၂၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၄)

1.8K 251 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၄)
~~~~~~~~~~~~~~~~~~~~~~~~

"ကုမ္ပဏီက [City Toppling]ရဲ့ ပရိုဂျူဆာတွေနဲ့ ပြဿနာကို ရှင်းပေးထားပြီးပေမဲ့ လျော်ကြေးကိုတော့

မင်းလခထဲက ဖြတ်ခလိမ့်မယ်"

သံသယနည်းနည်းရှိနေသောကြောင့် ဆက်မပြောခင် ခဏ ရပ်လိုက်သည်။

"ဇာတ်ညွှန်းက အတော်ဆိုးရွားတာကို၊ မင်းဘာလို့များ အဲဒါကို လက်ခံလိုက်တာလဲ"

ရှီရှန်းက ပခုံးတွန့်ပြသည်။

"အဲဒါ မီလန်လုပ်တာ။ ကျွန်မက အခုမှ ၁၈ဆင့်ပဲရှိတဲ့ တက်သစ်စမင်းသမီးလေးလေ။ ဘယ်လိုလုပ်ပြီး သိပ်တော်တဲ့ အေးဂျင့်ကြီးကို သဘောမတူဘူးလို့ သွားပြောရဲမှာလဲ"

ထိုစကားများကို ကြားပြီးနောက် သူမကိုရွေးပါဟု သူ့ကိုအကြံလာပေးသော ထိုမင်းသမီးအကြောင်းကို

ပို၍ သိချင်လာရသည်။

သူမကို စီစဉ်ပေးရသည့်တာဝန်ကို သူလွှဲပြောင်းယူလိုက် ရကတည်းက ကုမ္ပဏီမှ သူ့ကို ကိုယ်ပိုင်ရုံးခန်းတစ်ခု၊ လုပ်ပိုင်ခွင့်များနှင့် အခွင့်အာဏာများအားလုံးကို ပေးထားခဲ့သည်။ လက်အောက်တွင် မည်သည့် မင်းသားမင်းသမီးမှ မရှိသေးသည့် သူလိုအသစ်ကလေးအတွက်တော့ ဤသည်မှာ ကောင်းကင်က ပေးသည့် မဟာအခွင့်အရေးကြီးပင် ဖြစ်သည်။

တချို့သော အကြောင်းများကြောင့် သူအလိမ်ခံနေရသလို ခံစားမိသည်။ သို့သော် ထိုစိတ်ကို ဖျောက်လိုက်ကာ ရှီရှန်းကို ဇာတ်ညွှန်းသုံးခု လှမ်းပေးလိုက်သည်။

"ဒါတွေက ငါဇာတ်ညွှန်းတွေဖတ်ကြည့်ပြီးတော့ နောက်ဆုံးကျန်တဲ့ ဟာတွေပဲ"

ရှီရှန်းမရွေးခင် နာမည်တွေကို သာမန်ပဲဖတ်လိုက်သည်။

"ဒီတစ်ခု"

ထန်းယင် မကန့်ကွက်။ ထိုသုံးအုပ်မှာ သူ့စိတ်ကြိုက်ရွေးထားသော ဇာတ်ညွှန်းများ ဖြစ်သည်မို့ သူမ ဘာရွေးရွေးကိစ္စတော့ မရှိ။ သူမရွေးသည့်ဇာတ်ကလည်း ဆိုးတော့မဆိုးပေ။

ရှီရှန်းရွေးလိုက်သည့် စာအုပ်မှာ ရှမ်းရှဇာတ်လမ်းတွဲ တစ်ခုဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ဇာတ်အိမ် ဖွဲ့ထားသည်။ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုဖြစ်သည့် "ဂုဏ်ထူးဆောင်ဂိုဏ်း"သည် အစုလိုက်သတ်ဖြတ်ခြင်း ခံလိုက်ရကာ ချင်ရန်တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူ့ကို နတ်ဖြစ်ရန် ကျင့်ကြံနေသည့် မက်မွန်ပန်းဝိညာဉ်လေးက ကယ်ခဲ့သည်။ သူတို့နှစ်ယောက် ပူးပေါင်း၍ ဂိုဏ်တစ်ခုလုံး အသတ်ခံရမှု၏ နောက်ကွယ်မှ အမှန်တရားကို ကြိုးစား၍ ရှာဖွေကြသည့်ဇာတ် ဖြစ်သည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now