၁၂၈ ။ ဆေးမှန်မှန်သောက် (၉)

1.1K 147 4
                                    

ဆေးမှန်မှန်သောက် (၉)

~~~~~~~~~~~~~~

"မင်းတို့တွေ ခုထိ ဖုရှောက်ကို ဘာမှမကျွေးနိုင်သေးဘူးလား" ဘယ်ကနေပေါ်လာမှန်းမသိ ဆရာဝန်က တည်ငြိမ်စွာဆိုပြီး တင်းကြပ်နေသော အငွေ့အသက်ကို လျစ်လျူရှုထားလေသည်။

"သူ ဘာမှမစားတာ ၃ရက်ရှိနေပြီ၊ ဒီလိုသာဆက်သွားနေရင် အသုဘပွဲအတွက် ကြိုတင်ပြင်ထားဖို့အကြံပေးတယ်"

ထိုသို့ပြောပြီးနောက် ဆရာဝန်က လူတိုင်းကို ပြန်တုံ့ပြန်ဖို့ အချိန်တောင်မပေးဘဲ ပြန်သွားလေသည်။ တကယ်လို့ တစ်စုံတစ်ယောက်သာ သေချာအနီးကပ်ကြည့်ရင် ဆရာဝန်က ထွက်ပြေးသွားသည့်ပုံဆိုတာ သိရလိမ့်မည်။

'ဆရာဝန်ဖြစ်ရတာလည်း အရမ်းခက်တယ်လေ၊ မင်းသိမှာပါ...

ငါဆိုလိုတာက ဒီလူနာကိုတွေ့ဖို့ လာလည်တဲ့လူတွေကိုပဲ ကြည့်ဦး! သူတို့တွေအကုန်လုံးက လူသတ်တော့မဲ့ ပုံစံတွေကြီး၊...ငါ လုံခြုံရေးအရင်ဆုံး ခေါ်သင့်တယ်လို့ ထင်တာပဲ၊'

ဦးလေးကျန်းနှင့် ရှီရှန်းက အချင်းချင်းစိန်းစိန်းဝါးဝါးကြည့်နေကြသည်။ ကိုယ်ရံတော်များက တစ်ခုခု ဖြစ်သွားဟန်ပင်။ သူတို့က ဦးလေးကျန်းကို သူမအားဝင်ခွင့်ပြုရန် တိုက်တွန်းကြလေတော့သည်။ နောက်ဆုံးတော့ ဦးလေးကျန်းမှာ တွန့်ဆုတ်စွာဖြင့် သူမကို ဝင်ခွင့်ပြုလိုက်သည်။ အခုလက်ရှိအရေးကြီးဆုံးက သူတို့သခင်လေး တစ်စုံတစ်ရာ စားရန်ဖြစ်သည်။

.....
အခန်းက ရှုပ်ပွနေ၏။ ဆေးဝါး အထောက်အကူပစ္စည်းကိရိယာတွေအကုန်လုံး လှဲချခံထားရကာ စောင်နှင့် ခေါင်းအုံးများမှာလည်း ကြမ်းပြင်တွင် ပွစာကျဲနေ၏။ ရန်ပွဲတစ်ပွဲ၏ နောက်ဆက်တွဲရလဒ်နှင့်ပင် တူနေသည်။

မွန်းကြပ်စရာ အနံ့တစ်မျိုးက လေထဲတွင် ပြည့်နေပြီး လူတစ်ယောက်ကို အသက်ရှူမရဖြစ်စေသည်။

အိပ်ရာခေါင်းရင်းကို မှီလျက် ဖုချင်းက လူနာဝတ်စုံ ဝတ်ထားသည်။ သူ့ခြေထောက်တစ်ဖက်က အိပ်ရာပေါ် ခြေချိတ်ထားပြီး လက်တစ်ဖက်က ဒူးတစ်ဖက်ပေါ်တင်ထား၏။သူက လက်ညှိုးနှင့် လက်ခလယ်ကြား စီးကရက်ကိုညှပ်ထားသည်။ မီးခိုးများက လေထဲတွင် ပျံ့ကာ သူ့နားရစ်ဝဲနေပြီး အိပ်မက်ဆန်သော ခံစားချက်မျိုး ပေးစွမ်းလေ၏။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now