၈၀။ ဇာမဏီ၏ ခွန်းသံသာ (၂၉)

1.1K 182 0
                                    

ဇာမဏီ၏ ခွန်းသံသာ (၂၉)
~~~~~~~~~~~~~~~~~~~

ရှီရှန်း သူတို့နှစ်ယောက်ကို နားမလည်နိုင်စွာ ကြည့်ရင်း တွေးနေမိသည်။ 'နင် သူ့ကို ဖာ့ခ်မှာလား မဖာ့ခ်ဘူးလား...! ဘာတွေ လေကြော ဒီလောက်ရှည်နေရတာလဲ...! လုပ်စမ်းပါ ငါလေး ခုမှ live version ကြည့်ခွင့်ကြုံတာ...! မြန်မြန်လုပ်၊ စောက်ချိန်မဆွဲပဲ ငိုးစရာရှိ ငိုးလိုက်တော့...!!!'

သူမ၏ 'ရှိုးပွဲ'က နောက်ဆုံးတော့ စတင်လေသည်။ လုံကျွယ့်၏ ဒေါသတကြီး ဟိန်းဟောက်သံတို့လည်း ညည်းညူသံများအသွင်နှင့် တဖြည်းဖြည်း တိုးသိမ်သွားတော့လေသည်။ ယဲ့ချင်းချိုးကတော့ အတွေ့အကြုံရှိသူပီပီ ခက်ခဲနက်နဲသော အနေအထား နည်းလမ်းမျိုးစုံကို တစ်ခုပြီး တစ်ခု ဆက်တိုက်ဆိုသလို အသုံးပြုသွားလေသည်။ ရှီရှန်းမှာ ကျစ်ကနဲစုတ်ထိုးမိလေတော့သည်။ 'ဒါက ဟိုကျွန်းနိုင်ငံက ထွက်တဲ့ အပြာကားတွေထက်တောင် အဆင့်မြင့်သေးတယ်၊ စိတ်မကောင်းစရာက ကောင်လေးဘက်က လှုပ်တောင်မလှုပ်လို့...'

နှစ်ယောက်သား အားအင်ကုန်ခမ်းသွားတော့မှ ယဲ့ချင်းချိုး လုံကျွယ့်ကို ဆေးတစ်မျိုးထပ်တိုက်လိုက်ပြီး လုံကျွယ့် ဒေါသတကြီး အော်ဟစ်ဆဲဆိုနေသည်ကိုပင် မမှုဘဲ ဆွဲခေါ်သွားတော့လေသည်။

'ပွဲကြီးပွဲကောင်းပဲ...!'

သိပ်တော့ မကျေနပ်သေးသော်လည်း ရှီရှန်း ပြန်လှည့်ပြီး ဖုန်းစီရှိရာ ပြန်လာလိုက်သည်။ ဖုန်းစီကတော့ နန်းတော်ခန်းမဆောင်ရှေ့ လှေကားထိပ်က ရပ်ကာ မျှော်နေသည်။ ရှီရှန်းကို တွေ့သည်နှင့်၊ သူ လှေကားပေါ်က ပြေးဆင်းလာပြီးမှ ရုတ်တရက် ရပ်လိုက်လေသည်။

သူ ခပ်လှမ်းလှမ်းကပဲ ရပ်နေကာ သူမ သူ့ဆီ လျှောက်လာသည်ကိုသာ ရင်တမမနှင့် စောင့်နေလိုက်သည်။

"အားစီ... ငါ ပင်ပန်းနေပြီ" ရှီရှန်း ဖုန်းစီ အနားဆက်တိုးသွားပြီး သူ့ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ မနေ့ညက 'ကာယလေ့ကျင့်ခန်း' အကြာကြီး လုပ်ထားပြီးသည့်အပြင် လမ်းလည်း အဝေးကြီး လျှောက်ထားတော့ သူမ အမှန်တကယ်ပင် ပင်ပန်းနေလေပြီ။

ဖုန်းစီ ဘာလုပ်ရမယ်မှန်း မသိတော့။ သူ ရှီရှန်း မျက်နှာထားကို ချောင်းကြည့်လိုက်ပြီး မူမမှန်တာ မတွေ့တော့မှ သူမကို ပွေ့ချီကာ အိပ်ခန်းဆောင်ဘက် ပြန်ခေါ်လာခဲ့သည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now