Part 10 Zawgyi

822 9 0
                                    

Zawgyi
အနက်ကို ပို့ပြီးပြန်လာတည်းက လူကခြေတွေလက်တွေတုန်နေတာ ခုလည်းထိုင်လို့မရ ထလို့မရဖြစ်နေတယ် နေ့ခင်းက အနက်နဲ့သွားစားပြီးတည်းက ဘာမှကိုမစားနိုင်တော့တာ
အဖိုးကျောင်းက ပြန်လာတာလဲမသိဘူး
ညနေ ထမင်းစားချိန်ရောက်တော့ ကြီးမြက "သားရေ ထမင်းစားရအောင် သားအဘိုးစောင့်နေတယ်"ဆိုမှ
"ဟုတ်ကဲ့လာပြီ ကြီးမြရေ"
ရဲတိုက်ပြောသာပြောလိုက်တာ လူကသိပ်မစားချင် ရင်တွေ​ပြည့်နေတာလေ အရင်ကဆိုကြီးမြလက်ရာ ဘယ်တော့မှမငြင်း ရဲတိုက်တို့အိမ်မှာထမင်းချက်နေတာ ရဲတိုက်မူလတန်းလောက်ကတည်းကပဲ တကယ့်ဆွေမျိုးတွေလိုတောင်ဖြစ်နေပြီ
ထမင်းစားခန်းရောက်တော့
"ရဲတိုက် မင်းထမင်းစားဖို့တောင် ခေါ်နေရပြီဆိုတော့တော်တော် ရည်းစားပူမိနေတာလား အပူမိနေတာနဲ့တော့မတူဘူး မင်းရုပ်က ထီပေါက်လာတာလား"
"ဟဲဟဲ အရမ်းသိသာနေလားအဖိုး"
"အေး သိသာလားမသိသာလားတော့မသိဘူး ငါမင်းကြည့်ပြီး ထမင်းစားချင်စိတ်တောင်ပြောက်တယ် ဘယ်လိုဖြစ်နေတာလဲ ထိုင်မှာဖြင့်လဲထိုင် စားမှာဖြင့်လဲစား "
"ဟီး ဟုတ် ကျွန်တော်မစားတော့ဘူး "
ကြီးမြက သူ့အိမ်ပြန်ခါနီး ရဲတိုက်ဦးစကားကြောင့် "ဟင် ဘာလို့လဲသား နေမကောင်းလို့လား"
"ဟီးမဟုတ်ဘူး ကြီးမြ အပျော်လွန်ပြီးအလွန်ပျော်နေလို့ စားလို့မဝင်တာ"ဟုတ်တယ်လေ သူ့မှာခုမှရည်းစားရတဲ့လူပျိုနုနုထွဠ်ထွဠ်လေးဆိုတော့
"အေး ကြည့်လည်းလုပ် ငါ့မြေးရေ မင်းရည်းစားမရဘဲ ငါအသုဘလိုက်ပို့နေရမယ်နော် "
"ဟာအဖိုးကလည်း မဦးမချွတ် ကျွန်တော်က ခုမှ ချစ်သူလေးရရုံရှိသေးတယ်"
"ဟေ ဟိုက အဖြေပြန်ပေးလိုက်ပြီလား"ညဘက် ညဘက် ရည်းစားစကားပြောကျင့်နေတဲ့မြေးကို ခိုးခိုးမကြည့်ရတော့ဘူးပေါ့
ရဲတိုက်ဦးတစ်ယောက် မချိုမချဉ်မျက်နှာနဲ့ခေါင်းလေးညိမ့်ပြလိုက်တယ်
"မြန်လှချည်လားကွ မင်းကောင်မလေးကို
အိမ်ခေါ်လာဦးလေ ငါနဲ့လည်းမိတ်ဆက်ပေးဦးဟ"
"ဟုတ်ကဲ့ဖိုးဖိုး နောက်ကျအဆင်ပြေရင်ပေါ့ ခုတော့အပေါ်ထပ်တက်တော့မယ် ကျွန်တော့ကလေးနဲ့ ဖုန်းသွားပြောလိုက်ဦးမယ် မတွေ့ရတဲ့နာရီပိုင်းအတွင်းတော်တော်လွမ်းလိုက်တာ"
ရဲတိုက်ဦးအပေါ်ကို ပြေးတက်သွားတာများ ဆယ်နှစ်သားလေးကျနေတာပဲ
'အော် သူ့ခမျာ အမေနဲ့အဖေက အိမ်ထောင်ကွဲပြီး နှစ်ယောက်လုံးနိုင်ငံခြားမှာ အိမ်ထောင်သစ်တွေနဲ့မို့ ဒီအဖိုးကပဲစောင့်ရှောက်ထားတာ တစ်ခါမှဒီလိုရယ်ရယ်မောမော တက်တက်ကြွကြွ ပျော်နေတာမတွေ့ဖူးဘူး ခုတော့ ကောင်မလေးတစ်ယောက်ကြောင့်ပျော်နေတာတွေ့လိုက်ရပြီ!'
.....................
'ညနေတည်းက ကလေးဆီဖုန်းဆက်နေတာ ခုည၉;၀၀တောင်ထိုးတော့မယ် မကိုင်သေးဘူး'
"ဟယ်လို"
"ဟယ်လို ဒါ အနက်ရောင်ဖုန်းမဟုတ်ဘူးလားခင်ဗျ"
"အေးအနက်လေးဖုန်းပါ ခဏကိုင်ထားနော်"
"ဟယ်လို နက်ကလေး ဘာလို့ဖုန်းမကိုင်တာလဲကွာ ကိုယ့်မှာစိတ်ပူနေတာ"
"ဟီးအီး ကိုရဲတိုက်ရေ နက်ကိုကယ်ပါဦး"
"ကလေး ဘာ ဘာဖြစ်လို့လဲ ဘယ်နားနာလိုလဲ ကိုယ့်ကိုပြော"
'ဘေးမှာလဲ ရိုက်တာတွေရော ဒူးထောက်တာတွေရော ဆုံနေတာပဲ ကြာနေရတယ်'
"ကြားလား အဲ့တာကိုရဲတိုက်ကြောင့် နက်ဒူးထောက်နေရတာ
အားဟား မေမေက ရိုက်မို့တဲ့ အဲတာရှင်ကြီးမကောင်းလို့ အီးဟီး"
"ဟင် ကိုယ် ကိုယ်ဘာလုပ်မိလို့လဲ ကိုယ်ဘာမှမလုပ်ဘူးလေ"
"ဘာမလုပ်တာလဲ အီးအစ်အစ် နက်ရည်းစားထားတာမေမေသိသွားလို့ ဟင့် ရှင်ကြီးကြောင့်ပေါ့ ဒူးတွေလဲနာနေပြီ လက်တွေလဲ ညောင်းနေပြီ အစ် မုန်းတယ် ဟင့်"
"ဟာ သိသွားတာလား နက်ရိုက်ခံနေရတာပေါ့ ကိုယ်ခုလာခဲ့မယ် ကလေးမေမေကို ကိုယ်ရှင်းပြလိုက်မယ်လေနော် တိတ်တော့မငိုနဲ့ "
"မလာနဲ့မုန်းတယ် ဟီးအီး နေစုတ်လစုတ် ကိုလည်း အစ် မုန်းတယ် ဟင့်ရှင်ကြီးကိုလည်းမုန်းတယ်"
"မမုန်းပါနဲ့ကလေးရယ် ကိုကို မုန့်ဝယ်လာမယ်လေ ကိုကိုတို့လမ်းထိပ်က ကီးမားပလာတာအရမ်းကောင်းတယ် စောင့်နေနော် ခုပဲထွက်လာပြီ ဒါပဲနော်"
ရဲတိုက်ဦးတစ်ယောက် အောက်ထပ်ကိုဘယ်လိုဘယ်လိုရောက်လာလဲမသိဘူး
ကားသော့ဆွဲပြီးပြေးတာများ ဖင်ကမီးခိုးတောင်ထွက်တယ် လမ်းထိပ်မှာကီးမားပလာတာစောင့်နေတုန်း ယောက္ခမအိမ်သွားရမှာဆိုတော့ ဂါဝရလေးရှိဖို့လိုတယ်ဆိုပြီးစတိုးဆိုင်မှာမုန့်ပုံးတွေပါ ဝယ်ခဲ့လိုက်တယ် (ဖားတာ ဖားတာ)
ဖုန်းချပြီးထဲက ထပ်ငိုနေတာ ဆယ်ငါးမိနစ်လောက်ကြာတော့ လရောင်လည်းမချော့နိုင်တော့ဘူး
"တော်ပြီဟာ နင် မငိုနဲ့တော့ ငါလည်းနားတော်တော်ပူနေပြီ"ဆိုမှအားပြဲကြီးနဲ့ထငိုတဲ့အနက်ကြောင့် အနက်မျက်လုံးကို ရေခဲကပ်ပေးနေတဲ့ နေရောင်က"လရောင် မင်းဘာလို့ ကလေးကိုအော်နေတာလဲ သွားငါ့ညီမလေးကို ငါပဲချော့မယ် နော် နက်နက်လေး ကိုကိုကြီးတို့ကို စိတ်မစိုးနဲ့နော်
နက်လေးစားချင်တာ ကိုကိုကြီးဝယ်ကျွေးမယ်လေနော် တိတ်တော့နော် ညီမလေးမျက်လုံးတွေ ရောင်နေပြီ ညီမလေးက လိမ္မာပါတယ်နော်"ချော့စမ်းသေအောင် ဟိုကတိတ်ဖို့ လမ်းမမြင်
..........
နာရီဝက်လောက်ကြာတော့ အိမ်ရှေ့မှာကားရပ်သံကြားလိုက်လို့ လရောင် ထွက်ကြည့်လိုက်တော့ တွေ့ပါပြီယောက်ဖလောင်း အထုတ်ကြီးအထုတ်ငယ်နဲ့
"ဟာ ကိုရဲတိုက်ဦး ဆယ်နာရီတောင်ထိုးတော့မယ် ကိစ္စရှိလို့လား"
"ဟုတ်တယ် လရောင်ရေ အန်တီတို့ရော"
"မေမေတို့က အခန်းထဲမှာ လာလေ အိမ်ထဲဝင် ကျွန်တော်သွားခေါ်ပေးမယ်"ဘာလဲဟ အထုတ်တွေနဲ့ လာကန်တော့တာလား သီတင်းကျွတ်လဲမဟုတ်ပဲနဲ့
မေမေတို့ကိုခေါ်ပြီး လရောင်ထွက်လာတဲ့အထိ
နေရောင်နဲ့ ရဲတိုက် အနက်ကိုချော့တုံး
"သား ကိစ္စရှိလို့လား ညကြီးမင်းကြီး"
"ဟုတ်ကဲ့အန်တီ နဲ့ဦလေး နားနဲ့မနာ ဖဝါးနဲ့နာပါခင်ဗျာ တကယ်တော့ အနက်ရောင်ကိုကျွန်တော်သဘောကျနေတာကြာပါပြီ ခုလို သမီးရည်းစားတွေဖြစ်သွားတာလဲ နက်အပစ်မဟုတ်ပါဘူး ကျွန်တော်မှားတာပါ ကျွန်တော့မှာပဲ အပစ်ရှိတာမို့လို့ ကလေးကို အပစ်မပေးပါနဲ့ ကျွန်တော့်ကိုပဲအပစ်ပေးပါဗျာ"
"ဟယ်မဟုတ်တာ သားအပစ်မဟုတ်ပါဘူး အန်တီက သားကိုအပစ်မတင်ပါဘူး"
"အော် ဒါဆို နက်နက်ကိုကျ အပစ်ပေးပြီး သူကျတော့အပစ်မပေးဘူး အီး ဟီး မုန်းတယ်မေမေ့ကိုရော့ ရှင်ကြီးကိုရော ဟင့် အင့် "ငိုနေရင်းကီးမားပလာတာစားနေရတော့ အနက်ခမျာ အားငယ်နေတယ်ထင်တယ်
"ဟဲ့ အနက် လူကြီးတွေ စကားပြောနေတယ်လေ နင့်ဟာနင် စားစရာရှိတာစားစမ်း"ဒေါ်ပန်းရောင်ဟောက်လိုက်တော့ သူ့အစ်ကိုလေးရဲ့ရင်ခွင်ထဲသွားပြီးငိုနေသေးတယ်
"ကိုလေး အဲ့လူကြီးကိုမခေါ်နဲ့ သိလား သူ့ကိုနက်မုန်းတယ် ကိုလေးကိုပဲချစ်တော့မယ်"သူဝယ်လာတာစားပြီးသူ့အတင်းတော့တုပ်နေလိုက်
"သားတို့လူငယ်ကိစ္စအန်တီက ကန့်ကွက်စရာမရှိပါဘူးခုကသူ့ကိုက အရမ်းရွလွန်းလို့ ဒီနေ့ပဲရည်းစားစကားပြောတာ ဒီနေ့ပဲအဖြေပေးလိုက်တယ်ဆိုတော့"
ရဲတိုက်ဦးတို့တော့ ယောက္ခမကပါ ကိုယ့်ဘက်ပါနေပြီ
"အန်တီကိုရော ဦးလေးကိုရော ကျွန်တော်ကပဲ အနူးညျွန့်တောင်းပနိပါတယ် အနက်လေးကိုမဆူပါနဲ့တော့နေက်ျွန်တော်ရဲ့မိဘတွေက အဝေးမှာဆိုပေမယ့် ကျွန်တော့မှာ အုပ်ထိန်းသူ အဖိုးရှိပါတယ် ခုကအရမ်းနောက်ကျနေလို့ မခေါ်လာဖြစ်ပေမယ့်
မနက်ဖြန် ရက်ကွက်လူကြီးတွေနဲ့ အသေအချာခေါ်လာခဲ့ပြီး လာတောင်းပါ့မယ်"

"ဟိုး ဟိုး နေပါဦး ငါ့တူရဲ့ ဦးတို့က မင်းကို ဦးတို့သမီးနဲ့သဘောမတူရသေးဘူးလေ"
ဒေါ်ပန်းရောင်ကဦးအနဂ္ဂကို လက်တို့ပီး
"နက်က ငယ်သေးတယ်လေ သူကျောင်းပြီးမှပဲ အန်တီတို့.."
"မယူဘူးနော် နက် မယူဘူး နက်ယောက်ကျားမလိုချင်ဘူး သူ့လည်းမယူဘူး မုန်းတယ် အီးဟီး"
"အနက်မ နင်ငြိမ်ငြိမ်နေမလား ငါခုချက်ချင်းပေးစားရမလားပြော"ဆိုပြီးဟောက်လိုက်မှ ငြိမ်သွားတယ်
"နက်လေးကျောင်းပီ့းမှပဲ စဉ်းစားကြတာပေါ့"
"ဟိုလေ ကျွန်တော် နက်ကို တင့်တောင်းတင့်တယ်ထားမှာပါ ပြီးတော့အလိုလဲလိုက်ပါ့မယ် သူစိတ်လုံးဝ မဆင်းရဲစေရပါဘူး ကျောင်းပြီးမှတော့ဆိုတော်တော်လိုသေးတယ်လေ ကျွန်တော်က နောက်လလောက်ဖြစ်ဖြစ်"သူတော်တော်ဖြစ်
မဖြစ်လို့လဲမရဘူးလေ အနက်ကခုတောင်မယူဘူးလုပ်နေတာ ကျောင်းပီးမှဆို မလွယ်
နေရောင်က ဝင်ပြောတယ်
"မဖြစ်ဘူး ဟေ့ကောင် ငါ့ညီမက ဆယ့်ရှစ်နှစ်တောင်မပြည့်သေးဘူး မင်းလိုချင်လဲ အသက်ပြည့်တဲ့ထိစောင့်"
............................
Thanks for reading ❤️❤️❤️

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါWhere stories live. Discover now