Part15(uni)

1.9K 89 2
                                    

Uni
ကျောင်းတက်တဲ့ပထမဆုံးနေ့မို့ အနက်ရောင် အစောကြီးအိပ်ယာက ထတယ်လေ ကိုးနာရီထိုးဖို့ ဆယ့်ငါးမိတစ်အလိုမှာ
ကျောင်းက ကိုးနာရီတက်ရမှာ သူကကိုးနာရီထိုးတာတောင်အိမ်က မထွက်ရသေးဘူး သွေးကတော့မစောင့်နိုင်လို့ အရင်သွားနှင့်ပြီး
"နက်နက် နင်အခုထွက်လာမလား ငါလာရိုက်ရမလား"နေရောင်အော်ပြီလေ ရဲတိုက်ဦးစောင့်နေတာ ခုနစ်နာရီခွဲထဲက ခုထိ အကြုံးမပျက် အပြာရောင်ရင့်ရင့်လေးကို ဝမ်းဆက်ဝတ်ထားတဲ့ မိန်းမလှလေးတစ်ယောက် အခန်းထဲကထွက်လာတယ်"အနက်ရာ ငါနင့်ကိုသေချာမှာတယ် စောစောလေးထပါဆို ခုကြည့် ကျောင်းနောက်ကျပြီ ဆံပင်ကလည်းစုပ်ဖွားနဲ့ နေဦး နင်ဘာမှမလိမ်းဘူးလား မျက်နှာပြောင်နဲ့ သရဲရုပ်ကျနေတာပဲ ဘယ်တက္ကသိုလ်ကျောင်းသူမှ နင့်လိုကျောင်းလာမှာမဟုတ်ဘူး"
"ကိုလေးဟာလေ နက်ကိုမြင်တာနဲ့ ဆူဖို့ကြီးပဲ နက်သာ မိတ်ကပ်လိမ်းရင် ဒီနေ့ကျောင်းရောက်တော့မှာတောင်မဟုတ်ဘူး ကိုကို နက်တို့သွားရအောင် "ရဲတိုက်ဦးကတော့ ချစ်သူလေး အလှမပြင်လေ သဘောကျလေပဲ ခုမပြင်ပဲနဲ့တောင် ဒီလောက်ချစ်ဖို့ကောင်းနေတာ
"နက် ကလေး ကျောင်းမှာသာသေချာလိုက်သင်နော် ကောင်လေးတွေနဲ့ အရောမဝင်နဲ့ ဟိုသွေးစုပ်ဖုပ်နဲ့လည်းမပေါင်းနဲ့နော်
ထမင်းစားချိန် ကိုကို့ အခန်းထဲလာခဲ့နော် ကိုကို နက်ကြိုက်တဲ့ မုန့်တွေဝယ်ထည့်ထားတယ် နက်လေးအတန်းထဲကကောင်တွေက နကခလေးကိုမုန့်လာပျွေးရင်လဲလမစားနဲ့နော် ..........."
"............"
"နက်နက် ကြားလားလို့ "
"........"
ဘာသံမှမကြားလို့ ကားမောင်းနေရင်း လှည့်ကြည့်လိုက်တော့ သူရဲ့ခေါင်းက ကားမှန်က်ုတောင်စောင့်နေပြီ အိပ်နေတာများပါးစပ်လေးပါဟလို့
ကျွန်တော့်မိဘတွေက သူတို့အချစ် အတွက် ကျွန်တော့်ကိုထားခဲ့ကြတယ်
ကျွန်တော် အရင်က အချစ်ကိုမုန်းတယ်
ဟန်ဆောင်မှုကင်းတဲ့ နက်ကလေးကိုတော့ ကျွန်တော့်ရင်နဲ့မဆန့်အောင်ကိုချစ်တယ်
ကျွန်တော်က သူ့ကိုမုန့်ကျွေးပြီးအဖြေတောင်းခဲ့တာဆိုတော့ သူများတွေသူ့ကိုမုန့်ကျွေးမှာတောင်ကြောက်နေရပြီလေ သူလေးကပြောရတာမဟုတ်ဘူး
ကျွန်တော့ကိုလည်း ချစ်တယ်ဆိုတာ မသေချာသေးပုံပဲ
"နက်ရေ နက် ထတော့လေ ကျောင်းရောက်ပြီ အတန်းထဲမြန်မြန်ဝင်တော့ကလေး အရမ်းနောက်ကျနေပြီ"
"ဟင် အင်း နက်သွားပြီနော်"
ဆိုပြီးအခန်းထဲပြေးဝင်သွားတာကို ကြည့်ပြီးလကျွန်တော်ရင်တွေပူနေတယ်
'ဒီနေ့ ငါ့ကလေးကို ဘယ်သူမှမုန့်မဝယ်ကျွေးကြပါစေနဲ့'
.....
အတန်းထဲရောက်တော့ ဆရာမကရောက်နေပြီလေ
နက်လည်းဆရာမကိုဝင်ခွင့်တောင်းတော့ နက်ကိုဆရာမက "အော် ရောက်လာသေးတယ်နော် ငါကခုပဲ အတန်းပြီးတော့မှာ လာဝင်ခဲ့ မင်းနံမည်မိတ်ဆက်ပေးလိုက်ဦး"
"ဟီး အားလုံးပဲ မဂ်လာပါ ဒီကချောချေယလေးက အနက်ရောင်လို့ခေါ်ပါတယ် ခင်လို့ရပါတယ် ခင်ချင်ရင်မုန့်ဝယ်ကျွေးပါအရမ်းခင်တတ်ပါတယ်ဟီး Teachel ရပြီလား"
"အေး လွတ်တဲ့ခုံမှာသွားထိုင်လိုက်တော့ ကဲစာဆက်သင်မယ်"
........
မုန့်စားနားချိန်ရောက်တော့ နက်ထိုင်နေတဲ့နားကို သွေးတစ်ယေရက်ရောက်လာတယ်
"Black canteen မသွားဘူးလားဟီး"
"......."
"Blackရာ စိတ်မစိုးပါနဲ့ ငါကို နင့်ဘဲကြီးက မခေါ်ချင်မှာစိုးလို့ ငါ့ဟာငါဘာခဲ့တာပါ "
"ဘာမှလာမပြောနဲ့ နင်က ကျောင်းအစောကြီးရောက်တော့ မာန်တက်နေတယ်မလား မခေါ်ဘူးနင့်ကို "
"ဟာ black ကလဲ ခေါ်ပါဟာနော် လာငါနင်ကြိုက်တာတွေ ဝယ်ကျွေးမယ်လေ နော်"
"တကယ်လား ငါမဝမချင်းစားမှာနော်"
"အင်းပါ ငါဒီနေ့ မေမေဆီကရော ဖေဖေဆီကရော မုန့်ဖိုးအများကြီးရထားတယ်"
"ဟေ တကယ်လား အာ့ဆိုဘာလုပ်နေတာလဲ သွားရအောင်လေ"ဆိုပြီး လွယ်အိပ်လေးကို စာပွဲခုံထဲထည့်ခဲ့တယ်
"ဟဲ့ အိပ်က ယူမလာဘူးလား"
"မုန့်သွယးစားမှာအိအ်ကဘာလိုသယ်ရမီာလဲ ရှုပ်ကရှုပ်နဲ့"
"နင် ဖုန်းလေးတော့ ယူလာလေ"
"အဲ့ဖုန်းက ပိုစိုး စားပြီဆို နားတွေငြီးလွန်းလို့ ဖုန်းကိုင်ရင် အစားအသောက်ပျက်တယ် လာပါဟာ သွားရအောင် ငါနင့်ပိုက်ဆံတွေ ဖြုန်းချင်နေပြီ"
...............
ကန်တင်းရောက်တော့ "ဟဲ့ငါကြာဆံချက်သောက်မယ် ရှောက်သီးသုပ်စားမှာ ထမင်းပေါင်းရော နို့အေးတစ်ခွက် "
"Black နင်အကုန်လုံးကိုတစ်ပြိုင်တည်း ဘာ်လိုစားမှာလဲ"
"ငါကရှောက်သီးသုပ်စားနေတဲ့အချိန် နင်ကကြာဆံချက်ခွံ့ပေါ့ဟ ငါနို့အေးသောက်နေတဲ့ချိန် နက်က ထမင်းပေါင်းခွံ့
ဟားဟား မကောင်းဘူးလား"
"အော်အေး ငါကနင့်အဖေလား မခွံ့နိုင်ပါဘူး ဝယ်လည်းကျွေးရသေးတယ်"
"နင့်ကိုငါသိပ်ကြည်တာမဟုတ်ဘူးနော် ခွံ့မလား စိတ်ထပ်ကောက်ရမလားပြော"

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါWhere stories live. Discover now