16(zawgyi)

347 4 0
                                    

zawgyi
"ဟင့်အင်းနော် နက် နက်ယောက်ကျားမလိုချင်သေးဘူးနော် နက်ကိုပြန်ပို့ပေး နက်ဆင်းမယ် ကားခုရပ် "
နက်တစ်ယောက် ကားပေါ်မှာသောင်းကျန်းနေတယ် ရဲတိုက်ဦးကားတံခါးကိုလော့ချထားလို့တော်သေးတယ် မဟုတ်ရင် တံခါးပွင့်ပြီး ထွက်ကျသွားနိုင်တယ်
"ရှင်ကြီးကို မုန်းတယ် ဟင့် မေမေရေ နက်ကိုလာကယ်ပါဦး ဟီးအီးအီး "
နာရီဝက်လောက်နေတော့ မောသွားတယ်ထင်တယ် အိပ်ပျော် သွားတယ် ကျွန်တော့ကလေးက ဘယ်အခြေအနေဖြစ်ဖြစ် အိပ်ပျော်နိုင်တယ် ကျွန်တော်လည်း သူထုရိုက်ထားလို့ အသားတွေတော်တော်နာနေပြီ
.......
ညနေလေးနာရီလောက်မှာ ပဲခူးက ကျွန်တော်သူနဲ့နေဖို့ ဝယ်ထားတဲ့တိုက်ပုလေးဆီရောက်လာတယ် ကျွန်တော့်ကလေးက ကားသုံးနာရီစီးလိုက်ရတော့ ပင်ပန်းသွားတယ်ထင်တယ် အိပ်နေတာများ သိုးလို
ကျွန်တော်သူ့ကိုပွေ့ချီပြီးအိမ်ထဲဝင်လာတော့ နိုးလာပါပြီ အဆိုးလေး
"လွှတ် နက်ကိုလွှတ်နော် အီးလူယုတ်မာကြီး နက်ကိုအိမ်ပြန်ပို့ပေး"
"......"
အခန်းထဲကို ခက်ခက်ခဲခဲဝင်လာရတယ်
"အနက်ရောင် မင်းကို ငါ ခိုးလာတာပြန်လွှပေးဖို့မဟုတ်ဘူးနော် မင်းနဲ့ငါက သမီးရည်းစားတွေ မင်းမိဘတွေလဲ သဘောတူပြီးသား ငါမင်းကို လက်ထပ်ဖို့ရည်ရွယ်ထားတာ မင်းကတော့ လူမြင်ကွင်းမှာ သူများမုန်ခွံ့တာကိုသာယာနေတယ်
ငါမင်းကိုဘယ်လိုမှစိတ်မချနိုင်ဘူး "
"ဟက့်အင်း နက်ကိုကို့ကို မချစ် အွန်း အင့်"
ပြောမယ့်စကားတွေမထွက်လာနိုင်တော့ဘူး ကိုကိုက နက်ရဲ့ပထမဦးဆုံးအနမ်းလေးကို သဘောမတူပဲ သိမ်းပိုက်လိုက်တယ် 'နက်ကိုကို့ကိုမချစ်လို့မဟုတ်ပါဘူး '
'နက်ပြောမယ့်မချစ်ဘူးဆိုတဲ့စကားကို ကျွန်တော်မကြားနိုင်တော့ဘူး ကျွန်တော့်သွေးတွေ ပလောင်ဆူနေပြီ တကယ်တော့ အနက်ရောင်ဆိုတာ မူးရစ်ဆေးတစ်မျိုးပဲ လူကိုဆွဲလမ်းစေတယ် ငြိတွယ်စေတယ် ခံစားစေတယ် ရူးသွပ်စေတယ်'
အနမ်းတွေကြာလာတော့ ကလေးအသက်ရှူကြပ်မှာစိုးလို့ လွှတ်ပေးလိုက်တယ်
နက် အိပ်ခန်းထဲကနေထွက်ပြေးသွားတယ် "နက် အပြင်မှာ မိုးတွေရွာနေတယ် မပြေးနဲ့ နက် နက်"ကျွန်တော်မှားတာ နက်ကိုချီပြီးဝင်လာတုန်းက အိမ်သော့မခက်မိဘူး ကျွန်တော်ပြေးလိုက်တော့ ကလေးက လမ်းမပေါ်ရောက်နေပြီ
"နက် မိုးရေတွေဆိုကုန်ပြီကွာ လာအိမ်ထဲဝင်မယ် "
"ဟင့်အင်း နက်ပြန်မယ် နက်ကိုပြန်ပို့ ဟီးအီးအီး"
"........"
ချိန်း .....
"အားကိုကိုရေ ကယ်ပါ"
မိုးချုန်းတဲ့အသံကြားတော့ ကျွန်တော့ကိုလာဖက်တယ် တော်သေးတာပေါ့ကလေးကကျွန်တော့ကိုအားကိုးသေးလို့
"လာ အိမ်ထဲဝင်မယ်နော် တော်ကြာ နက်နက်ကို မိုးကြိုးပစ်ချနေမယ်နော်"
ကျွန်တော်ပြောလိုက်တော့ ကလေးက ကျွန်တော့ရင်ခွင်ထဲကနေ ခေါင်းလေးငြိမိ့ပြတယ် ချစ်လိုက်တာကွာ ဘယ်လိုကလေးလေးလဲမသိဘူး
အခန်းထဲရောက်တော့ နက်က"ကိုကို နက်ကိုပြန်ပို့ပါနော် နက်လေ နက်ကြောက်လို့ပါနော် မေမေတို့လည်း စိတ်ပူနေကြတော့မှာ "
"နက် အက်ကျီအရင်လဲလိုက်နော် ဒီအိမ်မှာ ကိုကို့အက်ကျီတွေပဲရှိတယ် နက် အဆင်ပြေတာလေးကိုကိုထုတ်ပေးမယ်နော် ကလေးနေမကောင်းဖြစ်လိမ့်မယ်နော်"
......
နက်ကုတင်ပေါ်မှာ ရေစိုကြီးနဲ့ငြိမ်ငြိမ်လေးထိုင်နေတယ် ဘာမှလဲမပြောဘူး ကျွန်တော် ထုတ်ပေးတဲ့အက်ကျီကိုလဲမလဲဘူး ကျွန်တော်ကသူလေးရှက်နေမှာဆိုးလို့
တခြားအခန်းမှာ ရေစိုဝတ်တွေကိုသွားလဲလိုက်တယ် လဲပြီးပြန်လာတော့လဲ ထိုင်နေတုန်း တုပ်တုပ်မလှုပ်
"နက်လေး အဝတ်တွေ မလဲဘူးလားကလေးရဲ့ တော်ကြာအအေးပတ်နေမယ်"
နက် ရဲတိုက်ဦးကို ဘာမှပြန်မပြောဘူး ပြီးတော့ထသွားတယ် "နက်ဘယ်သွားမလို့လဲ ကိုကို အပြင်ထွက်ပေးမယ် နက်ဒီထဲမှာပဲလဲလိုက်နော် ကိုကိုနက်စားဖို့တစ်ခုခုသွားလုပ်လိုက်ဦးမယ်နော်"
ရဲတိုက်ဦးထွက်သွားတော့လည်းနက် အက်ကျီမလဲဘူး ဒီတိုင်းထိုင်နေတာ
ခေါက်ဆွဲပဲ အလွယ်ပြုတ်ပြီး အခန်းထဲရောက်လာတော့
"ကလေးဘာလို့ အက်ကျီမလဲသေးတာလဲ အအေးပတ်တော့မယ်ကွာ"
"ဟင့်အင်း မလဲဘူး လဲလိုက်ရင် မေမေတို့က နက်ကိုအထင်လွဲကြလိမ့်မယ် နက်ဒီတိုင်းပြန်မှာ ဟင့်ဟင့် "
ခုတောင် ညကိုးနာရီထိုးတော့မယ် ခုချိန်ဆို ဖိုးဖိုးက သူ့အိမ်သွားပြီးနားဖောက်နေလောက်ပြီကို ဒင်းလေးက အက်ကျီလဲသွားရင် အထင်လွဲမှာဆိုးလို့ ရေဆိုကြီးနဲ့ထိုင်နေတာတဲ့
"နက် ခုလဲမလား ကိုကိုလဲပေးရမလား ဒါပဲပြောတော့"ဆိုမှ ရေချိုးခန်းထဲလှစ်ဆိုဝင်သွားတယ်
"အား ကိုကိုရေ အားကယ်ပါဦး "
နက်အသံစူးစူးလေးကြားလိုက်ရတော့ ကျွန်တော်ရေချိုးခန်းထဲဘယ်လိုရောက်သွားမှန်းတောင်မသိတော့ဘူး
တွေ့ပါပီ ကျွန်တော့်အသဲညှာလေးကျောက်နေတဲ့ အကောင်ကြီးက ရေချိုးခန်းထဲက အိမ်မြှောင်လေး အင်မတန်ကျေးဇူးကြီးလှပါတယ် အိမ်မြှောင်လေးရယ် ခုဆိုနက်ကလေးက ကျွန်တော့ရင်ခွင်ထဲမှာ
သူ့ကိုပြန်လွှတ်ပေးရအောင် ကျွန်တော်က ဘာသားနဲ့ထုထားလို့လဲ
"ကိုကို့ကို ခွင့်ပြုပါတော့ ကလေးရယ်"ပြောပြီးကျွန်တော်နူးညံ့စွာနမ်းတော့
"ကိုကို နက်ကြောက်တယ်"
".....နက်ကြောက်အောင် ကိုကိုမလုပ်တော့ဘူးနော် နက်မကြောက်နဲ့တော့ "ဆိုပြီးကလေးကိုလွှတ်ပေးလိုက်တယ် ကျွန့်တော်ဆန္ဒ ဘ်ာလိုဖြစ်ဖြစ် ကလေးမကြည်ဖြူရင် ကျွန်တော်ရှေ့မဆက်ချင်ဘူး
"ဟိုအကောင်ကိုပြောတာ နက်တို့ ဒီရေချိုးခန်းထဲကထွက်ရအောင်နော်"
"ဟား ကလေးကသိပ်ချစ်စရာကောင်းတာပဲ ကိုကို့ကိုရူးအောင်လုပ်နေတယ်ကွာ"
နက်ဘဝမှာ မိသားစုဝင်တွေပြီးရင် အချစ်ရဆုံးက ကိုကိုပါပဲ
နက်ခုတော့သိလိုက်ပြီ နက်ကိုကို့ကို သိပ်ချစ်တယ်
ကျွန်တော်လေ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ် ဘယ်ခန္ဓာကိုယ်ကိုမှ ရင်မခုန်ခဲ့ဘူး ခုလေ နက်လေးရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီက ကျွန်တော့နားထင်ကို သွေးတွေ့စောင့်တိုးစေတယ် နက်လေးကလေ ကျွန်တော့်ရင်ခွင်ထဲကနေပြီး အသံသေးသေးလေးနဲ့ "ကိုကို့ကို နက်ချစ်တယ်"တဲ့ နက်ကလူကို အဲ့လိုလဲပြုစားတက်သေးတယ်ဗျ
..........
မနက်ခြောက်နာရီလောက်မှာ ကျွန်တော်နိုးလာတော့ ကလေးက ရင်ခွင်ထဲမှာအိပ်နေတုန်း ညက မိုးကြောင့်လား ကျွန်တော့အစွမ်းကြောင့်လားတော့မသိဘူး ကလေးလေးဖျားနေပြီလေ
"နက်နက် ထဦး နက် ကလေးထပါဦးကွာ ရေပတ်တိုက်ပြီး အစားစားရမယ် ဆေးသောက်ရအောင်လေ နော်"
"အင့် ဟင့်ဟင့် ကိုကို ဟင့်ဟင့် "
"နက်လေး ဘာလို့ငိုတာလဲ ဘယ်နေရာနာလို့လဲ မ မငိုပါနဲ့ကွာ နက်ခေါင်းတွေကိုက်မှာပေါ့ နော် ကလေးမျက်လုံးလေးတွေနာကုန်မယ်နော် ကလေးတိတ် တိတ် ကိုကို့ကိုပြောပြ ဘာဖြစ်လို့ငိုတာလဲ"ကျွန်တော် ညက ကလေးအိပ်ပျော်သွားလို့ကျွန်တော်ကိုယ်တိုင် ဝတ်ပေးထားတဲ့ ကျွန်တော့ ညဝတ် အက်ကျီ အပြာရောင်လေးနဲ့ ကလေးလေးက သိပ်ကိုလှနေတာ
"ဟင့်ကိုကို နက်နက်ကိုမနိုးနဲ့ နက်အိပ်ဦးမယ် နက်ခေါင်းလဲကိုက်တယ် ဗိုက်လဲအောင့်တယ် နေလို့မကောင်းဘူးအသားတွေလဲနာနေတယ် ဟင့်ဟင့်"
"အင်းအင်းပြန်အိပ်နော် ကိုကို နက်ကိုရေပတ်တိုက်ပေးမယ် နက်ဘာစားချင်လဲ ကိုကို သွားဝယ်ပေးထားမယ်လေနော် နက်က ဆက်အိပ်နေနော်"
.............
Thanks for reading
2 June 2021
ဇာတ်သိမ်းတော့မှာပါလို့

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါOù les histoires vivent. Découvrez maintenant