြောင်သလင်းခါသွားလေသည်။ လူရိပ်အယောင်ကလေး တစွန်းတစပင် မတွေ့ရနိုင်တော့။

ထိုနေရာ၌ တိမ်မြူခိုးများလည်း မရှိ၊ ဗိမာန်နန်းဆောင်များလည်း မရှိ။ (ယခု လူသူကင်းမဲ့နေသော) ကျောက်စိမ်းပြားခင်း စင်္ကြံကြီးသာရှိသည်။ ထိုကျောက်စိမ်းစင်္ကြံအလယ်၌ ကောင်းကင်ဘုံသို့တက်ရောက်လာသူများ လာရာစင်္ကြံသာ ရှိသည်။

အဝေးတစ်နေရာဆီမှ တောင်တန်းများဘက်တွင်မူ အဆောက်အဦဆောင်နန်းများ၏ မှုန်ပြပြအရိပ်ကို တွေ့နိုင်သည်။

ဘာကိုမှ ဂရုမစိုက်သော ဖုန်းစီကတော့ ရှီရှန်းလက်ဆွဲကာ ကောင်းကင်ဘုံသို့တက် စင်္ကြံပေါ်မှ ဆင်းလာလိုက်သည်။

"ဟိုလူတွေ ဒီကို ဘာလာလုပ်ကြတာလဲ..." ရှီရှန်း နားမလည်နိုင်တော့ မေးမိသည်။

"ကိုယ်လည်း မသိဘူး" ဖုန်းစီ ခေါင်းခါပြလိုက်သည်။

ရှီရှန်း၊ ". . ." 'နင် ကောင်းကင်ဘုံကလူဆိုတာရော သေချာသေးရဲ့လား...!'

ငြိမ်သက်သွားပြီဖြစ်သော ကောင်းကင်ဘုံတက်စင်္ကြံလည်း ရုတ်တရက် အလင်းကွက်တို့ဖြင့် ပြန်သက်ဝင်လာတော့သည်။ ရှီရှန်း မျက်မှောင်ကျုတ်ကာ လှည့်ကြည့်လိုက်သည်။ 'ထပ်တက်လာတဲ့သူ ရှိတာလား၊ ဘာလဲ ဒီနေ့က ဘုံတက်ဖို့ နေ့ထူးရက်မြတ်တွေ ဘာတွေများ ဖြစ်နေတာလား...'

သို့သော် အလင်းရောင်ကြားမှ ထွက်ပေါ်လာသူမှာ ရှီရှန်း သိပြီးသားသူ ယဲ့ချင်းချိုး ဖြစ်လေသည်။

'နင်က ငါ့ထက်အရင် တက်သွားတာမို့လား၊ ဘယ်လိုလုပ် ငါ့ထက်နောက်ကျမှ ရောက်လာတာလဲ၊ ဇာတ်လိုက်မ... နင်ဟာ ကောင်းကင်ဘုံတက်တဲ့ အစီအစဉ်ကိုတောင် ကမောက်ကမဖြစ်အောင် လုပ်နိုင်စွမ်းတယ်...!'

ယဲ့ချင်းချိုးလည်း ရှီရှန်းကိုတွေ့သည်။ သူမ မျက်နှာထားလည်း ချက်ချင်း ပုပ်သိုးသွားတော့သည်။ သူမက ရှီရှန်းကို မုန်းတီးစက်ဆုပ်စွာ မျက်စောင်းခဲနေလေတော့သည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now