Part 13(uni)

1.8K 65 0
                                    

Uni
နေလညီနောင် တိုင်ပင်ထားတာက ရဲတိုက်ဦးအိမ်မလာအားတဲ့နေ့တွေမှာ အနက်ကို
သွေးနဲ့တွေ့ပေးမယ် ကျောင်းသွားကျောင်းပြန်လည်းတူတူ ဆိုတော့ ဒီနှစ်ယောက်နီးစပ်ပြီး အနက် ရဲတိုက်အပေါ် စိတ်ဝင်စားမှုရော့လာမယ်ပေါ့
ဒီနေ့လည်း မေမေဖေဖေတို့နဲ့အတူသူတို့ညီနောင် နေရောင်ရဲ့ကောင်မလေးနှင်းပွင့်သွေးတို့အိမ် လူကြီးခြင်းစကားပြောဖို့ရောက်နေကြတာ
အနက်ကိုအိမ်မှာတစ်ယောက်တည်းထားခဲ့တာလေ
ရဲတိုက်ဦးက ဒီနေ့သူတို့အိမ်မှာမရှိဘူးလို့ပြောထားပြီးပြီ
သွေးကိုလည်း နက်ဆီသွားလိုက်လို့ပြောပြီးပြီ အေးဆေးပဲပေါ့
သွေးဆိုတာ နက်ကိုအရမ်းချစ်တာ ဘာပဲပြောပြော နက်ရည်းစားရှိလို့ဆိုပြီး လက်လျော့သွားမယ့်ကောင်မဟုတ်ဘူးလေ
..................
ဒီနေ့ အစ်ကိုနှစ်ယောက်လုံး ထူးဆန်းနေတာ တကယ်ဆို ကိုကြီးကောင်မလေးအိမ်သွားမှာတစ်အိမ်လုံးဖြစ်ပြီး ငါ့တစ်ယောက်တည်းမခေါ်သွားဘူး
"နက်နေခဲ့လိုက် သွေးက သူ့အစ်မကိုလာတောင်းမှာသူမျက်နှာပူလို့တဲ့ အဲ့တာရှောင်နေချင်လို့တဲ့လေ အဲ့တာမေမေတို့မေးရင် နက်ကနေသိပ်မကောင်းလို့ မလိုက်ဘူးလို့ပြောပေး ကိုကြီး နက်လေးကို မာလာရှမ်းကောဝယ်ကျွေးမယ်နော်"
"နေခဲ့လို့ကရပါတယ် မာလာရှမ်းကောကြောင့်မဟုတ်ဘူးနော် သွေးလာနေမယ်ဆိုလို့ ဟီး"
တကယ်တော့ နက်ဘဝမှာ အစားသည်သာ ပထမ အစားသည်သာမျက်နိုးရာ အစားသည်သာကိုးကွယ်ရာပါ
သူတို့နောက် မလိုက်ရတော့ဘာဖြစ်တုံး
မာလာရှမ်းကောစားရမှာပိုတောင်ကောင်းသေး အော် မာလာရှမ်းကောဆိုတာလေ
Bobble tea လေးနဲ့မှကောင်းတာ😁
............
ဒီနေ့ယောက်ဖပြောတော့ သူတို့အကုန် အိမ်မှာမရှိဘူး ဒီနော့ မင်းအိမ်မလာနဲ့တဲ့
ကလေးက ဖုန်းဆက်တော့
"ဟယ်လို ကိုကိုလား နက်နက် အိမ်မက်ထဲမှာလေ နဂါးကြီးတစ်ကောင်တွေ့တယ်သိလား အဲ့တာနက်နက် Chat timeက bobble tea သောက်ချင်လို့ အဲ့တာဝယ်တိုက်ပါလား"
'ဟင် အိမ်မက်ထဲနဂါးတွေ့တာနဲ့bobble teaဘာမှလဲမဆိုင်ဘူး ဒါပေမယ့်သိတယ်မလား ကလေးက သူ့ကို ကိုကိုတဲ့လေ'
"နက် ခုသောက်မှာလား ကိုကိုဘယ်အချိန်လာပို့ရမှာလဲ ဘယ်နှစ်ခွက်သောက်မှာလဲ"
​"နောက် တစ်နာရီလောက်ကျရင်ပေါ့ ကိုကိုကလဲ နက်နက်ကတော့သုံးခွက်သောက်မှာ ကိုကိုသောက်ချင်ပိုဝယ်လာနော် ပြီးမှနက်နက်ဆီက လာလုမသောက်နဲ့"
...................
'သွေး လာတာနဲ့ လက်ဖက်သုပ်စားပြီး ကိုကိုဝယ်လာတဲ့bobble teaလေးသောက်ပြီး ကိုကြီးတို့ကိုစောင့်မယ်ပေါ့ ကိုကြီးတို့လာရင် မာလာရှမ်းကောလေးစား ကျန်တဲ့bobble teaလေးသောက် သာယာလိုက်တဲ့ငါ့ဘဝလို့တွေးနေတာ ခုတော့ ငရုပ်သီးကောင်းမှုအကြောင်းပြုပြီး လက်တွေပူလို့ငိုနေရပြီ'
"အဲ့တာ ဘာဖြစ်နေကြတာလဲ"
ကိုယ့်မှာတော့ သူလေးသောက်ချင်တယ်ဆိုလို့ အမြန်ပြေးလာတာ ဒင်းက သွေးစုပ်ဖုပ်ကောင်နဲ့ ဘာလုပ်နေလဲမသိဘူး ဟိုကလက်တောင်ကိုင်ပြီးနမ်းတော့မယ် အထုပ်တွေ့နဲ့ အမောတောင်စို့သွားတယ်
"ဟီးအီး ကိုကို နက်လက်ကိုကြည့်ပါဦး ဟီးအီးအီး ပူတယ် အားဟား"
ဆိုပြီးနက်တစ်ယောက် ရဲတိုက်ဆီပြေးကပ်တာ"နက် ဘာဖြစ်တာတုံး ကိုကို့ကိုပြော "
"နက်က လက်ဖက်ထောင်းတာငရုပ်သီးတွေထည့်ပြီး ခုလက်ပူနေတာ"သွေးက ဖြေတော့
"နက်ကလဲကွာ ထောင်းပြီးသားလက်ဖက်တွေ အများကြီးရှိရဲ့သားနဲ့ ကြည့်စမ်းလက်က အပူလောင်သလိုတောင်ရဲနေပြီ
ကဲကဲ ကိုယ်နောက်ဘေးကဆီသွားယူဦးမယ် ခဏလေးနော် ဟေ့ရောင်မင်းက ဘာလုပ်နေတာလဲမပြန်သေးဘူးလား ပြန်တော့ "
"မပြန်ပါဘူး နက်နဲလက်ဖက်သုပ်လာစားတာ ဘာလို့ပြန်ရမှာလဲ ဒါခင်ဗျားအိမ်လား"
ပြောမရတဲ့ကောင်ကိုပြောမနေတော့ဘူး
သူနောက်ဘေးက ဆီကိုပန်းကန်ထဲထည့်ပြီး နက်ရဲ့လက်ကိုနှစ်လိုက်တယ်
"ကလေး ခဏနေသက်သာသွားမှာနော် မငိုနဲ့တော့ တိတ်တိတ်"ဆိုပြီးသူလက်ပါနှစ်ပြီး နက်ရဲ့လက်ကိုတယုတရ ပွတ်ပေးနေတယ်
.....................
ခုဏကထက် အများကြီးသက်သာသွားပေမယ့် နက်တစ်ယောက်ငြိမ်ချက်သားကောင်းနေတယ် ငိုလည်းမငိုတော့ဘူး သွေးကိုရော ရဲတိုက်ဦးကိုရော စကားမပြောဘူး သွေးကတော့ နက်ထောင်းထားတဲ့လက်ဖက်တွေကို သူ့ဟာသူနယ်ပြီးစားနေလေရဲ့
"နက် ကလေး bobble tea သောက်တော့မလား ကိုကိုယူပေးမယ်လေ"
"ဟင့်အင်း"
'သွားပြီ သေချာတယ် နက်တစ်ခုခုဖြစ်နေပြီ ကိစ္စက သေးသေးမဟုတ် အကြီးကြီးဖြစ်နေတာ bobble teaကိုတောင် ငြင်းတယ်ဆိုတော့ ဒါသာမာန်မဟုတ်ဘူး ငါခုဏကအော်လိုက်လို့များလား ဒါမှမဟုတ်လက်မသက်သာလို့လား'ရဲတိုက်ဦးအတွေးတွေရောက်ရက်ခက်နေတုန်း
"Black လာဆေးရုံသွားမယ် လက်မသက်သာဘူးမလား ငါထင်တယ် နင်အဲ့တာကြောင့်ငြိမ်နေတာကိုး"ဆိုပြီး သွေးက ထိုင်ခုံကထပြီးပြောတော့တယ်
"မဟုတ်ဘူး ငါသက်သာတယ် ငါ ငါသွားအိပ်တော့မယ် သွေးနင်လဲပြန်တော့ ကိုရဲတိုက်ဦး လဲပြန် ပြန်တော့ နော်"ဆိုပြီး အခန်းတည်းဝင်သွားတယ်
"အဲ့တာ မင်းကြောင့် ငါ့ကလေးကို ငါအော်မိသွားလို့ သူငါ့ကိုစိတ်စိုးသွားတာ"
"ဘာဆိုင်လို့လဲ သူစိတ်စိုးလဲ အစားတော့ တခါမှမငြင်းဖူးဘူး black လက်က တအားပူနေလို့များလားပဲ ခများလုပ်တာ သူ မသက်သာလို့လားမှမသိတာ ခင်များပြန်တော့လေ ဘာလုပ်နေတာလဲ"
"မပြန်ဘူး မင်းပဲပြန် ငါက သူ့ကိုစောင့်ပြီးချော့ရဦးမယ် မင်းသာပြန် "
"ကျွန်တော်လဲ မပြန်ဘူး ခင်များနဲ့နက်နှစ်ယောက်ထဲ စိတ်မချဘူး"
"ဘာ မင်းကများပြောရတယ်ရှိသေး ငါကမင်းနဲ့ပိုတောင်စိတ်မချသေး"
"....." "....." "....."
😡🤬😡😤😡😤😫
နေလညီနောင်နဲ့သူ့မိဘတွေပြန်လာတဲ့ထိ သူတို့နှစ်ယောက်ငြင်းလို့မပြီးကြသေးဘူး
"ဟော မောင်ရဲတိုက်ဦးနဲ့ သွေးတို့ရောက်နေတာပဲ ကြာပြီလားဦးတို့ကက သွေးတို့အိမ်သွားတာ နက်ရော ဘယ်ရောက်နေတာလဲ"
သူတို့မိသားစုတွေပြန်လာပြီဆိုတော့ သွေးလဲပြန်သွားတယ်
​ရဲတိုက်ဦးက နေလညီနောင်နဲ့စကားပြောပြီးနေခဲ့တယ်လေ
ဖေဖေနဲ့မေမေကတော့ မေမေ့ရဲ့မုန့်လုပ်တဲ့အခန်းထဲမှာ
"ဒါဆို ညီမလေးက ဘာဖြစ်သွားတာလဲ
Bobble teaကိုတောင်မသောက်ပဲ ငြင်းတယ်ဆိုတော့ စိုးရိမ်ရတယ် ကျွန်တော်သူ့ကိုသွားနိုးလိုက်ဦးမယ်"ပြောပြီး လရောင် အနက်ရောင်ရဲ့အခန်းထဲ ဝင်သွားတယ်
တခါးဖွင့်လိုက်တော့
...................
Thanks for reading 30 may 2021
အနက်ဘာဖြစ်သွားတယ်ထင်လဲ

အစားပုတ်လေးကိုချစ်မိသောအခါ   အစားပုတ်လေးကိုချစ်မိသောအခါWhere stories live. Discover now