၃၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၅)

1.5K 232 1
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၅)

"ဥက္ကဋ္ဌရှီ၊ မစ္စရှမန် တည်ထောင်နေတဲ့ ကုမ္ပဏီအကြောင်း စုံစမ်းပြီးပါပြီ၊ ထန်းယင်နဲ့ ကျန်းဝမ်လည်း အဲဒီကုမ္ပဏီမှာ လုပ်နေပါတယ်"

ရှီမော့၏ အတွင်းရေးမှူးက စုံစမ်းရသမျှကို ရှီမော့အား ပြန်တင်ပြလိုက်သည်။

"ကုမ္ပဏီလား" ရှီမော့ မျက်ဝန်းများ အေးစက်သွားလေ၏။

"ဘယ်က အရင်းအနှီးနဲ့လဲ"

"မစ္စ ရှမန်ရဲ့ အမေပေးထားတဲ့ အမွေတွေရယ်၊ ပြီးတော့"

"ဟန့်၊ သူ သတ္တိတော့ ကောင်းသား" နှစ်အနည်းငယ်ကြာ ပြန်တွေ့ချိန်မှာတော့ သူမဟာ ယခင်ကကဲ့သို့ အူကြောင်ကြောင်နှင့် နှုံအ,သူလေး မဟုတ်တော့ချေ။ 'ဒါပေမဲ့ လုပ်ငန်းတစ်ခုအတွက် မတည် ရင်းနီးရတာကို ဒီလောက်လွယ်မယ်များ သူ ထင်နေတာလား'

"ငါ သူ့ကုမ္ပဏီကို မမြင်ချင်ဘူး၊ မင်း ဘာလုပ်ရမလဲ သိတယ်မဟုတ်လား"

သူ တစ်ယောက်သာ သူမကို ကာကွယ်ပေးနိုင်မည့်သူဖြစ်ကြောင်း ရှမန်ကို သူ သိစေချင်သည်။

အတွင်းရေးမှူးမျက်နှာလည်း မသာမယာဖြစ်သွားပြီး ပြောလာသည်။

"ဥက္ကဋ္ဌရှီ၊ မစ္စရှရဲ့ ကုမ္ပဏီက မြို့တော်မှာ ရှိနေတာဆိုတော့"

ရှီမော့၏ စူးရှထက်မြက်သော အကြည့်က အတွင်းရေးမှူးထံကျရောက်လာသည်နှင့်၊ သူလည်း ထိတ်လန့်တုန်လှုပ်သွားပြီး ချွေးစေးများပင် ပြန်သွားရမိလေသည်။

ရှမန် မြို့တော်မှာ လုပ်ငန်းသွားတည်ထောင်လိုက်မည်ဟု ရှီမော့ ထင်မထားခဲ့မိ။ ရှီမိသားစုက ချင်းမြို့မှာ အရာရာကို ခြယ်လှယ်နိုင်သည့်တိုင်၊ မြို့တော်မှာတော့ သိပ်မလွှမ်းမိုးနိုင်ပေ။ မြို့တော်မှာက တကယ် သြဇာကြီးသော အာဏာအင်အား ကြီးမားသော သူများသာ နေသော တကယ့် အထင်ကရနေရာကြီး ဖြစ်လေ၏။ လူတစ်ယောက်လုံးကို ဝါးမျိုသွားနိုင်ပြီး အရိုးကိုတောင် ပြန်မထွေးထုတ်မည့် နေရာမျိုး။

'သူ့သတ္တိက ဘယ်လောက်ကြီးနေလို့ မြို့တော်မှာတောင် ကုမ္ပဏီသွား အခြေစိုက်ရဲတာလဲ၊ ဒီတစ်ခါတော့ ငါတောင် ဘာမှ လုပ်စရာမလိုဘဲ သူ ပြန်ပြေးလာရတော့မယ် ထင်တယ်'

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now