12(zawgyi)

309 2 0
                                    

zawgyi

သွေးလက်ထဲက မုန့်ထုပ်လေးကိုကြည့်ပြီး
"ငါက နင်မေ့နေပြီတောင်ထင်တာ ဟီး"
ဒီနေ့ သူတို့နှသ်ယောက်မြို့ထဲမှာ ကျောင်းတက်ဖို့လိုတာတွေသွားဝယ်ကြမလို့မနေ့ကတည်းကချိန်းထားတာ
"မေ့စရာလား မေမေနေမကောင်းလို့ ငါနဲနဲနောက်ကျသွားတာ Black စားလို့ပြီးရင် သွားမယ်လေဟာ နင့်အတွက်တိုရှည်ပါတယ်"
စနေသွေး အနက်ကိုကြည့်ပြီးပြောတော့
"နင်ကလည်းလာထိုင်ပါဦးဟ ငါမလိုက်တော့ဘူးကိုကြီးကသူဝယ်ပေးမယ်တယ့် ငါဝယ်ရင်ဆေးဖိုးထက် ဝါးခကြီးလို့တဲ့"
"ဟာ နင်ကလည်း နှစ်တိုင်းငါတို့နှစ်ယောက်တူတူသွားဝယ်နေကြကို"
"မတက်နိုင်ဘူးလေ မဝယ်နဲ့ဆိုတော့ မဝယ်ရုံပေါ့ပိုတောင်သက်သာသေး
နေဦးငါမိတ်ဆက်ပေးမလို့ ဒါကိုကြီးရဲ့ဂျူနီယာ ကိုရဲတိုက်ဦးတဲ့ ဒါကနက်သူငယ်ချင်း စနေသွေးတဲ့ "
နက်ပြောလိုက်တဲ့စကယးကြောင့်ရဲတိုက်နဲနဲတော့တင်းသွားတယ် ကိုယ်ကနက်ရည်းစားလေ ဒါပေမယ့်မပြောရဲဘူးလေ ကြောက်ရတယ် အဲတော့ပြောရဲတဲ့သူကိုပဲ
"နေပါဦး မင်းက အနက်ကို ဘယ်လိုခေါ်လိုက်တာလဲ သူ့နံမည်အနက်ရောင် သူ့မိဘပေးထားတာ မင်းခေါ်ချင်တိုင်း ခေါ်လို့မရဘူး"
"Black ကတောင်ဘာမှမပြောတာ ခင်များက သူ့အဖေလား"
"ခေါ်ချင်သလိုခေါ်ပစေ သူကနက်သူငယ်ချင်းလေ သွေး နင်ကြိုက်သလိုခေါ်"
"မရပါဘူး ကိုယ့်ကောင်မလေးကို တခြားသူက ခေါ်ချင်သလိုခေါ်တာ ကိုယ်သဘောမကျဘူး"

"ဘာ ကောင်မလေးဟုတ်လား"
"သွေး ငါပြောဖို့မေ့နေတာ ငါကိုရဲတိုက်ဦးကို မနေ့က အဖြေပေးလိုက်ပြီ"
"ဘာ ........black ငါ့ကိုလာနောက်မနေနဲ့နော်
Black ပြောတော့ ကျောင်းတက်တဲ့နေ့ ငါ့ကိုချစ်တယ်လို့ပြောမယ်ဆို"
"ဟေ့ဟေ့ မင်းကိုမချစ်လို့ ငါ့ကိုအဖြေပေးလိုက်တာပေါ့ကွ လာအနက်ပြန်မယ်
ဦးလေးဒီမှာ ပိုက်ဆံထားခဲ့ပြီနော်ပြန်မအမ်းနဲ့တော့"
ရဲတိုက်ဦးတော်တော်စိတ်တိုသွားတယ်
အနက်ကိုလက်ဆွဲပြီးဆိုင်ထဲကထွက်လာခဲ့တယ်'ကလေးက သူ့ကိုချစ်တယ်ပြောမှာလား သူနဲ့အတူတူကျောင်းတက်မှာဆိုတော့ စိတ်ချရပါ့မလား'
ကားပေါ်တက်ပြီး ဘာစားမှမပြောတဲ့ကိုယ့်ကိုသူကစပြီး
"ကိုရဲတိုက်ကလည်း သွေးသနားပါတယ် ဘာလို့အဲ့လိုပြောလိုက်တာလဲ"
"သနားစရာလား သူကနက်ကိုချစ်နေတာလေ ကိုကိုကသူ့ကိုဘယ်လိုလို့ကြည့်လို့ရမှာလဲ နက်နော်ကလေးအဲ့သွေးစုပ်ဖုပ်ကောင်နဲ့ ထပ်မတွေ့နဲ့တော့ ကိုကိုမကြိုက်ဘူး ကျောင်းသွားရင်လည်း သူနဲ့မတွဲနဲ့နော် ကိုကိုကနက်ကိုယုံပေမယ့် သူ့ကိုစိတ်မချဘူး နက်အဲ့ကောင်ကိုစကားသွားမပြောနဲ့တော့ ဖုန်းလဲမဆက်နဲ့ သူဖုန်းဆက်လဲမကိုင်နဲ့နော် ကြာလား"
ရဲတိုက်ဦးတစ်ယောက်ကားမောင်းရင်း နက်ဖက်လှည့်ကြည့်လိုက်တော့ ဘေးမှာ ကာလနဂါးလေးကအိပ်တောင်ပျော်နေပြီ
............
"ကိုကြီးပြောသလိုဆို သွေးကရော လက်ခံပါ့မလား"
"ငါနှင်းကိုမေးပြီးပြီ နှင်းပြောပုံအရဆိုရင် သူ့မောင်ကလည်း နက်ကိုတော်တော်ချစ်တယ်ကွ"
စနေသွေးကိုဆယ်တန်းစာသွားသင်ရင်းသွေးအစ်မနဲ့ကြိုက်နေတဲ့နေရောင်ကသူ့ရည်းစားနှင်းပွင့်သွေးဆီက ခဏခဏကြားနေရတဲ့သွေးအကြောင်း ကို ညီဖြစ်သူကိုဖောက်သည်ချနေတာ
"အဲ့တော့ ရဲတိုက်နဲ့မယူဖြစ်အောင် သွေးနဲ့ငါတို့ကအချိန်ဆွဲထားနိုင်ရင် ငါနဲ့နှင်းနဲ့လက်ထပ်ပြီး မင်းလည်းမင်းချစ်သူနဲ့လက်ထက် အေးနောက်ဆုံးမှ နက်လေးကို ရဲတိုက်နဲ့သဘောမတူဘူးဘာညာပြောပြီး မေမေတို့နဲ့တောမှာသွားနေခိုင်းလိုက်မယ်"
"ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့ထိတောင် ကိုရဲတိုက်က နက်ကသည်းခံနိုင်မှာမဟုတ်ဘူး ဟီး"
"တီ........"
"နက်တို့ပြန်လာပြီထင်တယ် မေမေတို့နဲ့တူတူပြန်လာတာလား"
အမေရောအဖေရောရဲတိုက်ဦးနဲတူတူဝင်လာပေမယ့် နက်ကတော့ခြံရှေ့မှာ
အိမ်ထဲဝင်မလာဘူး ဘာတွေကောက်နေမှန်းမသိ
"မေမေနက်ဘာဖြစ်လာတာလဲ"
"မေမေတို့ကိုရဲတိုက်ဦးက လာကြိုတော့ လမ်းမှာ ကျွဲခေါင်းသီးရောင်းတယ့်အသယ်တွေ့လာတယ် အဲ့ဒါမစားရလို့စိတ်ကောက်နေတာ မောင်ရဲတိုက်က ဝယ်ပြီးမှ ရေခဲမုန့်နဲ့မတည့်ဘူးသူ့ကိုမစားနဲ့လို့ပြောလို့တဲ့
အဲ့တာနင့်ညီမ မစားရလို့တလမ်းလုံးငိုလာတာ ငါတော့တော်တော်စိတ်ညစ်တယ်"
......................
နက်နေ့လယ်ထမင်းစားပြီးထဲက မီးဖိုချောင်ထဲမှာ လက်ဘက်ထောင်းနေတာ သုံးနာရီလောက်ရှိပြီ
နောက်တစ်ပတ်ကျောင်းစတက်ရတော့မှာမို့လို့မအားတော့ဘူးဆိုတော့ ဒီတစ်ပတ်လုံးသူမွှေရမယ်လေ
သွေးလာမှာမို့ လက်ဘက်သုပ်စားကြမှာလေ နှပ်ထားတဲ့လက်ဘက်ဆိုစားမကောင်းလို့ကိုယ်တိုင်ထောင်းနေတာ
ထောင်းတုန်းက အကောင်းပဲခဏကြာတော့ ငရုပ်သီးစိမ်းတွေ့ထည့်ထားတဲ့အမှုက တော်တော်ဒုက္ခပေးတယ် ပူတာအရမ်းပဲ
"Black ငါရောက်ပီ့ နင်သုပ်ပြီးပီလား စားမယ်လေ "
လက်လေးတစ်ခါခါနဲ့ထွက်လာတဲ့အနက်ကိုမြင်တော့"Black နင်ပြောတော့လက်ဘက်သုက်ထားမယ်ဆို ခုတော့လက်ခါပြနေတာ ဘာသဘောလဲ"
"ဟင့် ဟင့် ငါ့လက်တွေပူနေလို့ ဟင့် လက်ဖက်က သုပ်ပြီးပြီ ဟီးအီး"
မေးမှပဲ ငိုတော့တယ် သွေးကြည့်လိုက်တော့ အခြေအနေမကောင်း လက်နှစ်ဖက်လုံးနီရဲနေတာပဲ
"ဟင် နင် ငရုပ်သီးတွေ ဘယ်လောက်တောင်ထည့်ထားတာလဲကွာ နေဦး အဲ့လိုခါမနေနဲ့ ငါမှုတ်ပေးမယ်"ဆိုပြီး နက်လက်နှစ်ဖက်ကို အေးလိုအေးငြားလေနဲ့မှုတ်ပေးနေတယ်
နက်ကတော့ ငိုပြီး"ဟီးအီး အဲဒါနင်စားချင်လို့ဖြစ်တာ ဟင့် ပူလိုက်တာ ဟင့် နင်မကောင်းလို့ ဟင့်ဟင့်"
"အဲ့ဒါ ဘာဖြစ်နေကြတာလဲ"ရဲတိုက်ဦးမျက်နှာကြီးတင်းပြီးမေးလိုက်တော့ နက်လန့်တောင်သွားတယ်
...................
Thanks for reading
29 may 2021
မနေ့က မီးပြတ်လို့မတင်လိုက်ရဘူး

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါTempat cerita menjadi hidup. Temukan sekarang