Part 5 uni

2.8K 131 0
                                    

Uni
နောက်တစ်နေ့ ထုံးစံအတိုင်း အနက်တို့အိမ်မှာ ဆူညံနေပိလေ
"ကိုလေးနော် နက်စားမှာပါဆို

ကိုကိုကြီးပြောပေးဦး"နေရောင်တစ်ယောက်သက်ပြင်းသာချမိလိုက်တယ်မနေ့ကမှသေမလိုဖြစ်ထားလို့ ဒီနေ့အစာမာမာမစားပါနဲ့ဦးဆိုတာကို ကောက်ညင်းပေါင်းစားမယ်လုပ်နေတာ အငယ်ကောင်ဘယ်လိုမှပြောမရ နောက်ဆုံးငါ့ဘက်မြားဦးလှည့်လာပီလေ
"အနက်ရာမဆိုးစမ်းနဲ့ လရောင်ကစာကျက်နေတာကို လာလာကိုကြီးဆန်ပြုတ်ပြုတ်ပေးမယ်နော်"ညီမလေးလက်ကိုဆွဲပြီးလရောင်အခန်းထဲကထွက်ဖို့ပြင်တော့ အသာတကြည်လိုက်လာမယ်ထင်လား
"သေတောင်မစားဘူး အရပ်ကတော်တို့ရေ ကြားကြသေးရဲ့လား ဒီညီမလေးတစ်ယောက်ရှိတာကို ဆန်ပြုတ်ပဲပြုတ်တိုက်တယ်တဲ့ မစားဘူး သေတောင်မစားဘူး"ဆိုပြီး၇အိမ်ကြား၈အိမ်ကြားအော်နေတာ ဒါလားအပျိုလေး
............
ရဲတိုက်ဦးတစ်ယောက်မနက်နိုးကတည်းက မနေ့က ပါးဖောင်းလေးကို သတိရနေတာ
မနက်အစောကြီး သွားလည်ဖို့ကလည်း မသင့်တော် မနက်၉:၀၀လောက်ကြတော့မနေနိုင်တော့ဘူး ကားတစ်စီးနဲ့ မနေ့ကသူ့ရဲ့ဖောင်းဖောင်းလေးရှိရာကို ထွက်လာခဲ့တယ်
အိမ်ရှေ့ကားရပ်တုန်းရှိသေးတယ်
ကိုနေရောင့်အသံကြားရပြီ
"အနက်" အော်သံကတော်တော်ကျယ်တယ် ကျွန်တော်လည်းအနက်ဘာများ ဖြစ်လဲဆိုပြီး အိမ်ပေါ်ကိုပြေးတက်လာခဲ့တာ အိမ်ပေါ်ရောက်မှတွေ့လိုက်ရတာက
ကလေးလေးက အိမ်ရှေ့က ကြိမ်ခုံလေးမှာအကျအနထိုင်ပြီး ဇီးထုပ်ထိုင်စားနေတယ်ကျွန်တော်ဝင်လာတာတွေ့တော့
"ဟောသူတော်ကောင်းများ ကံကောင်းချက် ဆန်ပြုတ်သောက်ရဖို့ကံပါမလာဘူးထထင်တယ် လက်ထဲမှာလဲကြေးအိုးထုပ်နဲ့ဆိုတော့ ဟဲဟဲ"သူကကျွန်တော်တက်လာတာကိုမမြင်ဘဲကျွန်တော့လက်ထဲကကြေးအိုးထုပ်လေးကြမြင်တယ်တော့ ဒီကလေးမျက်လုံးကနှာဘူးမျက်လုံး အမေနဲ့သမီးလမ်းလျှောက်လာရင် သမီးတစ်ယောက်တည်းကွက်မြင်တဲ့မျက်လုံးမျိုး ခုလည်း ကျွန်တော်နဲ့ကြေးအိုးထုပ်ကို ကြေးအိုးထုပ်ပဲဘက်လိုက်ပြီးမြင်တာ
"ဟော ရဲတိုက်ဦးပါလား လာထိုင်လေ ဘယ်ကလှည့်လာတာလဲ"ကိုနေရောင်ကကျွန်တော့်ကိုနုတ်ဆက်ပြီးသူ့ညီမဘက်လှည့်သွားကာ"ငါနင့်ကိုဘာပြောထားလဲ အိမ်ရှေ့မှာခဏလေးနေပါ ငါဆန်ပြုတ်လေးပြုတ်ပါရစေဆိုတာ နင်တော်တော်မွှေပါလား အဲ့ဇီးထုပ်တွေကဘယ်ကရတာလဲ မစားနဲ့ မတည့်ဘူးဆိုတာကို နင်မနက်တည်းက ငါ့တို့ကိုဒုက္ခလိုက်ပေးနေတာ မမောသေးဘူးလား"နေရောင်ပြောနေသော်လည်းနက်က နေ့ကိုလည်းမကြည့်ရဲတိုက်ကိုလည်းမကြည့် ကြေးအိုးထုပ်ကိုပဲဆက်တိုက်ကြည့်နေတာ အကြည့်လုံးဝမလွှဲ
တကယ်တော့ရဲတိုက်ဦးမှာလည်း ဒီနေ့ အနက်တို့အိမ်ကိုဘာအကြောင်းပြပြီးလာရမှန်းမသိ၍ လမ်းမှာတွေ့တဲ့ဆိုင်က ကလေးနဲ့တည့်မှာလေး ဝင်ဝယ်လာတာ အံကိုက်ဖြစ်သွားတယ်
"အနက်သက်သာလား ကိုယ်က ညီမအတွက် ကြေးအိုးဝယ်လာ .." စကားတောင်ဆုံးအောင်မပြောရသေးဘူး အနက်ကအိမ်နောက်ဖေးကိုတန်းပြေးသွားတယ်
ကျွန်တော်လည်းကြောင်သွားတာပေါ့
ကိုနေရောင်ကပဲ"လာ ထိုင် ရဲတိုက် အားနာစရာကွာ အကိုညီမကြောင့်သက်သက်ဒုက္ခမခံပါနဲ့ "
"ဟီး"ဆိုပြီးနောက်ဘေးကနေထွက်လာတဲ့ကျွန်တော့ကောင်မလေး အဲ ကျွန်တော့ကောင်မလေးအလောင်းအလျှာက ကြွေပန်းကန်လုံးအကြီးကြီးကိုင်ပြီး သွားလေးဖြဲထားသေး
​"ပေးလေ အဲ့ဒါအနက်အတွက်မလား"တဲ့ "အင်း ..အဲ ...ဟုတ်တယ်လေ ..ရော့"ကျွန်တော်တောင်ကြောင်တောင်တောင်ဖြစ်သွားတယ် ကျွန်တော်ဆီက အထုတ်ရတာနဲ့ အိမ်အပေါ်ထပ်ကိုတက်တော့မလို့လုပ်နေတဲ့အနက်ကို
"ဟဲ့ အနက် ဒါကဘယ်လဲ နင့်အခန်းထဲမှာစားလို့မရဘူးလို့ပြောထားတယ်မလား "
"ဂါး ...မသိတော့ဘူးဟာ စားမှာပဲ ကိိုကြီးနော် သူများတိုက်တဲ့ကြေးအိုးတောင်ဟဟိုမှာစားဒီမှာစားလာလုပ်နေတယ် မုန်းတယ် မချစ်ဘူး"အိမ်ပေါ်ထပ်က လရောင်ကဆင်းလာပြီး"ကိုကြီးဗိုက်စာနေပြီဗျာ ဘာကျက်ပြီလဲ ဆူညံနေတာပဲ""အေး မင်းညီမမွှေလို ဆန်ပြုတ်တောင်မကျက်သေးဘူး သူကကြေးအိုးစားတော့မယ်ဆိုတော့ ငါ့တို့နှစ်ယောက် ဆန်ပြုတ်စားလိုက်မယ်လေ
"ကိုကြီးကလည်း ညမလေးဆီကကြေးအိုးလေးကိုကျွန်တော်ကပ်သောက်လိုက်မယ်လေနော်""ဗြဲ.....ကိုကြီးရော ကိုလေးရော မကျွေးဘူးနော် အဲ့ဒါနက်ဟာ နက်တစ်ယောက်တည်းတောင်မဝဘူး "
အစောတည်းကမကျွေးမှန်းသိသားပဲ လရောင်ကလည်းစချင်တာနဲ့ "ညီမလေးပဲ ကိုလေးကိုအချစ်ဆုံးဆို ကျွေးပါညီမလေးရယ်နော်"
"မချစ်ဘူး မချစ်ဘူး ဆန်ပြုတ်ပဲတိုက်တဲ့ကိုကြီးရော ကြေးအိုးလာတောင်းစားတဲ့ကိုလေးရောမချစ်ဘူး ကြေးအိုးတိုက်တဲ့ကိုကို့ကိုပဲချစ်တော့မယ်"
"ဟာ ရဲတိုက်ကို အားနာစရာ sorry ပဲ ရဲတိုက်ရေ အကိုညီမလေးက အလိုလိုက်ခံထားရလို့အရမ်းဆိုးနေတာ"
"ရပါတယ်အကို"လို့သာပြောလိုက်တာ ရင်ထဲမှာကြိတ်ပျော်နေတာ ရင်တွေလည်းတုန် လက်တွေလဲတုန်နေပြီ ဒီကောင်မလေး တော်တော်မလွယ်တာပဲ
ရဲတိုက်ကသာ ကမ္ဘာတွေပျက်နေတာ အနက်တို့ကတော့ ကြေးအိုးလေးကုန်သွားလိုဗိုက်လေးပွတ်ပီး ကိုနေရောင့်နားကပ်လာတယ်"ကိုကိုကြီး အူကျူးလေးကိုလေ အအေးလေးဝယ်တိုက်ပါလား အူကျူးက ကြေးအိုးသောက်ပြီးလေနင်နေလို့ "
​သူ
လိုတာရှိတော့ အူကျူးလေးတို ကိုကိုကြီးတို့စုံနေတာပဲ
"ငါမေးပါဦးမယ် ကြေးအိုးတစ်ပွဲလုံးစားပြီး နင့်ဗိုက်ရဲ့ဘယ်နေရာကအလွတ်ရှိနေသေးလို့ လေကနင်ရတာလဲ နင်ပြောတော့ငါတို့ကိုမချစ်ဘူးဆို"နေရောင်ပြောလိုက်တော့ ဆန်ပြုတ်သောက်ပြီးထမင်းစားခန်းထဲကထွက်လာတဲ့လရောင်ကပါ"ငါတို့ကိုမချစ်ရင် မဝယ်ကျွေးခိုင်းနဲ့ "
"အလကားစတာ ကိုကြီးတို့ကလည်း ကြီးကောင်ကြီးမားနဲ့ စိတ်မစိုးရဘူးလေနော် အူကျူးကစတာ အနက်မှာဒီအစ်ကိုနှစ်ယောက်ပဲရှိတာ ဒီအကိုနှစ်ယောကိက်ုမချစ်လို့ ဘယ်သူ့ချစ်ရမှာလဲ အလကားကြားစကားတွေကိုမယုံစမ်းပါနဲ့"
​'ခုဏကကြေးအိုးစားတုန်းကတစ်မျိုး ခုအအေးသောက်တော့မယ်ဆိုတော့တစ်မျိုး တစ်ကယ်တတ်နိုင်တဲ့ ကလေးလေးဘဲ'လို့သာတွေးပြီးရဲတိုက်ဦးတစ်ယောက်ပြုံးပြီးသာကြည့်နေတော့သည်
"ကဲ လရောင် မင်းပဲသွားဝယ်တိုက်လိုက်
ငါရဲတိုက်ကိုပြောစရာရှိလို့ အနက် ငါသေချာမှာမယ်နော် ဂတ်စ် ပါတဲ့အအေးသောက်လို့မရသေးဘူးနော် အေးသောက်လာရင် နင်ရောလရောင်ပါ မလွယ်ဘူးမှတ် "
"Yes sir ကိုကိုကြီး အာဘွား .မွ"သွားခါနီးနေရောင်ကိုအာဘွားပေးသွားတော့ကျွန်တော်တောင်လိုချင်သွားတယ် 😁(အယ် သူများအိမ်လာပြီး ဘူးနေတာတော့)ရဲတိုက်တစ်ယောက်အနက်တို့သွားတာကိုကြည့်ပြီးမြင်ကွင်းကပြောက်သွားမှ "ကိုနေရောင်ပြောစရာရှိလို့ဆို"
"အေး ရဲတိုက်ရေ အစ်ကိုမနေ့ကတည်းကပြောမလို့ပဲ အနက်ကိစ္စရှုပ်တာနဲ့မေ့သွားတယ် ခုပြောမှာလဲအနက်ကိစ္စပါဘဲ
အနက်လေးကဆယ်တန်းဖြေထားတာလေ ဂုဏ်ထူးသုံးလုံးပဲပါတော့ဆေးမှတ်ကလည်းမမှီဘူး အဲဒါညီအခုဆေးခန်းထိုင်မယ့်ကောလိပ်မှာကျောင်းတက်ရမှာ အဲ့ဒါညီ့ကိုအစ်ကိုတစ်ခုလောက်တောင်းဆိုချင်လို့"ရဲတိုက်ခမျာထီပေါက်သွားသလိုပဲပျော်လိုက်တာဆိုတာလေ အတော်ကိုမျက်နှာပိုးသတ်ထားရတယ်
"ဟုတ်ကဲ့ပြောပါကိုနေရောင် ကျွန်တော်ဘာကူညီရမလဲ"
နေရောင်ပြောရမှာလဲအားနာတယ်မပြောလိုကလဲမဖြစ် ဒါကြောင့်ပဲရှေ့မျက်နှာနောက်ထားပြီး"မင်းလည်းတွေ့တဲ့အတိုင်း ညီမလေးကလေ အစားအသောက်သိပ်ကြိုက်တာ အူကလည်းမကောင်းတော့မတည့်တာတွေမစားစေချင်ဘူး ကျောင်းသွားတတ်ရင် အစ်ကိုတို့ကလိုက်မကြည့်နိုင်တော့ သူကစားချင်တာစားတော့မှာ အဲ့ဒါကြောင့်ထမင်းစားချိန်ဆို မင်းဆေးခန်းမှာလာစားခိုင်းပေးပါလားကွာ မင်းကကျောင်းမှာတုန်းကတည်းမိန်းကလေးတွေနဲ့သိပ်မပတ်သတ်သလို မိန်းကလေးအပေါင်းအသင်းလည်းမရှိဘူးဆိုတော့ ညီမလေးကိုလည်းမရင်းနှီးချင်မှာဆိုးလို့အကိုကမပြောတော့ဘူးလို့နေလိုက်တာ မနေ့ကသူအဲ့လိုဖြစ်တောအစ်ကိုစိတ်ပူသွားတယ် ဖြစ်နိုင်ရင်ကူညီပေးပါကွာ"
............................
Thanks for reading😍

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါWhere stories live. Discover now