၄၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၄)

1.4K 219 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၄)

~~~~~~~~~~~~~~~~~~~~~~~~~~

ဝမ်ကျီလေး၏ ပရိသတ်များ ချက်ချင်းဆိုသလို အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး ရှီရှန်းကို သရော်လှောင်ပြောင်အပုပ်ချတော့မည့်သူများကို ပြန်နှိပ်ကွပ်ကြလေတော့သည်။ 'ကြည့်စမ်း၊ သူ့ အကောင့်က အသိအမှတ်ပြု အကောင့်မဟုတ်ဘူးဆိုရင်တောင် သူ့မှာ အစွမ်းရှိသေးတယ်။ ဒါကမှ ငါတို့ ဝမ်ကျီလေးရဲ့ ကျောထောက်နောက်ခံ စပွန်ဆာ ဖြစ်ထိုက်သူပဲ...!'

ဖန်းလီချိုး 'V' : စပွန်ဆာ ကွီး၊ ကျွန်မကိုလဲ ပံ့ပိုးပေးပါဦး...! // ကျန်းဝမ် 'V' : Goodnight စပွန်ဆာ-sama လုချင်းယွင်

ဆုယီရှို့ 'V' : စပွန်ဆာ-sama၊ ကျုပ်ကို လစာလေး ထုတ်ပေးဦး // ကျန်းဝမ် 'V' : Goodnight စပွန်ဆာ-sama လုချင်းယွင်

ဆုယီရှို့နှင့် ဖန်လီချိုးတို့ ကျန်းဝမ်၏ Post ကို share ပြီး ပြန်တင်ထားသည့် caption နှစ်ခုကြောင့် အွန်လိုင်းပေါ်မှာ ပိုပြီး သတင်းကြီးသွားရပြန်သည်။

ဖန်လီချိုးမှာလည်း ပရိသတ်အင်အား အတော်အတန်များသည်။ သူမ၏ post ကိုတွေ့တော့ သူတို့ တွေးကြတာက၊ 'ငါတို့ရဲ့ နတ်မိမယ်လေးက ဝေပေါ်မှာ စပွန်ဆာ ပေါ်တင်ကြီး လိုက်တောင်းနေတာလား၊ နတ်မိမယ်လေး အရမ်းပွင့်လင်းတာ သိတယ်ဆိုပေမဲ့... နည်းနည်းလေးတော့ ထိန်းထိန်းသိမ်းသိမ်း ရှိမှပေါ့... နော်လို့

ပြီးတော့ ဆုယီရှို့ဆိုတာ ယိုကျန်းအင်တာတိန်းမန့်ရဲ့ ဥက္ကဋ္ဌ မဟုတ်လား၊ သူကလဲ လခတောင်းနေတာဆိုတော့ ဒီလူက ဥက္ကဋ္ဌရဲ့ အလုပ်ရှင်ဆိုတဲ့ သဘောမဟုတ်လား။ ဘုရားရေ၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ လုချင်းယွင် ဘယ်သူဆိုတာ လာပြောပြပေးကြပါဦး...!!!'

သူ မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေဖော်ထုတ်လိုသူများ ရှိသော်လည်း ဘာမှ မစွမ်းသာနိုင်ဖြစ်နေလေသည်။ စင်စစ်၊ နာမည်တစ်ခုနှင့် ခပ်ဝါးဝါး ကိုယ်ဟန်သာပါသော ဓာတ်ပုံတစ်ပုံက သိပ်အသုံးမဝင်လှ။ ဖုန်းနံပါတ်တောင် မသိရသည်ကို ဘယ်လိုလုပ် စုံစမ်းနိုင်ပါ့မလဲ။ စုံစမ်း၍ ရမည်ဆိုဦးတော့ အချိန်တိုကလေးအတွင်း မဖြစ်နိုင်ပေ။ သို့ဖြစ်သောကြောင့်၊ ဤ scandle ကြီးတစ်ခုလုံးမှာ နာမည်ကျော်ဖို့အတွက် ဇာတ်တိုက်ထားခြင်းသာဖြစ်ပြီး ဖော်လိုဝါ စားရင်းမှာလဲ အတုသာဖြစ်သည်ဟု မလိုသူအချို့က သွားပုတ်လေလွင့် ပြောလာကြတော့လေသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Où les histoires vivent. Découvrez maintenant