Part 6 uni

2.4K 160 10
                                    

Uni
ဒီနေ့ အနက်နဲ့စနေသွေး ကျောင်းသွားအပ်ဖို့ထွက်လာကြပြီး
ကျောင်းရောက်မှ စနေသွေး တစ်ယောက် ဓာတ်ပုံမပါလို့ သန်းခေါင်စာရင်းမိတ်တူမပါလို့ဆိုပြီး
ကျောင်းထဲ ဝင်လိုက် ကျောင်းပြင်ထွက်လိုက်လုပ်နေတာ သုံးနာရီလောက်ရှိနေပြီ
"အသွေး နင်ငါ့ကို နဲနဲပါးပါးတော့သနားပါဦး ငါဒီနေ့မနက်ကတည်းက ဘာမှမစားရသေးဘူး"အနက်တစ်ယောက် ဗိုက်စာနေပြီလေ အချိန်က၁၂:၀၀လောက်ရှိနေပြီ
...........
ကျောင်းစအပ်ရမယ့်နေ့မို့ ရဲတိုက်ဦးရဲ့ကျောင်းဆေးခန်းလေးကိုလည်း လာကြည့်ဖြစ်တယ် လိုအပ်တာများရှိမလားပေါ့
တကယ်တော့စာသင်ဆောင်တွေနဲ့ ဆေးခန်းနဲ့ကသိပ်မဝေးလှပါဘူး ဒါပေမယ့်ရဲတိုက်ကတော့ ကျောင်းအုပ်ကိုသွားပြီ ကဂျီဂဂျောင်သွားလုပ်သေးတယ် စာသင်ခန်းတွေနဲ့ဆေးခန်းနဲ့ကဝေးတယ်တို့ ကလေးလေးတွေနေမကောင်းအသည်းအသန်ဖြစ်ရင် ဒီလောက်ဝေးတဲ့နေရာကိုဘယ်လိုလာမလဲတို့ စာသင်ဆောင်နားထားပေးပါတို့ပေါ့
​ကျောင်းအုပ်ကလည်း လိုက်လျောရှာပါတယ် "မရွေ့ပေးဘူး ဒီတိုင်းနေတဲ့"အေးရော ဟုတ်တယ်လေဆေးပေးခန်းက စာသင်ဆောင်ကနေလမ်းလျှောက်အလွန်ဆုံးငါးမိနစ်ပေါ့ ဒါတောင်အေးဆေးလျှောက်ရင်နော် အဲ့တော့ငါးမိနစ်အတွင်းသေမဲ့လူနာလည်း ကျောင်းကိုလာတက်ပါ့မလား စဉ်းစားလေ ကျောင်းအုပ်ကရွေ့ပေးမလား
ရဲတိုက်လည်း ပြောမရတဲ့အဆုံး
"ရတယ်နော် အဘိုးမှတ်ထား ကျွန်တော့်ကောင်မလေး လမ်းလျှောက်ရတာမောတယ်ပြောတဲ့နေ့ ကျွန်တော်အဲ့ဆေးခန်းကိုမီးရှို့ပြီး သူအခန်းထဲ သွားနေမှာ"ပြောပြီးထွက်လာလိုက်တယ်
"ဘာ ဟေ့ကောင် ရဲတိုက် ရဲဲတိုက်" ဦးရဲမာန်တော့ မကြားချင်ယောင်ဆောင်ပြီးထွက်သွားတဲ့ မြေးကိုကြည့်ပြီး'ငါမြေးတောင် အရွယ်ရောက်လာပီ့ပဲ'လို့တွေးပြီးပြုံးနေတော့တာ
.............
ရုံးခန်းကထွက်ပြီးအိမ်ပြန်ဖို့ကားရပ်ထားတဲ့နားသွားရင်း လမ်းဘေးက ထိုင်ခုံတစ်ခုမှာ ကျွန်တော့ရဲ့နက်နက်လေးကိုတွေ့လိုက်တယ် ဘေးနားမှာလဲ ဘယ်သူမှမရှိဘူး တသ်ယောက်တည်းထိုင်ပြီး ဘေးကသစ်ပင်က သစ်ရွက်တွေခူးနေတယ်
"အနက်ရောင် ဘာထိုင်လုပ်နေတာလဲ "
ကျွန်တော်လှမ်းမေးလိုက်တော့ကျွန်တော့ကိုလှည့်ကြည့်တယ်ဆိုရုံလေးကြည့်ပြီး သူဟာသူ ပုံမှန်အတိုင်းဆက်ခူးနေတယ်
ကျွန်တော်လည်းသူ့အနားရောက်ရော
ခုဏကခူးထားတဲ့အရွက်သေးသေးလေးတွေကိုပါးစပ်ထဲပစ်ထည့်လိုက်တယ်
"ဟာ အနက် ဘာတွေစားနေတာလဲ ထွေးထုပ် ထွေးထုပ်လိုက်"ကျွန်တော်သူ့ပါးကိုကိုင်ပြီး ထွေးထုပ်ခိုင်းတော့ သူကကျွန်တော့လက်ကို ပုတ်ထုတ်ပြီး
"မထုပ်ဘူး ဖယ် ဒါစားလို့ရတယ်"
"ဟုတ်လို့လား အဲ့ဒါဘာရွက်တွေလဲ" "မန်ကျဉ်းရွက်လေ"
"အန်....မန်ကျည်းရွက်အစိမ်းက စားလို့ရလို့လား ဘယ်သူမှစားတာမတွေ့ဖူးဘူး ပြီးတော့ ရေလဲမဆေးပဲနဲ့ကွာ"
"အစိမ်းစားမရရင် ဘယ်သူကမန်ကျည်းရွက်သုပ်ကိုရေနွေးဖျောလို့လဲ"
"အေးပါ စားရရင်တောင်ရေလေးတော့ဆေးသင်တယ်လေ ဖုန်တွေနဲ့ကို"
"မလိုပါဘူး ဖုန်ကပါးစပ်ဟရင်တောင်ဝင်တာ တစ်ခါတစ်လေစားတာဘာမှမဖြစ်ဘူး အသက်ရှူရင်ရော ဖုန်တွေနဲ့ဆိုပြီးရေဆေးပြီးမှရှူလို့လား"
' ငါဆရာဝန်တစ်ယောက်ရောဟုတ်ရဲ့လား ဒီကလေးပြောတာတွေ တစ်ခုမှနားမလည်ဘူး ပြိုင်ငြင်းနေလည်းထူးမှာမဟုတ်ဘူး '
"ကဲပါ ဟုတ်ပါပြီ ကျောင်းအပ်ပြီးပြီလား ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ"
"နက်က အပ်ပြီးပြီ နက်သူငယ်ချင်းကိုဆောင့်နေတာ သူကမပြီးသေးလို့ သူနဲ့တူတူပြန်မှာ"
အော်သူငယ်ချင်းကိုမန်ကျည်းရွက်စားပြီးစောင့်တဲ့မိန်းကလေးမျိုးမတွေ့ဘူးရင် ကြည့်သွားကြပါ ဒီနေ့ ကျောင်းအပ်တဲ့နေ့မို့လိုထင်တယ် ခါတိုင်းစည်းနှောင်နေကြဆံပင်လေးကိုချပြီးပဲများလာတာ ကလေးနဲ့တောင်မတူဘူး
သူ့မိဘတွေကလည်း ပေးရက်လိုက်တာ နံမည်က အနက်ရောင်တဲ့ ဘယ်နေရာနက်လို့လဲ အသားလေးကလဲဖွေး ပါးကလေးကလဲရဲ နှခမ်းလေးဆို စတော်ဘယ်တီသကြားလုံးလေးကြနေတာပဲ
​ကျွန်တော်ကသာသူ့ကိုငေးနေတာ သူကဘေးကမန်ကျည်းရွက်တွေခူးပြီး ပါးစပ်ထဲထည့်နေတာ တော်တော်တောင်ခရီးရောက်နေပီ
"ဟွန့် စနေသွေးတစ်ယောက် ငါ့ကိုတော်တော်ဒုက္ခပေးတယ် ဗိုက်ဆာနေပါပြီဆို တို့ဟူးနွေးတသ်ပွဲနဲ့ငါ့ကို ဖျားယောင်းသွားတယ်"
'သူယောကျ်ားလေးတသ်ယောက်နံမည်ခေါ်လိုက်တာလား သူငယ်ချင်းက ယောကျ်ားလေးလား သူ့ရည်းစားလား မဖ့စ်ဘူးမြန်မြန်ပြန်ပို့မှပဲ'
"အနက် ကိုယ်တို့ဘူဖေးသွားစားဖို့ကတိပေးထားတာလေ.."
"ဘာလဲ ခုကျွေးမို့လား ဒီကဗိုက်ဆာနေတာနော် စကားတွေအများကြီးမပြောချင်ဘူး"သိပါတယ် ဆာနေမှန်း ခုတောင်မရှိရှိတဲ့အရွက်တွေ ခူးစားနေတာ
"ကျွေးမှာပေါ့ အနက်နေကောင်းတာကိုစောင့်နေတာ ကိုယ်ကကျွေးချင်လွန်းလို့ သွားမယ်လေ သူငယ်ချင်းကိုစောင့်မနေနဲ့တော့ နက်လေးဗိုက်စာနေပြီမလား"
"အင်း သွားမယ်" ဒီတစ်ခါတော့သွားလေးဖြဲပြီးချစ်စရာကောင်းအောင် ရယ်ပြနေသေးတာ
"black.ရေ black ဟောဟဲ ဟောဟဲ ငါပြီးပြီ သွားမယ် "ဆိုပြီးပြေးလာတဲ့ ငမြွေထိုးရုပ်နဲ့ အရူးကောင်က ကလေးသူငယ်ချင်းလား
"Sorry အသွေး နင်အလာကောင်းပေမယ့် အခါနှောင်းသွားပြီ ငါနင်နဲ့ တို့ဖူးနွေးလိုက် မစားနိုင်တော့ဘူး"
"ဟေ နင်ဘာဖြစ်လို့လဲ ဗိုက်နာနေလို့လား ငါပြောပါတယ် အဲ့မန်ကျည်းရွက်တွေ ခူးမစားပါနဲ့ဆိုတာ နင်အူပြန်ရောင်ရင် ဘယ်လိုလုပ်မလဲ"
"ဟဲ့ ဖွဟဲ့မပြောကောင်းမဆိုကောင်း ငါဘာမှမဖြစ်ဘူး ဒီမှာတွေ့လား ဒီကိုကိုက ငါ့ကိုဘူဖေးလိုက်ကျွေးမလို့တဲ့ အဲ့တော့ နင့်တို့ဖူးနွေးမစားတော့ဘူး ဟီး"ဆိုပြီးရဲတိုက်ဦးမျက်နှာကို သူ့လက်ဖဝါးလေးနှစ်ခုလုံးဖြန့်ပြီး ညွှန်ပြလိုက်သေး
ဒါကို ဟိုငနဲက "black နင်နဲ့သိလို့လား နင့်အမေငါ့ကိုမှာလိုက်တယ်နော် တစိမ်းတွေကျွေးတာလျှောက်မစားရဘူးလို့ လာပါဟာ ငါနင့်ကိုတို့ဖူးနွေးသုံးပွဲကျွေးမယ်လေနော်"
"ဘယ်ကသူစိမ်းလဲ ဒါ ကိုကြီးရဲ့သူငယ်ချင်း ကိုလေးနဲ့လဲသိတယ် တစိမ်းမဟုတ်ဘူး"
"မိုးလင်းထဲကစဉ်းစားမိတာစားဖို့ပါပဲ
မျကိစိမှိတ်လို့အိပ်တဲ့ထိတောင်စားချင်နေတယ် ဝမ်းနဲပတ်လက်ဖြစ်မိတဲ့ခါစားမိတာပဲ"
ဒါဘယ်သူ့ဖုန်းringtone ထင်လဲ
"ကိုကြီးဆီကပဲ ဟယ်လို ကိုကိုကြီး
ပြန်မလာသေးဘူးဒီမှာလေ အသွေးတစ်ကောင်ကြောင့်ကြာနေတာ"
"ငါပြောမယ် ငါပြောမယ်" စနေသွေးတစ်ယောက်အနက်ဆီကဖုန်းကိုလုပြီး
"ကိုကြီးနေရောင်ရေ အနက်လေ ကိုကြီးနေရောင်သူငယ်ချင်းဆိုတဲ့သူနဲ့တွေ့နေတယ် ပြီးတော့သူနဲ့မုန့်သွားစားမလို့တဲ့
ဟုတ်ဘေးမှာရှိတယ်"စပီကာဖွင့်ပြီး ရဲတိုက်ကိုဖုန်းထိုးပေးတော့ရဲတိုက်လဲကိုင်ပြီးနားထောင်လိုက်တယ်"ရဲတိုက်လား"
"ဟုတ်ကဲ့ ကျွန်တော်အနက်ကို မုန့်လိုက်ကျွေးပြီးပြန်ပို့လိုက်ပေးပါ့မယ်"
​"အေးအေးသု့ကိုသိပ်အလိုမလိုက်နဲ့နော် သူကသိပ်စိုးတာ " ဆိုပြီးဖုန်းချသွားတော့ စနေသွေးဆိုတဲ့ကောင်လေးမျက်နှာက မိုးတွေပြိုလာသလိုပဲ
အနက်ရောင်ကတော့သူ့ဖုန်းကိုသူ အာဘွားတွေပေးနေလိုက်သေး
..................
Thanks for reading
ဖတ်တဲ့သူနဲလဲ voteမပေးလဲဆက်ရေးမှာ
ဒါဒါတွေကိုဂရုမစိုက်တာမဟုတ်ဘူးနော်
အပြင်က အနက်လေးကို ချစ်လို့

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါTempat cerita menjadi hidup. Temukan sekarang