Zawgyi
အနက် တကယ်ကိုဝေခွဲမရဖြစ်နေတယ်
အနက်ဘဝမှာ တခါမှ မကြုံဘူးတဲ့ခံစားချက်တွေအများကြီး ခံစားနေရတယ်အနက်ရဲ့ မိသားစုတွေအကုန်လုံး အနက်ကိုစိတ်စိုးဘူးတယ် နက်သူတို့စိတ်စိုးမှာတခါမှမကြောက်ဘူး
ဒါပေမယ့်သူစိတ်စိုးမှာတော့ နက်ဒီနေ့တကယ်ကြောက်သွားတယ်နက်ရဲ့မိသားစုတွေအားလုံးနက်ကိုစိတ်ပူလို့ဆူဘူးတယ် နက်ဂရုမစိုက်ခဲ့ဘူး
ဒါပေမယ့်သူဆူတော့ နက်ဂရုစိုက်နေမိတယ်နက်ရဲ့လက်ကိုသွေးကိုင်ပြီး မှုတ်ပေးတာတောင်နက်ဘာမှမဖြစ်ခဲ့ဘူး
ဒါပေမယ့် သူနက်လက်ကို ကိုင်လိုက်တော့ နက်ရင်တွေ အရမ်းခုန်လာတယ်အနက်ရောင် ဘဝမှာလူတစ်ယောက်ကိုကြည့်ပြီး ရင်တွေတုန်နေတာ ဒါပထမဆုံးပဲ နက်က စားစရာတွေကိုသာသဘောကြတာလေ ခုဘာလို့သူလဲ နက်တစ်ကယ်ကြောက်လာပြီ နက်သူ့ကိုချစ်သွားတာလား မဖြစ်နိုင်ဘူး လူတွေကပြောတယ် အရမ်းကြိုက်တဲ့အစားကို စားရတော့မယ်ဆိုရင် အရမ်းချစ်တဲ့သူရဲ့မျက်နှာကိုမြင်ယောင်တက်တယ်တဲ့ နက်စမ်းကြည့်ပြီးပြီ ဘယ်သူမှမပေါ်ဘူး သွေးရောသူရော တစ်ယောက်မှပေါ်မလာဘူး နက်သူ့ကိုမချစ်ပါဘူး ချစ်လည်းမချစ်ချင်ဘူး အချစ်ကစားလို့မှမရတာ
ဒါပေမယ့်ဒီနေ့ နက်ခံစားချက်တွေ အရမ်းများနေတယ် ရင်တွေလည်းတုန်ပြီး ဘာမှကိုမစားချင်တော့ဘူး ဘာလို့မှန်းလည်းမသိဘူး ငိုပဲငိုချင်နေတယ် အိပ်လို့လဲမပျော်ဘူး နက်ကိုကယ်နိုင်ရင် ကယ်ကြပါဦး
"နက် ညီမလေး နေမကောင်းဘူးလား
ကိုကြီးကညီမလေး အတွက် မာလာရှမ်းကောဝယ်လာတယ်"လရောင်ပြောတော့
"နက်မစားချင်တော့ဘူးကိုလေး ကိုလေးတို့ပဲစားလိုက်တော့"
နက်တကယ်ဘာမှမစားချင်တာပါ ခံစားချက်ကတစ်မျိုးကြီးဖြစ်နေတယ် ပြီးတော့သူနဲ့လဲ မျက်နှာချင်းမဆိုင်ချင်ဘူး
......
လရောင် အနက်အခန်းထဲက ထွက်လာတော့ နေရောင်ကလရောင်ကို ဘယ်လိုလဲဆိုတဲ့သဘောနဲ့မေးငေါ့ပြတယ်
"တော်တော် အခြေအနေမကောင်းဘူးထင်တယ် မာလာရှမ်းကောတောင်ငြင်းလိုက်တယ်"
"ဘာ ဒါဆိုမဖြစ်ဘူး အုများပြန်ယောင်နေပြီလားမသိဘူး"ရဲတိုက်ဦး ပြောလဲပြော ထလဲထပြီး အနက်အခန်းထဲကို ဝင်ဖို့ အလုပ် နေရောင်ကရဲတိုက်ကိုလက်လှမ်းဆွဲပြီး
"နေဦးကွ သူအူယောင်ရင်တောင် ဒီလောက်တိတ်စိတ်နေမှာမဟုတ်ဘူး ဒါပုံမှန်အခြေအနေမဟုတ်ဘူး
မင်း ငါ့အခန်းထဲမှာဆေးအိပ်သွားယူလိုက်ဦးမယ် လရောင် မင်း မေမေနဲ့ဖေဖေကို သွားပြော အခြေအနေမကောင်းရင် ဆေးရုံတင်သင့်တင်ရအောင်"
နေရောင်ပြောပြီး အနက်အခန်းရှိရာ အပေါ်ထပ်သို့ပြေးတက်သွားတယ်
အခန်းထဲရောက်တော့
"ညီမလေး ထ ကိုကြီးစမ်းသပ်ပေးမယ်နော် ညီမလေးဘယ်နေရာနာလဲ ပြော"
"အန် ဘာဖြစ်လို့လဲကိုကြီး နက်ဘာမှမဖြစ်ပါဘူး နက်နေကောင်းပါတယ်"
"နက်လေး သမီးနေမကောင်းဘူးဆို"
မေမေရောဖေဖေရော ကိုလေးရော ရောက်လာတယ် ဟိုလူကလည်းနက်ဘေးနားမှာ ဘာတွေဖြစ်နေတာလဲမသိဘူးနက်ကိုကြည့်ပြီးငိုတော့မလိုပဲ
"အာ ဘယ်သူပြောတာလဲ နက်နေမကောင်းဘူးလို့ နက်နေကောင်းတာမှ ဒေါင်ဒေါင်မြည်ပဲ ကြည့် ကြည့်"ဆိုပြီးနက်ခေါင်းလေးကို ကိုယ့်ဟာကိုယ်ခေါက်ပြလိုက်တယ် ငါနေမကောင်းတာငါတောင်မသိရပါလား
"နက် ဘာမှမစားဘဲငြင်းနေတော့ ကိုလေးတို့ကစိတ်ပူသွားတာပေါ့ နေကောင်းတယ်ဆိုတာ တကယ်လား မညာနဲ့နော်"
"အင်းဆို ကောင်းတယ် နက်အိပ်ချင်နေပြီ အိပ်တော့မယ်"
နက်ထင်ပါတယ် နက်တစ်ခုခုဖြစ်နေပြီ
စားစရာတွေကိုတောင်ငြင်းတဲ့ အနက်ရောင်ရူးနေပြီ
....................
မနက်ဖြန်ဆို နက် ကျောင်းစတက်ရတော့မယ် ကိုရဲတိုက်ကနေ့တိုင်းအိမ်လာပြီး နက်ကိုလာတွေ့တယ် သူအလုပ်များနေရင်တောင် နက်စားချင်တဲ့မုန့်လေးတော့လာပို့ပြီးမှပြန်လေ့ရှိတယ် ဒီနေ့လဲသူမအားတဲ့ကြားက နက်စားချင်လို့ပူစာထားတဲ့ ဆမူဆာသုပ်ကိုလာပို့ပေးမယ်တဲ့
"နက်လေး ကိုကိုမအားလို့လေ အဲ့တာ နက်ကအိမ်အောက်ကိုဆင်းပြီး ဆမူဆာသုပ်လေးထွက်ယူနော် ကိုကိုနက်တို့အိမ်ပေါ်တက်မလာနိုင်တော့ဘူး"
နက်အိမ်ရှေက အုပ်ခုံလေးမှာထိုင်နေတုန်း "နက်လေး ရော့နက်စားချင်တဲ့ သဃန်းကျွန်းက ဆမူဆာသုပ် ကိုကိုအိမ်ပေါ်မတက်တော့ဘူး မနက်ဖြန် ကျောင်းတက်ရမှာဆိုတော့ စောစောအိပ် ကိုကိုလာကြိုမယ်နော် ဟို သွေးစုပ်ဖုတ်နဲ့မသွားနဲ့ကြားလား ကိုကိုသွားတော့မယ်နက်ရေ ဖိုးဖိုးခိုင်းထားတာ ကိုယ်ခုထိမလုပ်ရသေးလို့ တာ့တာ"
နက်တောင်ဘာမှမပြောရသေးဘူး ကိုရဲတိုက်ဦးက နက်လက်ထဲအထုပ်လေးထည့်လက်တောင်ပြပြီးကားပေါ်တက်သွားပြီ
"ကိုကို ကားကိုဖြေးဖြေးမောင်းသွားနော် "
ကားမောင်းဖို့ ဂီယာထိုးနေတုန်း နက်ဆီက အသံသေးသေးလေးထွက်လာတယ်
ကိုယ့်နားတောင်ကိုယ်မယုံနိုင်ဘူး ကားပေါ်ကနေ ဆင်းပြီး
"နက် နက်ကိုကို့ကို ကိုကိုလို့ခေါ်လိုက်တာလား"
"အာ အရင်ကလဲခေါ်ပါတယ်"
"အဲ့တုန်းက နက်ကတစ်ခုခုလိုချင်လို့ခေါ်တာလေ ခု ခုကနက်ကိုယ့်ကို ပူစာစရာမရှိပဲနဲ့ ကိုကိုလို့ခေါ်လိုက်တာလား"
"မသိဘူးဟာ ခေါ်ချင်လို့ခေါ်တာ မခေါ်ရဘူးလားပြော"
"ခေါ်ပါဗျာ ခေါ်ပါ နက်ခေါ်ရင်ဒီကကိုကိုက အမြဲကြိုက်ပြီးသား ဟား ချစ်လိုက်တာနက်ရာ ကိုကိုကဒီနေ့မအားပါဘူးဆို နက်ကကိုကို့ကို နက်နားကမခွါနိုင်အောင်လုပ်နေတာပေါ့လေ ဟုတ်လား"
"ဟာ မဟုတ်ပါဘူးဆမူဆာသုပ် ဝယ်ကျွေးလို့ နက်ကကျေးဇူးတင်လို့ခေါ်လိုက်တာ ကဲသွားမှာဖြင့်သွားတော့ မအားဘူးဆိုပြီး"
"ဟီး အင်းပါကိုကိုပြန်ပြီနော် ကိုကို့ကိုအိမ်မက်ထဲထည့်မက်ပေးနော် တာ့တာ"
နက်လဲ အိမ်ထဲဝင်ပြီး ဆမူဆာသုပ်ထိုင်စားနေတယ် 'ခုတလော ကိုကို့ကိုတွေ့ရင် ပျော်နေပြီး ကိုကိုပြန်သွားရင်သတိရနေတပ်ပီ မုန့်ဆိုရင်တောင် ကိုကို့ကိုပဲပူစာတော့တယ် တခါတလေတွေးမိတယ် နက်ကိုကို့ကိုများချစ်နေမိပြီလားလို့ပေါ့ ဒါပေမယ့်မဖြစ်နိုင်ဘူး နက်အစားစားတဲ့အချိန်သူ့မျက်နှာကို မမြင်ယောင်ဘူး'
နက်တွေးပြီးမျက်လုံးမှိတ်ကြည့်တယ်
မမြင်ရဘူး'အင်းသေချာတယ် နက်ကိုကို့ကိုမချစ်ဘူး'
"ဟဲ့ Black နင်အစားစားပြီးတောင်အိပ်ပျော်နေတာလား "
"ဟာသွေး လာထိုင် ဘာကိတ်"
"ငါကကိစ္စရှိမှလာရမှာလား မနက်ဖြန်ပျောင်းသွားရင် ငါလာခေါ်မယ်နော် အာ့လာပြောတာ"
"ဟယ် ဘိုလုပ်မဲ နာ့ကိုကိုကလည်းလာကြိုမို့တဲ့"နက်ပြောင်ခြော်ခြော်ပြော လိုက်တယ် ဒါကိုသွေးက
"နင်နော် အကျင့်မကောင်းမလုပ်နဲ့ ငါနဲ့တူတူသွားမယ်ပြောထားတာကို"
"သွေးရာသိတ်မစိုးပါနဲ့နင်လဲလိုက်ခဲ့လေ နော် ရော့ဆမူဆာသုပ်စားကြည့်ကောင်းတယ်"
"Black နင် ဆေးတွေဘာတွေမှားသောက်ထားလား ဒါမှမဟုတ် နင့်ဆမူဆာသုပ်ကတော်တော်အရသာစိုးနေလို့လား"
မေးလည်းမေးချင်စရာလေ နက်ဆိုတာသူစားနေတဲ့မုန့်ကို သူသာအန်ထွက်အောင်စားမယ် တခါမှ သူများကိုခွဲပေးတာမှမဟုတ်တာ
"သွေးစုပ် မစားချင်နေပေါ့ ငါက အကောင်းနဲ့ကျွေးတဲ့ဟာ ဟွန့်"
"မစားဘူးမစားဘူး နင်ငါ့ကိုနဲနဲလေးကျွေးပြီးကျောင်းမှာ ငါ့ဆီက တဗြဲနှဗြဲစားသောက်တော်မှာ မသိရင်ခက်မယ် ငါသွားပြီ မနက်ငါ့ကိုစောင့်ဦးနော်"
..............
Thanks for reading
31 may 2021
YOU ARE READING
Fanfictionအနက်ရောင်ဆိုတဲ့ကောင်မလေးကိုမုန့်ကျွေးပြီးအဖြေတောင်းခဲ့တဲ့ကျွန်တော်သူများတွေသူ့ကိုမုန့်ဝယ်ကျွေးမှာတောင်ကြောက်နေရပြီသူကဘယ်သူတောင်းတောင်းပေးမှာတဲ့ဗျာ ရဲတိုက်ဦး အစားနဲ့အအိပ်အငှားလိုက်သည်နယ်ဝေးလက်မခံ😁 အနက်ရောင်...