၄၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၁)

1.5K 223 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၁)
~~~~~~~~~~~~~~~~~~~~~~~~~

နောက်ဆုံးတော့ အတူစားနေသူ အရေအတွက်က ရှစ်ယောက်အထိ တိုးလာခဲ့လေသည်။ ရှီရှန်း၊ ဟိုလေးယောက် အဖွဲ့၊ဆုယီရှို့၊ ဖန်လီချိုးနှင့် ဖန်လီချိုး၏ အေးဂျင့်။

ဖန်လီချိုးနှင့် ဆုယီရှို့၏ ဇာတ်လမ်းက နောက်ကြောင်းလိုက်မည်ဆိုလျှင် ၎င်းတို့ ကျောင်းနေဖက်အဖြစ် အတူတက်ခဲ့သည့် ဂျူနီယာအထက်တန်းအထိ ပြန်လိုက်လို့ရလေသည်။ ဆုယီရှို့ ပြည်ပထွက်ပြီး သိပ်မကြာခင်၊ ဖန်လီချိုးလည်း အမိမြေမှ ထွက်ခွာသွားခဲ့သည်။ သူတို့နှစ်ယောက် မတူညီသော နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသဖြင့် မတွေ့ဖြစ်ခဲ့သည်သာ နှမြောစရာ။

သူတို့နှစ်ဦး အချင်းချင်း မေတ္တာရှိလောက်သည်ကို ရှီရှန်း သတိထားမိသည်။ သို့မဟုတ်ပါက၊ ဆုယီရှို့၏ စကားစစ်ထိုးနိုင်စွမ်းနှင့် ဖန်လီချိုး ပြောသမျှကို မဖြစ်စလောက် အာခံနေရုံကလေးဖြင့် ငြိမ်ခံနေမည် မဟုတ်ပေ။

"အစ်မဝမ် အစ်မလီချိုးနဲ့ အဲ့လူနဲ့ကြားမှာ တစ်ခုခုတော့ တစ်ခုခုပဲ" ဖန်ကျင်းယွီ ထိုနှစ်ဦးကို ကြည့်သည့်အကြည့်က တဖျတ်ဖျတ်တောက်ပလို့လာသည်။ 'ဒီနှစ်ယောက်က သိပ်လိုက်တာပဲ'

"မင်း ပြောပြမှ ငါတို့ သိမှာကျနေတာပဲ၊ မျက်လုံးပါတဲ့ လူတိုင်း သိတယ်ဟ" ကျန်းမင်က ဖန်ကျင်းယွီကို မျက်လုံးလှန်ပြလိုက်လေသည်။

ရှီရှန်းကတော့ နှုတ်ခမ်းများကို "O" သဏ္ဍာန် စုလိုက်ပြီးနောက် ပြုံးလိုက်တော့သည်။ "စားကြလေ"

'ငါလေး အထုပ်ကြီးနှစ်ထုပ်ကို ဖယ်ထုတ်လို့ ရတော့မယ်၊ အောင်ပွဲခံတဲ့အနေနဲ့ အစားများများစားရမယ် ဟဟဟ'

စားနေရင်း တစ်ဝက်တစ်ပျက် ဆုယီရှို့ထံ ဖုန်းဝင်လာသည်။ ထို့နောက်၊ ဖန်လီချိုး ရှီရှန်းဆီ အာရုံရောက်နေသည့်အခိုက်ကို သူ အခွင့်ကောင်းယူပြီး အခန်းထဲမှ ထွက်သွားတော့လေသည်။ သူ ပြန်လာတော့ နောက်ကကပ်လျက် ပါလာသူက လုချင်းယွင်။

"ဝမ်အာလေး လုချင်းယွင် မင်းကို တွေ့ချင်လို့တဲ့" ဆုယီရှို့ တံခါးဝမှာ ရပ်လျက် ရှီရှန်းကို လက်ယပ်ခေါ်သည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now