Part1

8.3K 238 12
                                    

Uni
ဦးအနဂ္ဂတစ်ယောက်တော့သူ့မိန်းမဒေါ်ဗိုက်ကြောင့်တော်တော်စိတ်ညစ်နေရတယ်

ရှေ့ကလေးနှစ်ယောက်မွေးတာဘာမှမဖြစ်ဘဲ
ခုသုံးယောက်မြောက်ကလေးကိုယ်ဝန်ဆောင်မှချဉ်ခြင်းတတ်လိုက်တာလွန်ပါရော
ခုသားနှစ်ယောက်လုံးရောသူပါဆိုင်တကာမုန့်ပတ်ဝယ်နေရတယ်ပူစာလိုက်တာလဲစုံနေတာပဲ
'ဒီကလေးဟာလေအမေဗိုက်ထဲမှာတောင်တော်တော်ငတ်တဲ့ကလေးထွက်လာပစေဦးအပြင်ရောက်မှအငတ်ထားမယ်

😁'နှစ်လမ်းကျော်ကမုန့်တီဝယ်ပြီးပြန်လာတော့သားကြီးနေရောင်ကလမ်းဘေးကနေအထုတ်လေးဆွဲပြီးပြန်လာတယ်

"ဖေဖေရေမေမေလေညီလေးကိုခေါ်ပြီးအသားကင်သွားဝယ်တယ်

နေ့ကိုလည်းငါးအရေခွံကြော်ဝယ်ခိုင်းသွားတယ်
မုန့်တီနဲ့စားမို့တဲ့
ဖေဖေမုန့်တီဝယ်လို့ရခဲ့လား😃"
ကျွန်တော်ခေါင်းသာညိမ့်ပြလိုက်တော့တယ်
"မေမေကလေ
ဘယ်တော့ညီမလေးမွေးမှာလဲသားတော့မြန်မြန်တွေ့ချင်နေပြီဒါဆိုသားမှာညီလေးရယ်ညီမလေးရယ်ဆိုတော်တော်ပျော်စရာကောင်းမှာ"

"အေး​ပေါ့သားကြီးရမကြာတော့ပါဘူးလာဖေဖေတို့အိမ်ထဲဝင်ရအောင်"

အိမ်ဝကိုသားအဖနှစ်ယောက်ခြေချရုံရှိသေးတယ်သားငယ်လရောင်ပြေထွက်လာတယ်

"ဖေဖေ ဖေဖေ ကြာလိုက်တာမေမေကဗိုက်ဆာနေပြီတဲ့မေမေမှာတရတွေ့ရရဲ့လား😊"

"သားငယ်ရယ်ဖြေးဖြေးလုပ်ပါဖေဖေရောကိုကိုရောခုမှရောက်တာလေမင်းမေမေကတနေကုန်စားနေတာခဏလေးနဲ့အဲ့လောက်မဆာပါဘူးကွ"

သားငယ်ကငါးနှစ်သားလေးနဲ့သူ့မေမေကိုစိုးရိမ်နေတာညီမလေးစာနေတော့မယ်
ညီမလေးစာနေတော့မယ်ဆိုပြီးမအေကိုအသေအကျေကျွေးတာခုလဲသူ့အမေဘယ်လောက်စားထားလဲသူမသိဘဲနဲ့ဗိုက်ထဲကသူ့ညီမလေးစာနေမှာကိုစိုးရိမ်နေတာလေ

ကိုယ်ကသာပြောနေတာ
ရှစ်နှစ်သာရှိသေးတဲ့သားကြီးကကျွန်တော့လက်ကအထုပ်ကိုဘယ်အချိန်ကယူသွားလဲမသိဘူး
သူ့အမေကမုန့်တီကိုပန်းကန်ထဲတောင်ထည့်စားနေပြီ
ကျွန်တော်လည်းဒီသားအမိတွေကိုကြာလေကြာလေအမြင်ပါကပ်လာပြီ

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါWhere stories live. Discover now