Part 9 uni

2.1K 110 0
                                    

Uni
"အမလေး အမလေး ခများလေးတော်တော်အပတ်တကုပ် ကြိုးစားအားထုတ်နေတာ ဒီစားစရာတွေကို စာရင်းပြုစုနေတာပေါ့လေ" နေရောင်သူ့ညီမရေးထားတာတွေကြည့်ပြီးပြောလိုက်တယ်
ပြောလည်းပြောချင်စရာ စာမျက်နှာနှစ်ရွက်အပြည့်ပဲ
"ငါတို့မှာတော့ ဖေဖေဝယ်လာတဲ့ကြက်မောက်သီးထွက်မစားလို့ ငါ့ညီမလေးအပမှီလာပြီတောင်ထင်နေတာ ဒင်းကဘယ်နေ့စားဖို့ ခုတည်းကplanတွေပါဆွဲနေတာလဲ ပြောစမ်းပါဦး"
"ဖေဖေပြန်လာပြီလား စာရင်းလုပ်နေတာနဲ့သိတောင်မသိလိုက်ဘူး ဟီး"
အနက်တစ်ကောင် ပြေးထွက်မယ်အလုပ်
"နေဦး ဒါဘာတွေရေးထားတာလဲ"လရောင်ကတော့မသင်ကာဘူးလေ
"အော်မေ့တော့မလို့ အဲ့ဒါအရေးကြီးတယ် ကိုလေး အဲ့စာအုပ်ကိုသေချာထားထားနော်ပျောက်မယ်"ဆိုပြီး အောက်ထပ်က ထမင်းစားခန်းဆီ ပြေးတာများ လှစ်ခနဲပဲ
အနက်ရောက်လာတော့ ဖေဖေက "သမီးရေ ဖေဖေတို့ ဒေါ်မူယာ(စနေသွေးမေမေ)နေမကောင်းလို့သွားမေးလိုက်ဦးမယ်လိုက်မလား"
"ခေါ်မနေနဲ့ကို သူလိုက်ရင်လဲ လိုက်ရှုပ်နေမှာ နက်နက် ကြက်မောက်သီးတွေအကုန်မစားနဲ့နော် နင့်အစ်ကိုတွေမစားရသေးဘူး"
အောက်ထပ်ကိုလိုက်ဆင်းလာတဲ့သားနှစ်ယောက်ကလည်း
"မေမေတို့သမီးက ဘယ်တုန်းကများသားတို့အတွက်ချန်ဘူးလို့လဲ
အေးအေးဆေးဆေးသွားမေမေရေ
သားတို့သူ့ကို မကျွေးပဲ အကုန်စားလိုက်မယ်"
.........
အကုန်စားမဲ့နေလညီနောင် စားပွဲခုံမှာ ညီမလေးကိုတစ်ယောက်တစ်ဖက်ခြံရံပြီး ကြက်မောက်သီးအခွံခွာပေးနေရတယ်

"နက်နက် နင် ငါမေးတာမဖြေသေးဘူးနော်"လရောင်တစ်ယောက်မေးပြန်ပြီလေ
"ဘာကိုတုန်း ကိုလေးကလဲ"
လရောင်စိတ်မရှည်တော့ဘူး
"နင် ခုဏကဟာတွေ ဘာလို့ရေးနေတာလဲလို့"
"အော်ဒါလား ကိုရဲတိုက်ကိုဝယ်ကျွေးခိုင်းမလို့လေ"
"ဟေ"ဒီတစ်ခါ ဟေ ကနှစ်ယောက်လုံးဟေတာ
နေရောင်ကဆက်ပြီး"ညည်းကျွေးခိုင်းတိုင်းဟိုကကျွေးမှာလား သူကညည်းအဖေလား"
ဒါကိုငတိမက နုတ်ခမ်းလေးတစ်ချက်တွန့်ပြီး
"ကိုကြီးကလည်း သူကနက်နက်ကိုချစ်နေတာ ဘာမှလည်းမသိဘဲနဲ့"
"ဟေ"နှစ်ယောက်လုံးထပ်ဟေပြန်ပြီ
လရောင်ခွာလက်စကြက်မောက်သီးကို စားပွဲပေါ်ချပြီး
"သူက နင့်ကိုဖွင့်ပြောလိုက်ပြီလား"
"​အင်းလေ ဒီနေ့ပဲ အဖြေတောင်ပေးလိုက်ပီ အာ..ကိုလေးကလည်းခွာပါဆို ဒီမှာကုန်နေပြီ"
သူစားဖို့ကြက်မောက်သီးကကုန်နေပြီ ဟိုကခွာတာ အလျင်မမှီဖူးလေ
" ဘာ ဒီနေ့မှဖွင့်ပြောတာကို ဒီနေ့အဖြေပေးစရာလား ကိုကြီးတို့ကို ဘာလို့မတိုင်ပင်တာလဲ အနက်ရယ် နင်မိန်းမတန်ဖိုးကျလှချည်လား"
"နင်အချိန်တော်တော်ကြာ စဉ်းစားပြီးမှ အဖြေပေးလိုက်တာထင်တယ်နော်"
"ကိုလေးတို့က ဘာမှလည်းမသိဘဲနဲ့ သူကသွေးထက်နက်ကိုပိုပြီးချစ်တယ်"
"ဟဲ့ စနေသွေးက နင့်ကိုကြိုက်နေတာ အထက်တန်းကတည်းကလေ
ရဲတိုက်ကခုမှ နင့်ကိုရည်းစားစကားပြောတာဆို စနေသွေးထက်ပိုချစ်တာဘယ်လိုသိလဲ"လရောင်သိတာပေါ့ စနေသွေးဆိုတာ ငယ်ငယ်တည်းက သူတို့ညီအစ်ကိုပြီးရင် အနက်နှိပ်စက်တာ အခံရဆုံး နက်သူငယ်ချင်း
"ကိုလေးကလည်း သွေးကနက်ကို ချစ်တာ ကြာပေမယ့် နက်ကိုနေ့တုင်းမုန့်မဝယ်ကျွေးဘူး ကိုရဲတိုက်ဦးကတော့ နေ့တိုင်းစားချင်တာကျွေးမှာ ကိုကြီးတို့မစားခိုင်းတာလဲသူကကျွေးမှာတဲ့ နက်ကိုချစ်တာသွေးထက်ပိုတယ် ကိုရဲတိုက်ကနက်ကို အချစ်စစ်နဲ့ချစ်တာ"
သေဟ သူတိုင်းတာတဲ့အချစ်စစ်က
သူ့ကိုဘယ်သူမုန့်များများကျွေးနိုင်လဲပေါ်မူတည်နေတယ်
"အနက် နင်ရည်းစားထားတာလဲ လေလံဆွဲနေသလိုပဲနော် ငါဖြင့် တစ်ခါမှမကြားဖူးပါဘူး "နင့်ကိုမေမေလာရင်ရိုက်ခိုင်းမယ် ငယ်ငယ်လေးနဲ့ ရည်းစားထားတယ်လို့"နေရောင်က ချိန်းခြောက်လိုက်တော့
"တိုင်ပေါ့ ကိုကြီးကိုလည်းပြန်တိုင်မှာ ကိုရဲတိုက်ဦးက ညီမလေးကို ကြိုက်နေတာ သိရဲ့သားနဲ့ အိမ်လာတာကိုလက်ခံတဲ့ အမှုရယ် သူကိုကြီးကိုတိုင်ပင်တော့ ကိုကြီးက နက်သဘောလို့ပြောတဲ့အမှုရယ် တိုင်မှာကြည့်နေ"တဲ့ သူကတောင်ပြန်ချိန်းခြောက်သွားသေးတယ်
"အနက် နင် နင့်အစ်ကိုတွေကိုမလေးမစားပြောတာတော်သင့်ပြီနော် သွားခုချက်ခြင်း အိမ်ပေါ်တက်တော့"
နေရောင်ဟောက်လိုက်တော့ သူ့ရဲ့ကျန်နေတဲ့ကြက်မောက်သီးသုံးလုံးကို ယူပြီး မော့မော့ မော့မော့နဲ့အိမ်ပေါ်တက်သွားလေရဲ့
အနက်လေး အပေါ်ရောက်လောက်မှ

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါOnde histórias criam vida. Descubra agora