You're Mine 20

798 61 12
                                    

Uni

တိတ်ဆိတ်ပြီး မှောင်မဲနေသော ပတ်ဝန်းကျင်......
မိမိခေါင်းပေါ်တွင် လရောင်၏ အလင်းတစ်ခုတည်းသာရှိသည်။ လက်က ဓာတ်မီးကလဲ ခုချိန်ရောက်မှ ဖွင့်မရတော့ပေ။

"ကျစ်....အရေးထဲကွာ...." ပတ်ပတ်လည်တွင် သစ်ပင်များဖြင့် ပြည့်နှက်နေသည်။ လ၏အလင်းရောင်ဖျော့ဖျော့လေးကို အားပြုကာ ခြေလှမ်းတွေကို အတတ်နိုင်ဆုံး သတိထားလှမ်းနေရသည်။

တောထဲဖြစ်တာကြောင့် အရာရာသတိနဲ့ နေနေရပြန်သည်။
"အ့.." ဂျိုင့်ခွက်ထဲ ခြေထောက်ကျွန်သွားကာ ထိုနေရာတွင်ပဲ ခြေခေါက်သွားသည်။

"ကျွတ်...ကျွတ်....သေပါပြီဟာ..." ဘေးက သစ်ပင်အား အား ယူကာ ပြန်ထလိုက်ရသည်။ လမ်းကတော့ မနည်းလျှောက်နေရသည်။ နာသွားသော ခြေထောက်ပြန်ချတိုင်း ဆူးကနဲဖြစ်ကာ အတော်နာလေသည်။

ဒီလိုနဲ့တော့ ဒီမှာထိုင်နေလို့မှ မဖြစ်တာ အားယူရင်းပဲ ဆက်လျှောက်နေရသည်။ မျက်လုံးတွေလဲ တဖြည်းဖြည်း ဝေဝါးလာပြန်ရော.....ရှေ့ကိုပြူးပြဲကာ သေချာကြည့်နေရသည်။

ခုလိုအခြေအနေကြီးကနေ အမြန်ဆုံးလဲ ပြန်လွတ်ချင်လှပြီ.....

"အ့...အွတ်......"

တလိမ့်လိမ့်နဲ့ ကျသွားသည်။ ခြေထောက်ချော်၍ ဘေးက တောင်ဇောင်းဘက် ချောက်ထဲသို့ လိမ်၍ ကျသွားသည်။

ကျောပြင်နဲ့ မြေကြီးနဲ့ ထိသွားတဲ့အချိန်မှာတော့ တဖြည်းဖြည်း မျက်ခွန်တွေ လေးလံလာသည်။

ပါးစပ်က အသံမထွက်ပင်မဲ့ ရေရွတ်မိနေတာကကော..
"ထယ်ဖြောင်း..... ငါ...ငါ့ကို လာကယ်...ပါ...."
.
.
"ကယ်ပါ...ငါ..ငါ့ကို ကယ်ပါ ထယ်ဖြောင်း!!!!" အိပ်နေရင်းမှ လန့်နိုးလာသော Nick viky....

ပူအိုက်သောအချိန်မဟုတ်ပင်မဲ့ ချွေးတွေကတော့ သူ့တစ်ကိုယ်လုံးတွင် ရွှဲနစ်နေသည်။

မက်ပြန်ပြီ အိပ်မက်ဆိုး....ဒီတစ်ခါတော့ အတော်ထူးဆန်းသည်။ အရင်က ခုလို တောထဲက ချောက်ထဲပြုတ်ကျတာကို ခဏခဏဆိုသလို မတ်ဖူးပင်မဲ့ ဒီတစ်ခေါက်တော့ မတူ....

'ထယ်ဖြောင်း.... ထယ်ဖြောင်း... 'ဆိုတဲ့နာမည်ကို စိတ်ထဲ အကြိမ်ကြိမ်ခေါ်မိနေသည်။

You're mine (Complete)Where stories live. Discover now