၁၀၈။ ဧကရီ အနက်ရောင် (၂၂)

1K 199 1
                                    

ဧကရီ အနက်ရောင် (၂၂)
~~~~~~~~~~~~~~~~~

သူမ စုန့်ရှစ်တို့အုပ်စု အထိန်းသိမ်းခံထားရသည်ဟုကြားသည့်အပြင် ဟာရီကိန်းကြေးစားတစ်ဖွဲ့လုံး လက်ဖက်ရည်သောက် "ဖိတ်ကြား" ခံရလေ၏။ ထိုထက်ပိုပြီးအသေးစိတ်ကျသည်ကို ရှီရှန်းမသိပေ။ တကယ်တော့ လောလောဆယ် အာဏာဖြင့် အုက်ချုပ်မေသည်က စစ်တပ်ဖြစ်သည်။ ပြီးတော့ရှီရှန်းမှာ အကြားအမြင်မရှိ၍ အသေးစိတ်အချက်အလက်အတိကျကိုသိဖို့ရန်နည်းမရှိပေ။

အခုတော့ သူမ ဟယ်လီကော်ပတာတစ်စင်းကို ဘယ်လိုခိုးရမလဲကိုသာ အစီအစဉ်ဆွဲနေလေသည်။ ရှီရှန်းမှာ သူမ၏ မောင်လေးများကို အကြံအစည်ပြောပြချိန် သူတို့ကဇဝေဇဝါဖြစ်နေသော်ငြား 'ဘော့စ်ဘာပြောပြောမှန်တယ်၊ ဘော့စ်ပြောတာ ဘာဖြစ်ဖြစ် ကျွန်တော်တို့လုပ်မယ်' ဆိုသည့် သဘောထားမျိုးသာ ရှိကုန်ကြသည်။

"ဘော့စ်၊ နာရီတိုင်း သူတို့က အဆိုင်းပြောင်းပြီး အဆိုင်းပြောင်းတိုင်းလဲ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တယ်လို့ ကျွန်တော်တို့လေ့လာတွေ့ရှိထားတယ်၊ ဒါဆို အဲချိန်အထဲကိုဝင်တာက အလွယ်ဆုံးဖြစ်လိမ့်မယ်"

ရှီရှန်းနှင့် သုံးယောက်သားမှာ ယခု အဆောက်အဦးတစ်ခု၏ မှောင်အရိပ်ထဲတွင်ရပ်နေတာဖြစ်ပြီး လင်ဖုန်းက အခြေအနေကို သူမအတွက်သုံးသပ်ပေးတာပင်ဖြစ်၏။ သူမက နံရံကိုမှီရင်း ကျားဖြူ၏ကျောကို ပြတ်တောင်းပြတ်တောင်း ပွတ်သပ်ပေးနေသည်။ သူမ တကယ်နားထောင်နေလားတော့ ဘယ်သူမှမသိပေ။

အစောင့်များ အဆိုင်းပြောင်းတော့မည့်အချိန် သူတို့ကလျင်မြန်စွာပြေးလာပြီး ဟယ်လီကော်ပတာများသိမ်းထားသော နေရာဆီရောက်ရန် ဝင်ပေါက်ပွင့်နေမှုအား အခွင့်အရေးယူခဲ့သည်။

သူတို့ ဟယ်လီကော်ပတာထဲရောက်တော့မှ ရှီရှန်း အင်မတန်အရေးကြီးသောတစ်စုံတစ်ရာအား သတိရတော့၏။ "နင်တို့ထဲက တစ်ယောက်ယောက်များ ဟယ်လီကော်ပတာ ဘယ်လိုပျံအောင် လုပ်ရမလဲသိကြလား"

လင်ဖုန်းတစ်ယောက် လုံးဝကြောင်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောမိလိုက်သည်။ "ဘော့-ဘော့စ်... ဟယ်လီကော်ပတာ ဘယ်လိုမောင်းရမလဲ မသိဘူးလား"

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now