You're Mine 2

2.4K 136 14
                                    

Zaw

ချွဲဂျွန်ဝူး စီစဉ်ပေးထားတဲ့အခန်းမှာ လီထယ်ဖြောင်း လဲ ကြိုစောင့်နေလိုက်သည်။ အခန်းတစ်ခန်းလုံးလဲ အနီရောင် မီးသီးများ တပ်ဆင်ထားပြီး ကုတင်မှာလဲ အတော်ကျယ်လှသည်။

VIPအခန်းဖြစ်တာကြောင့်ကော ကုတင်မှာလဲ လုံးဝအိနေကာ တကယ်ကို ညိမ့်ညောင်းလှသည်။ တစ်ခန်းလုံးရဲနေပြီး ဘေးတစ်ဖက်တစ်ချက်မှာလဲ လူကြီးကစားစရာများနှင့်လဲ ပြည့်နှက်နေသေးသည်။

'ဒေါက်...ဒေါက်.... ဒေါက်... ' လီထယ်ဖြောင်း ကုတင်ပေါ်တွင်ထိုင်နေတုန်း အခန်းတံခါးလာခေါက်ကာ အခန်းတွင်းသို့ မိန်းကလေးတစ်ဦးဝင်လာသည်။

မိန်းကလေးက ပေါင်တစ်ဝက်လောက်တောင်မရှိသော စကတ်အကြပ်ကလေးနဲ့ သူမ၏ပေါင်တံတွေကို မျက်စိအစာကျွေးထားသည်။

ရင်ပြတ်အင်္ကျီ ဖြစ်ရုံတင်မကပဲ သူမ၏ ရင်နှစ်မွှာက အပြင်သို့ တစ်ဝက်လောက်ပေါ်နေသေး။ အနီရောင်ဝတ်စုံလေးနှင့် ထိုအမျိုးသမီးမှာ တကယ်ကို မြင်ရသူယောက်ျားသားများ ကြွေဆင်းနိုင်သည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားပြန်သည်။

လီထယ်ဖြောင်းဆီသို့ တစ်လှမ်းချင်းလျှောက်လာကာ ဘေးတွင်ဝင်ထိုင်လိုက်ပြီး
"Hi.....ခေါ်တယ်ဆိုလို့...အ့"

စကားမပြောတော့ဘဲ ထိုမိန်းကလေးအား ပတ်လက်လှန်လိုက်ကာ အပေါ်ကနေ အုပ်မိုးလိုက်သော လီထယ်ဖြောင်း....

တဖြည်းဖြည်း နီးကပ်လာသော မျက်နှာကြောင့် ကောင်မလေးမှာ မျက်လုံးတွေ မှတ်ထားလိုက်သည်။

သူငယ်ချင်းပြောသလို စမ်းချင်တာကြောင့် ထိုကောင်မလေးအား နမ်းဖို့ ကြံလိုက်ပင်မဲ့ အမျိုးအမည်မသိတဲ့ ခံစားချက်ကြောင့် ပြန်ခွာလိုက်သည်။

"အခုချက်ချင်း ထွက်သွားတော့"
"ဟင်...ဘာလို့လဲ..."
"ထွက်သွား!!!!!"

အော်ချလိုက်တာကြောင့် ကောင်မလေးလဲလန့်ကာ အခန်းထဲမှ ပြေးထွက်သွားသည်။

"အာ.....မင်းကွာ....ဂင်ယောင်းဆူ.... "
___________________

သာယာသော နေ့လေးတစ်နေ့ဖြစ်တာကြောင့် ဂင်ယောင်းဆူလဲ နွားနို့ပို့ပြီးပြန်အလာ ရေချိုးပြင်ဆင်ပြီး စက်ဘီးလေးနဲ့ပဲ ကျောင်းသို့သွားသည်။

You're mine (Complete)Where stories live. Discover now