၁၂၁။ ဆေးမှန်မှန်သောက် (၂)

1.1K 165 2
                                    

ဆေးမှန်မှန်သောက် (၂)
~~~~~~~~~~~~~~

ပေကျီသည် သူမ မိဘများ၏အချစ်ကို မရရှိခဲ့၍ အင်မတန်စောစီးစွာပင် ရင့်ကျက်ခဲ့လေသည်။ သူမက ပေကျယ်အား သဘောကျသည်။ တစ်ချိန်တွင် ဤ'သဘောကျသည်'က ထူးခြားသော အရာတစ်ခုသို့ပြောင်းလဲသွားခဲ့သည်။

သူမကြောက်ရွံ့ခဲ့သည်။ ပေကျယ်က သူ့ညီမအား ငကြောင်ဟုတွေးမည်ကို ကြောက်ရွံ့ခဲ့သည်။ သူမကို သဘောမကျသော မိဘများ ပိုပြီးသဘောမကျဖြစ်စေမည်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် သူမက ထိုခံစားချက်များကိုထိန်းချုပ်ပြီး ပေကျယ်နှင့်ဝေးကွာအောင်လုပ်သည်။

ပေကျယ်က သူတို့ကြားမှအကွာအဝေးကို နီးစပ်စေရန်ကြိုးစားသော်ငြား ပေကျီကတော့ အမြဲဆိုသလို သူ့အဝေးတွင်နေကာ တိတ်တခိုး ဆက်ချစ်ကြိုက်ခဲ့သည်။ သူမ ဘော်ဒါကျောင်းများ၊ အဆောင်နေကျောင်းဝင်းများအထိ ဝေးဝေးလံလံသွားခဲ့လေသည်။ ပေမိသားစု သူမကိုထောက်ပံ့ထားသော ပိုက်ဆံကိုလည်း သိပ်မသုံးပေ။ ပွဲတော်ရက်များကလွဲ၍ သူမအိမ်ပြန်လာသည်ကရှားလှသည်။ သူမ ပြန်လာရင်တောင် အတတ်နိုင်ဆုံး ပေကျယ်အားရှောင်ခဲ့လေသည်။

ထိုအချိန်မှစပြီး နှစ်ယောက်သားမှာ လုံးဝခြားနားသောလမ်းကိုယ်စီလျှောက်ကာ တစ်ယောက်နှင့်တစ်ယောက်အဆက်အဆံများမရှိကြတော့ပေ။ ထိုအခြေအနေက ပေကျီ၏ ၁၇နှစ်မြောက်မွေးနေ့အထိဖြစ်ခဲ့ပြီးမှ မွေးနေ့တွင် သူမက ပေကျယ်နှင့်သွေးသားမတော်စပ်ကြောင်း မတော်တဆသိသွားခဲ့သည်။

သူမ ထိုအကြောင်းသိခဲ့ရတုန်းက အားရကျေနပ်နေခဲ့လွန်း၍ ရက်တစ်ချို့အိပ်မပျော်ခဲ့ပေ။ သူမ ပေကျယ်နားပြန်လာချင်ကာ သူမ၏ခံစားချက်ကို သူဘသိစေချင်ခဲ့သည်။ သို့သော် ထိုအချိန် ထိုနေရာ၌ သူ့ဘေးတွင် နောက်ထပ်မိန်းကလေးတစ်ယောက်ရှိနေခဲ့လေပြီ။

ပေကျီ အဲလစ်အကယ်ဒမီသို့ပြောင်းလာခဲ့သည်။ ပိုင်စိုးပိုင်နင်းစိတ်ဖြင့် သူမမှာ ကျိရှောင်ယွီအား ဒုက္ခပေးနှောင့်ယှက်ခဲ့သော်ငြား အမြဲသူမလုပ်ရပ်ကိုပေကျယ်က မိနေခဲ့သည်။ သူက သူမနှင့်ပတ်သတ်ပြီး ပို၍ပို၍ မနှစ်မျို့မှုကိုဖြစ်လာစေသည်။ တစ်နေ့ အရက်အမူးသောက်ပြီးနောက် ပေကျီကပေကျယ်အားဖွင့်ပြောခဲ့သော်ငြား ပေမိဘနှစ်ယောက်ပါ သိရှိသွားလေသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now