၁၆။ ရွှေပေါ်မြတင် (၁၆)

2.2K 297 1
                                    

ရွှေပေါ်မြတင် (၁၆)
~~~~~~~~~~~~~

လူထွားကြီးက အခြားသူများ၏ မြင်ကွင်းကို ပိတ်ကာထားသကဲ့သို့ ဖြစ်နေသောကြောင့် သူမ ကိုင်ထားသည့်အရာကို မမြင်ရ။ အခန်းတွင်းကို လုံခြုံရေး စောင့်ကြည့်ကင်မရာအားကိုးဖြင့် ကြည့်နေသော အတွင်းရေးမှူးကမူ သူမ လက်ထဲကိုင်ထားသည့်အရာမှာ စစ်တပ်သုံး လက်ပစ်ဗုံးနှင့် ခပ်ဆင်ဆင်တူသော လက်ပစ်ဗုံးဖြစ်မှန်း ရှင်းရှင်းလင်းလင်း မြင်ရလေသည်။

လူထွားကြီး၏ အတွင်းစိတ်ဝယ်တော့ ဤသို့ တွေးနေမိလေသည်။ 'ဘုရား ဘုရား...! ဒီကောင်မလေး ဒါကြီး ဘယ်ကနေ ရလာတာလဲ...!'

"မင်း အဲ့ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ၊ သူ့ကို ကြိုးတုပ်လိုက်လေ...!" နန်ကုန်းကျင်း စိတ်မရှည်နိုင်တော့။ ထိုလူလည်း ချွေးစေးများပြန်လာရပြီးနောက် အနောက်မှလူများ ရှီရှန်း ကိုင်ထားသည့်အရာကို မြင်သာနိုင်စေရန် ဘေးသို့ ရွှေ့ပေးလိုက်တော့သည်။ 'အာ့ လက်ပစ်ဗုံးကြီးဟ၊ ငါက သူ့ကို ကြိုးတုပ်ရဲဦးမယ်လို့ ထင်သလား'

နန်ကုန်းကျင်းက ချက်ချင်း မျက်မှန်းတန်းမိတာမျိုး မရှိသော်လည်း လင်းဟောက်ကတော့ မြင်လိုက်သည်နှင့် သိသွားသည်။ သူ့မျက်နှာထားပြောင်းလဲသွားကာ စုယိယိကို ဆွဲခေါ်လျက် တံခါးဝမှ ဆုတ်သွားလေသည်။ "ရွှီချန်းယွဲ့ မင်း ရူးသွားပြီလား"

ရှီရှန်းကတော့ သူမ လက်ထဲကအရာနှင့် ပစ်မြှောက်ဆော့ကစားနေသည်။ သူမ မျက်နှာပေါ်မှာတော့ အထင်သေးရှုတ်ချမှုများက အထင်းသား။

"ကြည့်စမ်းပါဦး၊ နင်တို့တွေ ဒီဟာလေးလောက်နဲ့ ကြောက်သွားရတယ်လို့၊ ဒါက ကစားစရာလေးပါဟယ်... ငါ ခုနကမှ ဒီအခန်းထဲမှာတင် တွေ့ထားတာ"

လင်းဟောက်တစ်ယောက် သူမလက်ထဲမှ လက်ပစ်ဗုံးကို အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်တိုင်၊ အတုလော အစစ်လော မခွဲခြားနိုင်သေး။ သေသေချာချာ စေ့စေ့စပ်စပ် တွေးကြည့်ပါလျှင်မူ၊ သူမမှာ သူဌေးသမီး မမလေးတစ်ဦးသာဖြစ်သဖြင့် လက်ပစ်ဗုံးတစ်လုံး လက်ဝယ်ရထားစရာ အကြောင်း မရှိပေ။ ထိုမျှမက ဤအိမ်သို့ သူမကို ခေါ်လာခဲ့စဉ်က သူမကို ရှာဖွေစစ်ဆေးခြင်းများ လုပ်ထားပြီး ဖြစ်၍ ကိုယ်ပေါ်မှာ ဝှက်ယူလာသည်ဆိုတာကလည်း မဖြစ်နိုင်။ ဒီစံအိမ်မှာ သူ့မိခင်၏ အစ်ကို ပိုင်ဆိုင်သော အိမ်ဖြစ်ပြီး အိမ်ရှင်မှာ သားသမီးများလည်း ရှိသေးသည်။ 'ဖြစ်နိုင်တာက သူတို့ လာနေသွားတုန်းက ကလေးတွေ အရုပ်ကျန်ခဲ့တာများလား၊ ဒါ ဖြစ်နိုင်တယ်...'

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now