Part 11(Uni)

2.1K 86 0
                                    

Uni
အချိန်က ညဆယ့်တစ်နာရီကိုတောင်တော်တော်ကျော်နေပြီ
"သွားတော့မယ်နော် အန်တီနဲ့ဦးလေး ကိုနေရောင်ရော လရောင်ရောပဲ ကျွန်တော်ပြန်လိုက်ပါဦးမယ် "နုတ်ဆက်တဲ့ထဲမပါတဲ့သူကတော့ လွန်ခဲ့တဲ့နာရီဝက် လောက်ကပဲ အိပ်သွားပြီလေ အိပ်တာတောင် ဧည့်ခန်းထဲမုန့်စားရင်းအိပ်ပျော်သွားတာ သူ့အစ်ကိုနှစ်ယောက် တစ်ယောက်တစ်ဖက်မပြီးအခန်းထဲပို့တာတောင် မနိုးဘူး အေးလေ စားထားသောက်ထားရတော့ခမျာ တော်တော်ပင်ပန်းနေရရှာမှာ
​'အော် ရည်းစားလေးတစ်ယောက်ရပါတယ် နေ့တောင်မကူးသေးဘူး အမှုကတက်တော့တာပဲ ကလေးလေးကိုသူ့အစ်ကိုတွေက မပေးချင်ဘူးထင်တယ် မပေးစားနိုင်သေးဘူးချည်းပဲပြောနေတယ် ခုပေးစားလိုက်တော့ ဘာဖြစ်တုန်း ခုတော့ကလေးအသက်ပြည့်ဖို့ဆို တစ်နှစ်တောင်စောင့်ရတော့မယ် 'အပြန်ကားမောင်းရင်းတွေးလာလိုက်တာ အိမ်ရောက်တော့ ဖိုးဖိုးက တန်းဆူတော့တာပဲ
"မင်း ဘာယ်ကပြန်လာတာလဲ ရဲတိုက် ငါမပြောချင်လို့ကြည့်နေတာ လွန်လာပြီနော် ခုဘယ်အချိန်ရှိနေပြီလဲ ငါမှာ အိုကြီးအိုမနဲ့ မင်းကိုစောင့်နေရတာ"
"Sorry ပါ အဖိုးရယ် ဖိုးမြေးချွေးမလေး ရရေး ဒီကမြေးက ကြိုးပမ်းနေလို့ပါ"
"တကယ်လား ဘယ်တော့ယူကြမှာလဲ"
"အာ လိုပါသေးတယ် တစ်နှစ်တော့ စောင့်ဦး"
"ဟေ"
.......................
ဦးအနဂ္ဂ ဒေါ်ပန်းရောင်ပြောသမျှတစ်ခါမှ မငြင်းခဲ့ပေမယ့် ခုကိစ္စကိုတော့ သူသိပ်သဘောမကျဘူး
သမီးလေးက ငယ်ငယ်လေးရှိသေးတာကို ယောက်ျားပေးစားဖို့ စီစဉ်နေတာ
မိမိစိတ်တစ်ခုတည်းသာဆို
သမီးလေးကိုပါ နယ်ကိုခေါ်သွားပြီး
နယ်မှာပဲ မိသားစုသုံးယောက်နေချင်တယ်
သားတွေကတော့ ရန်ကုန်မှာနေခဲ့ပြီးအိမ်ထောင်ပြုကြပေါ့
"မိန်းမ မိန်းမ သမီးကို အဲ့ကောင်လေးနဲ့မပေးစားလို့မရဘူးလားကွား"
ဒေါ်ပန်းရောင်အိပ်ပျော်နေတာတော်တော်တောင်ကြာနေပြီ သူ့ယောကျ်ားကလက်လေးတို့ပြီးစကားပြောလာတော့
"ဟယ် တော်ကြီးခုထိမအိပ်သေးဘူးလား
ဘယ်ချိန်ရှိနေပြီလဲ ကျွန်မအိပ်တောင်ပျော်နေပီ"
"အနက်လေးကိုလေ"
"ရှင်ဘာမှဝင်မပါနဲ့ တကယ်ဆို ကျွန်မက သူ့ကို ခုကတည်းကတောင်ထည့်ပေးလိုက်ချင်တာ မောင်ရဲတိုက်ဦးက ပညာတတ် ဉစ္စာပေါ ရုပ်ချော သမီးကိုလည်းတော်တော်ချစ်မယ့်ပုံပဲ
ရှင်မမြင်ဘူးလား
ရှင့်သမီးကိုလည်းကြည့်ဦး
လူကသာ အပျိုလေး စားလိုက်ပြီဆို ပြိတ္တာတောင် သူ့အမေခေါ်ရမယ်
အစားကလွဲရင် ဘာမှစိတ်မဝင်စားလို့ သူ့လည်းဘယ်သူမှယူမယ့်သူမရှိဘူးထင်ထားတာ မောင်ရဲတိုက်ဦးစိတ်မကုန်ခင် သူတို့ကိုပေးစားမှဖြစ်မယ်"
"ဟာ မိန်းမကလည်း သမီးလေးက လှပါတယ် မိန်းမနဲ့ဒီလောက်တူတာ နောက်ကြိုက်မယ့်သူတွေရှိလာမှာပါ ခုတော့"
"ရှင့်ကို ကျွန်မပြောမယ် သူလှတယ်ဆိုတာ သူစားတာကိုမမြင်သေးလို့လေ ကြာရင် ဘယ်သူမှသူ့ဒါဏ်ခံနိုင်မှာမဟုတ်ဘူး ကျွန်မစီစဉ်တာ သူကောင်းဖို့အတွက်နော် ခုလည်းကျောင်းတက်ပြီးနှစ်ဝက်လောက်ကျရင် ပေးစားလိုက်တော့မယ်
ရှင်ဘာမှထပ်မပြောနဲ့တော့ ခုကျွန်မအိပ်ချင်နေပီ အိပ်တော့ "ဆိုပီ့းတော့တောင်ချိန်:ခြောက်သွားသေးတာ
သူလာည်းဘာမှမတတ်နိုင်တော့ဘူးလေ
မိန်းမပြောတာလည်း ဟုတ်နေတာပဲ
............
မနက်အိပ်ယာက ထတော့ အနက်မွှေပြန်ပီပြီလေ ဦးရေခဲလမ်းက မုန့်ဟင်းခါးလေးစားချင်တယ်ဆိုလို့ ဝယ်ပြီးသွားပို့တာ အိမ်လည်းရောက်ရော
"ဟော သားတောင်ရောက်လာပြီ
အနက်ကတော့ ခုထိမထသေးဘူး ခဏစောင့်ဦး အန်တီသွားနှုးလိုက်ဦးမယ်"
"နေပါစေ အန်တီ သူနိုးနေပြီ သူလွန်ခဲ့တဲ့တစ်နာရီလောက်ကမှကျွန်တော်ဖုန်ဆက်တော့ မုန့်ဟင်းခါးစားချင်တယ်ဆိုလို့ ကျွန်တော်လာပို့တာ "
"ဘယ်လို သူကနိုးနေပြီဟုတ်လား အဲတာမင်းဖုန်းကိုကိုင်ပြီးပြန်အိပ်သွားတာနေမှာ
သူဒီအချိန်တစ်ခါမှ အိပ်ယာမထဘူးသေးဘူး ရှစ်နာရီဆိုတာ သူအိပ်ယာထချိန်မဟုတ်ဘူး "
ပြောလည်းပြောချင်စရာ ဆယ်တန်းစာမေးပွဲဖြေတော့တောင် ရှစ်နာရီခွဲကိုမနဲနိှုးပြီးထခိုင်းရတာလေ စာမေးပွဲသာဖြေတယ် တခါမှလည်းအိမ်ကစာနွှေးသွားတယ်ဆိုမရှိဘူး
ခုလည်းကြည့် ဖုန်းလာလို့ကိုင်ပြီးမုန့်မှာတာလေ ပြီးတော့ပြန်အိပ်နေတာ
နေလညီနောင်မနက်အစောကြီး လဘက်ရည်ဆိုင်မှာ တိုင်ပင်စရာရှိတာတိုင်ပင်ပြီး
အိမ်ထဲဝင်တော့ ညီမလေးနဲ့ရဲတိုက်ဦးနှစ်ယောက်တည်း ဧည့်ခန်းထဲမှာထိုင်နေတယ်
"စားကောင်းလား နက်လေး ကိုကိုက နက်ဘာနဲ့စားမယ်မှန်းမသိလို့ "
ဟိုအားကြိုးမာန်တက်မေးလာတာကိုအရေးတယူဖြေရှာတယ်
"အင်း"တဲ့တစ်လုံးတည်း
ဒီလောက်ပြန်ဖြေနည်းလား ကလေးခမျာ သူဝယ်လာတဲ့မုန့်ဟင်းခါးငါးပွဲလုံးကို
စားဖို့ကြိုးစားနေရတာလေ
မိသားစုငါးယောက်ရှိလို့ ငါးပွဲဝယ်လာတာပါဒါပေမယ့် အနက်အဖေနဲ့အမေက အလှူသွားမယ်ဆိုပြီးထွက်သွားတော့ မစားသွားဘူး ဟိုနေလညီနောင်ကလည်း လဘက်ရည်ဆိုင်သွားတာပြန်မလာသေးဘူးဆိြတော့ ငါးပွဲလုံးသည် အနက်တစ်ယောက်တည်းအတွက်ဖြစ်သွားတယ်
"ကိုကိုလေ နက်ကို ကိုကို့အဖိုးနဲ့တွေ့ပေးချင်တာ ကိုကို့အဖိုးကကိုကို့ကို သိပ်ချစ်တော့ ကိုကို့အနက်ကိုလည်း ကိုကို့လိုဘဲ ကိုကိုအဖိုးကချစ်မှာ အဲ့တာ ကိုကိုနဲ့အတူတူကိုကို့နက်လေးက ကိုကိုအိမ်ကို "
"ဟာ ဘာလိုတစ်ကိုတည်းကိုနေတာလဲ ခေါင်းတောင်မူးလာပြီ နားငြီးတယ်စားပြီးမှပြော"
အော်အေး သူဝယ်လာတာစားပြီးဟောက်လိုက်တာဆိုတာလေ ကိုယ့်မှာတော့ သူများကိုယ့်ကို ကိုကိုလို့ခေါ်မလားဆိုပြီး
နှုတ်ကြိုးအောင်ခေါ်ပြလိုက်ရတာ ဒါပေမယ့်သူစားပြီးတဲ့အထိတော့ ပါးစပ်ပိတ်ထားမှဖြစ်မယ် မဟုတ်ရင် ရည်းစားသက်တန်း နှစ်ဆယ့်လေးနာရီမပြည့်ခင်ပြတ်သွားနိုင်တယ်
သုံးပွဲမြောက်စားတော့မယ်အချိန်ကျမှ ပန်းကန်ထဲကို ငရုပ်သီးမှုန်တွေ သွားယူလာပြီးထည့်လိုက် ရဲနေတာပဲ
"နက်လေး ဟိုလေ ငရုပ်သီးက အဲ့လောက်စားလို့မရ "
နက်ရောင်စားနေရင်းက တစ်ချက်ကြည့်လိုက်တယ် ရဲတိုက်ဦး ပြေလက်စ စကားပါပြောက်သွားတယ် ခုတည်းကကြောက်ရပြီလေ
"နက် နက် နင်သေချင်နေပြီလား ငါဘာပြောထားလဲ ငရုပ်သီးတွေ ဘယ်လောက်တောင်ထည့်ထားတာလဲ "လရောင်ရောက်ရောက်ချင်း အနက်စားနေတယ့်ပန်းကန်ကိုကြည့်ပြီးအော်ပြီလေ
ရဲတိုက်တစ်ယောက် အားကိုးဖော်ရသွားတော့ "ကိုနေရောင်ရေ ပြောပါဦး စားနေတာတော်တော် များနေပြီ"
"နက်က ခုမှ စစားတာ ပြီးတော့ ငရုပ်သီးမှုန်က အ​ေ
ာင်ပဲရဲတာ သိပ်မစပ်ဘူး"
မစပ်ဘူးသာပြောနေတာ လူက ချွေးတွေရော နှပ်တွေရော ထွက်နေပြီ နှာခေါင်းလုံးလေးလည်း နီနေပြီ
​"တော်ပါတော့ နက်ရယ် ထပ်မစားနဲ့တော့နော် နက်အစ်ကိုတွေအတွက် ဒီနှစ်ပွဲ ချန်ထားလိုက်တော့နော် ကိုကို ရေခဲမုန့်ဝယ်ကျွေးမယ်လေနော်"
တကယ်တော့ နက်ငါးပွဲလုံး စားမလို့ပဲ ရေခဲမုန့်အသံကြားတော့
"အင်းပြီးရော သွေးတို့လမ်းထိပ်က ရေခဲမုန့်ဝယ်ကျွေး
ကိုကြီးနဲ့ကိုလေး ညီမလေး ရေခဲမုန့်သွားစားလိုက်ဦးမယ် မုန့်ဟင်းခါးတွေ စားလိုက်ဦးနော် အရမ်းစားကောင်းလို့ နက် မစားပဲနဲ့ချန်ထားတာ သွားပြီ တာ့တာ"
​မစားပဲတောင်ချန်ထားတဲ့ မုန့်ဟင်းခါးက ငါးဖယ်နဲ့အိုးဘဲဉတွေတော့ စားမကောင်းလို့ထင်တယ် ချန်မထားခဲ့ဘူး သူအနစ်နာခံပြီးနှိုက်စားခဲ့လိုက်တယ် အနက်ရောင်ဆိုတာ အစားနဲ့ပတ်သက်ရင် သူတပါးကို အရမ်းအနစ်နာခံတာ အဲ့လို
...........
နက်တို့အိမ်ရဲ့နောက်နစ်လမ်းကျော်က နက်ပြောတဲ့ရေခဲမုန့်ဆိုင်လေးကိုတွေ့ပါပြီ
ကလေးကိုမြင်တော့ရေခဲ့မုန့်သယ်ကြီး အရမ်းပျော်သွားပုံပဲ
"ဟော နက်နက်လေး ထုံးစံအတိုင်းပဲလား"
"ဟုတ် ကိုရဲတိုက်ဦးက ဘာစားမှာလဲ"
"ကိုကိုက ပန်းသီးဖျော်ရည်ပဲသောက်မယ်"
"ဦးလေး သူကပန်းသီးဖော်ရည်တဲ့"
..................
ရေခဲမုန့် ဆိုင်ရှင်က နက်ကိုဆယ်မိနစ်ခြားတစ်ခါ ရေခဲမုန့်တစ်ခွက်ပြီးတစ်ခက်လ ာချပေးနေတာ တစ်ခက်နဲ့တစ်ခွက်ကအရောင်လည်းမတူဘူး လေးခွက်မြောက်ရောက်တော့
"ကလေး ကိုကို့ကိုလေ ကိုကိုလို့ခေါ်ပါလား ကိုကိုက ကိုကို့ကို ကိုကိုလို့ခေါ်ခံချင်တာ "(ရှင်တော်တော်ဖြစ်)
"ဘာကွာလို့လဲ"
"ဟာ ကွာတာပေါ့ ကိုကိုက နက်ကလေးရဲ့ တရာဝင်ချစ်သူလေ နံမည်ကီ့းတပ်ပြီးခေါ်တာမခံချင်တော့ဘူးနော်နက်နက်နော်"
"အင်း စိတ်ကြည်ရင်ခေါ်မယ်"
"Black နင်ရောက်နေတာတောင်ငါ့ကိုမခေါ်ဘူး ငါနင့်အိမ်ကိုရောက်ခဲ့သေးတယ် နင်ဒီကိုလာတယ်ဆိုလို့လိုက်လာတာ"
...................
Thank for reading 😍27 may 2021
အကောင့်ပြောက်သွားလို့ မနေ့ကမှပြန်ရတယ် အာ့ကြောင့်ခုတင်လိုက်တာ

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါNơi câu chuyện tồn tại. Hãy khám phá bây giờ