Part17 (uni)

2.1K 83 0
                                    

uni

ကျွန်တော့်ရဲ့ကလေး အိပ်နေတုန်းလေး သူစားချင်တာလေးတွေ အပြင်ထွက်ဝယ်လိုက်တယ်
အပြင်ထွက်လက်စနဲ့ ညကပိတ်ထားတဲ့ဖုန်းလေး စက်ပြန်ဖွင့်လိုက်တော့ ကျွန်တော့ရဲ့တစ်ဦးတည်းသောအဖိုး ဆက်ပါပြီ
"ဟယ်လို ဖိုးဖိုး"
​"အေး ငနာလေး မင်းခုဘယ်မှာလဲ "

"ပဲခူးမှာ ဖိုးဖိုးနက်တို့အိမ်ကိုသွားပြီးပြီလား"
"အေး ငါ့မှာလေ အိုကြီးအိုမနဲ့ သူများအိမ်သွားပြီး သူ့သမီးကို ငါ့မြေးကခိုးသွားလို့ဆိုပြီး ညကြီးမိုးချုပ်သွားတောင်းပန်ရတယ် မင်းတော်တော်ဒုက္ခပေးတာပဲ"

"ဟီး သားလည်းမရည်ရွယ်ပါဘူး"

"ဒါနဲ့မင်းတို့ကို ဟိုကသဘောတူထားပီ့းသားဆို အဲ့ဒါကိုများကွာ မင်းမို့လို့ မိန်းကလေးမိဘတွေကဘာမှသိပ်မပြောပေမယ့်
သူ့အစ်ကိုတွေကတော့ တော်တော် မကျေနပ်ကြဘူးနော် မင်းတို့ဘယ်တော့ပြန်လာမှာလဲ"
"သားတို့ ရပ်ကွက်ရုံးမှာညကျရင်လက်မှတ်ထိုးပြီး ဒီမှာအေးအေးဆေးဆေးနေဦးမလားလို့"
"မဖြစ်ဘူးဟေ့ကောင် ကောင်မလေးကို သူ့မိဘဆီပြန်အပ်ပြီးခန်းခန်းနားနား မဂ်လာဆောင်ပေးရမယ် မင်းတို့မြန်မြန်ပြန်လာတော့"
"ဟုတ်ကဲ့ ဖိုးဖိုး သားတို့မနက်ဖြန်ပြန်လာခဲ့ပါ့မယ် တာ့တာဖိုးဖိုး"
တကယ်တော့ ကျွန်တော်ရန်ကုန်မပြန်ချင်သေးဘူး နက်မိဘတွေသဘောမတူမှာလဲကြောက်တယ် ပြီးတော့ သူတို့သမီးကငယ်သေးလို့ဆိုပြီး သဘောမတူရင်ကျွန်တော်အသဲတွေကွဲမှာ
.......
နက်အိပ်ရာကနိုးတော့ ကုတင်ဘေးမှာ နက်ကိုပြုံးပြုံးကြီးကြည့်နေတဲ့ ကိုကိုက
"နက်လေး နိုးပြီလား ထမျက်နှာသစ် ကိုကို နက်အတွက်မနက်စာတွေဝယ်လာတယ် ဒီနေ့တော့ နက်နေသိပ်မကောင်းလို့ နက်နဲ့တည့်တာပဲဝယ်လာတယ် နက်ဖြန်မှနက်နဲ့ကိုကို အပြင်ထွက်ပြီးကြိုက်တာသွားဝယ်စားမယ်နော်"
နက်ခေါင်းလေးငြိမ့်ပြီး မျက်နှာသွားသစ်တယ် မနက်စာစားနေတုန်းရဲတိုက်ဦးကို နက်က"ကိုကို နက်တို့ ဘယ်တော့ပြန်မှာလဲ မေမေတို့စိတ်ပူနေကြပြီထင်တယ် နက်မေမေတို့ကိုသတိရတယ်"
"နက်ကပြန်ချင်ပြီလား မနက်ဖြန်ကျရင် ကိုကိုတို့ပြန်ကြမယ်လေနော်"ရဲတိုက်ဦးမျက်နှာသိသိသာသာပျက်နေတာ နက်သိတယ် ဘာလို့ပါလိမ့်
"နက် ရန်ကုန်ရောက်လိုရှိရင်လေ ကိုကို့ကို မခွဲသွားရဘူးနော် နက်မရှိရင် ကိုကိုသေမှာ"
"အော် ကိုကိုရယ် ဘာများလဲလို့ စိတ်မပူနဲ့ နက်ကကိုကို့ကိုဘာလို့ခွဲသွားရမှာလဲ"
"တကယ်နော်နက် ပြီးမှစားပြီးနားမလည်မလုပ်နဲ့ နက်ကိုကို့ကို အပျော်ကြံရင် ကိုကိုပဲရူးရမှာ"
​"အော် အေးရှင်ကြီးကိုကျွန်မက ခိုးလာတာလေ ပြီးတော့ အဓ္ဓမကျင့်ပြီး အပျော်ကြံမှာ ရှင်ကြီးကိုဗိုက်တစ်လုံးနဲ့ထားခဲ့မှာ သိလား အဲ့မှာ စိတ်ပူနေလိုက်"
"ဟီး နက်ကလည်း ကိုကိုကနက်ထက်ချစ်ရသူကိုး နက်က မိဘတွေသဘောတူတာတောင်ကိုကို့ကို မယူဘူးကြီးပဲငြင်းနေခဲတော့ ကိုကိုကစိတ်ပူတာပေါ့"
"ဒီကနေမကောင်းလို့အစားလေး အေးဆေးစားရမလားမှတ်တယ် နားတော်တော်ပူတယ်တော်ပြီ မစားတော့ဘူး နက်နက်တို့များယောက်ျားရကံမကောင်းလိုက်တာ "ဆိုပြီးထသွားတာ
မနက်စာစားမသွားဘူးထင်နေလား ဟိုကနှစ်ယောက်တူတူစားဖို့ဝယ်လာတာ သူတစ်တစ်ယောက်တည်းစားပြီးလို့ ကျန်တောင်မကျန်တော့ဘူး
နှစ်ယောက်စားမှာဆိုတော့ နဲနဲလေးလိုထင်လား ရှမ်းခေါက်ဆွဲကနှစ်ပွဲ အသားပေါင်းကနှစ်လုံး အုပ်သုပ်ကတော့တစ်ပွဲပဲရလို့ တစ်ပွဲပဲဝယ်လာတာ လက်ဘက်ရည်ပါဆယ်ကြီးတစ်ခွက် အားလုံးအပြောင်ပဲ ရဲတိုက်ဦးတော့ငတ်ပြီ
(အေးလေ အဲ့လောက်အစားဘီလူးကိုယူထားမှတော့ မနက်စာနင်မှမငတ်ဘယ်သူငတ်မလဲ)
နေ့ခင်းရောက်တော့ "နက်နက် နေ့လယ်စာ ဘာစားချင်လဲ ကိုကိုသွားဝယ်ပေးမယ်"
"အင်း"
လေးလေးနက်နက်နဲ့စဉ်းစားတယ်
"ဘာဖြစ်ဖြစ်ရတယ်ကိုကို နက်မနက်က နေမကောင်းလို့ မနက်စာသိပ်စားမကောင်းဘူး နေ့လယ်စာတော့ နက်ကောင်းကောင်းစားမှဖြစ်မယ် ကိုကို သွားရင်နက်ပါလိုက်မယ် တူတူသွားစားကြတာပေါ့"
စားမကောင်းလို့ဘဲ စားများကောင်းရင်တော့ ပြောလဲပြောချင်တယ် ပြောလည်းပြောရဲဘူး
"Ok ကလေးလာသွားရအောင် ကိုကိုလည်းပဲခူးမြို့ကိုသိပ်မကျွမ်းဘူး ဘာဆိုင်တွေရှိမှန်းသိပ်မသိဘူး လမ်းမှာတွေ့တာဝယ်စားကြတာပေါ့"
တလမ်းလုံးဘုရားဖူးလိုက် ဆိုင်တွေ့ရင်ဝယ်စားလိုက်နဲ့ မနက်က ကျသွားတဲ့အဖျားကပြန်တက်ချင်လာတယ်
"ကိုကို ပြန်ရအောင် နက်အိပ်ချင်နေပြီ"
"ဟင် နက်ပြန်ဖျားပြန်ပြီထင်တယ် အင်းအင်းကိုကိုတို့ ပဲခူးမှာတစ်ညအိပ်ပြီး မနက် စောစောရန်ကုန်ပြန်ကြတာပေါ့နော်"
................
"မေမေသားတို့တော့ သဘောမတူဘူးနော် ညီမလေးက ခုမှဆယ့်ရှစ်နှစ်တောင်ပြည့်သေးတာမဟုတ်ဘူး ခုလည်းကြည့် ဖျားလာတယ် သားတို့သူနဲ့စိတ်မချဘူး"
ရန်ကုန်ရောက်တည်းက အနက်ရောင် အဖျားလုံးဝမကျဘူး သွားအပ်တဲ့နေ့ထိပဲ
နောက်ဆုံးလရောင်က သူ့ညီမလက်ထပ်မှာကို အတိအလင်းကန့်ကွပ်တော့တာပေါ့
"လရောင်ရယ် မေမေတို့ဖေဖေတို့သဘောထားကို အရင်ပြောပါစေဦး "နေရောင်ကတော့ အစ်ကိုကြီးပီပီဝင်တားတယ်
ဒေါ်ပန်းရောင်က"ဟိုကျွန်မတို့ကတော့ပြောရမှာအားလဲနာပါတယ် သားကြီးကို အရင်လက်ထပ်ပေးမလားလို့လေ သားကြီးတို့မဂ်လာကိစ္စက နောက်တစ်ပတ်တည်း စီစဉ်ပြီးသားဖြစ်နေတော့ နောက်မစုပ်ချင်ဘူးလေ "
ဦးရဲမာန်ကလည်းခေါင်းငြိမ့်ပြီး"ဟုတ်တာပေါ့ ဒါဆိုမြေးတို့ကိစ္စကနဲနဲနောက်စုပ်ဖို့လိုတာပေါ့"
"ဟုတ်ကဲ့ မိသားစုတစ်ခုမှာ တစ်နှစ်တည်းနှစ်မဂ်လာမဆောင်ကောင်းဘူးဆိုတော့ နက်တို့ကိုနောက်နှစ်လောက်မှ စီစဉ်ပေးမလားလို့ ခုလောလောဆယ်တော့ စေ့စပ်ပွဲလေးပဲလုပ်ကြတာပေါ့"
ရဲတိုက်ဦးမျက်နှာ ဆီးသီးစေ့လောက်သာကျန်တော့တယ်
အဲ့ချိန် နောက်ဖေးမှာ ဧည့်သည်တွေတွက်မုန့်တွေကို သူတစ်ယောက်တည်းစားဖို့ကြံစည်နေတဲ့ကောင်မလေးတသ်ယောက်ထွက်လာပြီး
"မရပါဘူး နှစ်မဂ်လာမကောင်းရင် သုံးမဂ်လာဖြစ်အောင် ကိုလေးကိုဘုန်းကြီးဝတ်ပေးလိုက် နက်နက်ကတော့ ခုယူမှာ "
လာပါပြီ ကယ်တင်ရှင်ကြီး ရဲတိုက်ဦးရောက်ကတည်းက နက်လေးကိုမတွေ့ရတော့တာ ခုမှတွေ့ရတယ် ကလေးပါးလေးပိန်သွားတယ် အစားမစားနိုင်လို့များလားပဲ
"အနက် လူကြီးတွေစကားပြောနေတယ် ကလေးက ကလေးလိုနေစမ်း နင့်ကိုငါ အခန်းထဲမှာနေလို့ပြောနေတာကို လေစိမ်းတွေတိုက်လို့ထပ်ဖျားမယ်ဆိုတာ နင်တော်တော်ပြောရကျပ်ပါလား နေရောင်သူ့ညီမကိုလက်ဆွဲပြီး အခန်းထဲဝင်သွားတယ်
................
Thanks for reading
Vote တစ်ရာပြည့်လို့upလိုက်တာ😁

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါWhere stories live. Discover now