Part8 zawgyi

793 10 0
                                    

Zawgyi
"သားကြီး အနက်လေးက ကြာလိုက်တာ မင်းဖုန်းဆက်ထားတယ်ဆို ဘာတဲ့လဲ"စနေသွေးတို့အိမ်က ပြန်ရောက်ရောက်ခြင်း မေမေမေးတော့တာပဲ
"ဟုတ်ကဲ့မေမေ ရဲတိုက်ဦးနဲ့တွေလို့ ရဲတိုက်ကသူ့ကိုမုန့်ဝယ်ကျွေးမယ်ဆိုလား
စိတ်ချမေမေ သူပြန်ပို့ပေးလိမ့်မယ်"
"ဘယ်လို ကိုကြီး ညီမလေးကိုသူနဲ့နှစ်ယောက်တည်း ဘာလို့လွှတ်လိုက်တာလဲ ဒီကောင်က အနက်ကို ကြိုက်နေတာလေ"
ဒေါ်ပန်းရောင် မုန့်လုပ်ဖို့မြေပဲရွေးနေရာက မျက်လုံးပါပြူးသွားတယ်"ဟဲ့ နင်တို့ကို နင့်ညီမက အဲ့တာက အစပြန်ပြောပြတယ်လား အမေဖြစ်တဲ့ ငါတောင်မသိရပါလားဟယ်"
"မဟုတ်ဘူး မေမေ အနက်မသိဘူး ရဲတိုက်လဲမပြောရသေးဘူး"
"ဒါဆို နင်တို့ကဘယ်လိုသိသွားတာလဲ"
လရောင်ကနေရောင်ပြောမှာကိုကြားကဖြတ်ပြီးပြောလိုက်တယ်
"ကိုရဲတိုက်ဦးက ကိုကြီးဆီမှာ အကူအညီတောင်းတယ်လေဆေးခန်းကိစ္စ| တကယ်တော့ဒါကိစ္စကပြီးသွားတာကြာပေါ့ သူအိမ်ကို အကြောင်းမရှိအကြောင်းရှာပြီးခဏခဏလာနေတာနဲ့ သားမေးခိုင်းလိုက်တာ"
"ဟယ် နေရောင် နင်အရှက်မရှိ အဲ့လိုပဲသွားမေးလိုက်တာလား အဲ့တော့ဟိုက ဘာပြန်ပြောလဲ "
"ဟီး သားလည်းဘယ်ထင်မလဲ ဒါပေမယ့် သူကကျောင်းမှာတည်းက မိန်းမအရှုပ်အရှင်းကင်းပါတယ် ပြီးတော့သူကညီမလေးကိုတကယ်ချစ်တာထင်တယ် မေမေလည်းတွေ့သားပဲ သူဒီလောက်သည်းခံတာ"
"နင်ကတော့လေ ယောက်ဖကို ခုတည်းက ကာကွယ်ပေးနေတယ်ပေါ့လေ"
လရောင်ကဆက်ပြီးတော့"မေမေကလည်း သားတို့က ညီမလေးကိုစိတ်ချလို့ပါ အနက်ကလေ အစားကလွဲရင် ဘာမှစိတ်ဝင်စားတာမရှိဘူး"
"ဟုတ်တယ်မေမေရဲ့ အနက်ကရဲတိုက်ကိုပြန်ချစ်မှာမဟုတ်ဘူး သူကဆရာဝန်တွေကိုလည်းမုန်းတယ်တဲ့ 😁သားတိုညီအစ်ကို ကိုပဲချစ်တာနော် ညီလေး"
"ဟုတ်တယ် ဒါကြောင့် သူဆရာဝန်မလုပ်တာလေ နောင်သုံးဘာသာကိုအောင်မှတ်ပဲဖြေခဲ့တာသာကြည့် ညီမလေးက သူ့အစ်ကိုနှစ်ယောက်ဆရာဝန်ဖြစ်နေတာတောင်စိတ်ညစ်နေတာ ဆရာဝန်ကိုတော့ရည်းစားတော်တော့မှာမဟုတ်ပါဘူး"
"အေးအေး နင်တို့ညီအစ်ကိုတွေကြက်ကြက်သတိထားနော် အငယ်မ လက်ထက်ပြီးမှ နင်တို့အိမ်ထောင်ပြုရမယ်ဆိုတိုင်း ငါ့သမီးကို တွေ့ရာလူနဲ့လိုက်ပေးစားနေတာလားမသိဘူး"
"ဘာတွေပေးစားနေတာလဲမေမေ ဘယ်သူ့ကိုလဲ ကိုကိုကြီးကိုလား"သူ့အတင်းတုပ်နေတုန်းသူ့အနောက်ကနေသိုင်းဖက်ပြီးပြောလာတဲ့သမီးကြောင့် ဒေါ်ပန်းရောင်လန့်သွားတယ်
အနက်ကတော့ထုံးစံအတိုင်းလက်ထဲမှာမုန်ထုတ်တွေနဲ့
"ဟောပြန်လာပြီလား အနက်လေး
မောင်ရဲတိုက်ဦးလည်းပါလာတာကိုး
ထိုင်ကွယ် ဘယ်လိုလဲမင်းညီမ တော်တော်မှပူစာခဲ့ရဲ့လား"သမီးထွေးလေးမို့နှမြောသာနှမြောတာ သူ့ကိုတော့သားမတ်တော်ချင်သား ရုပ်လည်းချော ပညာကလည်းတက် ပိုက်ဆံလည်းရှိ ယဉ်ကလည်းယဉ်ကျေး(အော် အေး အဲ့မှာသားမတ်ကိုအမွှန်းတင်နေလိုက်)
"ဟုတ်ကဲ့ မထိုင်တော့ဘူး အန်တီ အနက်ကို လိုက်ပို့တာ ကျွန်တော့်ကိုခွင့်ပြုပါဦး"
"အော်အေး အေး သတိထားပြန်ဦးနော်သား"
"ဟုတ်ကဲ့အန်တီ ကိုနေရောင်နဲ့ လရောင်သွားလိုက်ပါဦးမယ် အနက် မနက်ဖြန်မှတွေ့မယ်နော် "ဆိုပြီးထွက်သွားတယ် အနက်ကလွဲပြီးအားလုံးကတော့အံ့သြနေကြတယ် မနက်ဖြန်ကိစ္စရှိလို့လားပေါ့
အနက်မကတော့ လက်ထဲကကိုဖီးမလိုင်ဘူးကိုဖွင့်ပြီးစားနေလေရဲ့
မိုးလင်းထဲကစဉ်းစားမိတာစားဖို့ပါဘဲ
"ဟယ်လို ဖေဖေ "
"ဟုတ်စားမှာပေါ့ "
"ပြန်တောင်လာလို့အိမ်မှာ"
"အကုန်လုံးရှိတယ်ဖေဖေ"
"ဟုတ်ကဲ့ တာ့တာဖေဖေ"
ဖုန်းချသွားတော့
"ဘာတဲ့လဲ နင့်အဖေက"
"နက်နက်က ဒူးရင်းသီးမှာတာ မရဘူးတဲ့
အဲဒါ ကြက်မောက်သီးစားမလားလို့မေးနေတာ"
"အော် သူ့သမီးကိုများ စားမလားလို့မေးသေးတယ်"
ဦးအနဂ္ဂ ပင်စင်ယူပြီး မိန်းမအလုကးပ်တွေကူလုပ်ပေးနေတာ ခုလည်းဆိုင်တွေကိုမုန့်ပို့ပြီး အပြန် သမီးမှာတဲ့ မုန့်ဝင်ဝယ်ရတာပေါ့
လမ်းတစ်လျှောက်ဒူးရင်းသီးသည် မတွေ့တာနဲ့ ဘာမှမဝယ်သွားလို့ကလည်းမဖြစ် ဒါကြောင့်သမီးဆီဖုန်းဆက်ရတာ

မိသားစုကမချမ်းသာပေမယ့် စားလောက်ပါတယ် သားလတ်ကလည်းနောက်နှစ်ဆို ဆရာဝန်ဖြစ်ပြီ သမီးငယ်ကလည်းကောလိပ်တက်ပြီဆိုတော့ သိပ်မပံ့ပိုးရတော့ပါဘူး
သမီးငယ်လေးကျောင်းပြီးရင်တော့ သားသမီးသုံးယောက်လုံးကို အိမ်ထောင်ချပေးပြီး လင်မယားနှစ်ယောက် ရွာလေးတစ်ရွာမှာအခြေချမယ့်လို့တွေးထားတာ
စိတ်ပူရတာ သမီးငယ်ပဲ အငယ်ဆုံးမို့လို့လားမသိဘူး အရမ်းဆိုးတယ် ဒါလည်းငယ်သေးလို့ပါ သူအရွယ်ရောက်လာရင်သိတက်သွားမှာပါ
..............................
ရောက်လာတည်းက အိမ်ခန်းထဲဝင်သွားတာ ပြန်ကိုထွက်မလာသေးဘူး အသံလဲမကြားဘူး နောက်ဆုံးနေနဲ့လ မနေနိုင်တော့လို့ သူတို့ညီမအခန်းတည်းသွားပြီး
"နက် ဘာတွေရေးနေတာလဲ"လရောင်မေးလိုက်တော့
'ဟယ်အံသြစရာတော့ ဆယ်တန်းတုန်းကတောင် ဒီလောက်အသံတိတ် အားကြိုးမန်တက်မကြိုးစားခဲ့ဘူး
ခုမှ သူ့အခန်းက စာကြည့်စားပွဲမှာ ဘာတွေကုန်းရေးနေလဲမသိဘူး'
"ကိုလေးတို့ လာပါဦး ဒီမှာနက်မစဉ်းစားနိုင်တော့ဘူး"
"ဒါဘာတွေတုန်း "
နေရောင်ကပြောလည်းပြော စာအုပ်ကိုလည်းယူကြည့်လိုက်တော့
..................
Thanks for reading
ဘာတွေဖြစ်မယ်ထင်လဲ ပြောသွားကြည့်
😁
နဲနဲတိုသွားတယ်

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါWhere stories live. Discover now