Uni
တိတ်ဆိတ်နေသောည တစ်ယောက်ထဲ....တစ်ယောက်ထဲ...... လမ်းပျောက်နေတာလား....တောထဲမှာလား...
ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ သစ်ပင်တွေနဲ့ ပြည့်နှက်နေသည်။
လမ်းလျှောက်ရင်း တစ်နေရာအရောက် မိမိအား လူတစ်ယောက် တွန်းလိုက်သည်ပဲလား....ဟုတ်တယ်... အတိုက်ခံလိုက်ရတာလား အတွန်းခံလိုက်ရတာလား....
နာကျင်လိုက်တာ...ချောက်နက်ထဲပဲလား....ကြောက်တယ်...ကြောက်တယ်...မြန်မြန်လာခေါ်ပါ....
မိမိမှာ ထိုချောက်ထဲသို့ လိမ့်ဆင်းသွားသည်။ နာလိုက်တာ ထတောင်မထနိုင်ဘူး....မြန်မြန်ငါ့ကို လာကယ်ပါ...ထယ်ဖြောင်း.... ထယ်ဖြောင်း....
"ထယ်ဖြောင်း! !!!"
"ရေသောက်လိုက်နော်...ဘာမှမဖြစ်ဘူး"အိပ်ယာထက်မှ ချွေးများရွှဲကာ နိုးလာသော Nick viky
ကမ်းပေးသောရေခွက်အား တစ်ကြိုက်ထဲမော့ချလိုက်သည်။ ခေါင်းလေးကိုအသာပုတ်ပေးနေသော လီထယ်ဖြောင်း အားကြည့်ကာ ပြုံးပြလိုက်တော့မှ လီထယ်ဖြောင်း သတ်ပြင်းချနိုင်သည်။"ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
"မင်းအသံကြားလို့...ခုကော သက်သာသွားပြီလား"
"ဟုတ်...."
"ဒါဆိုပြန်အိပ်လိုက်တော့နော်"Nick viky အား စောင်သေချာခြုံပေးလိုက်ပြီး ထွက်သွားဖို့အလုပ် လီထယ်ဖြောင်း လက်အားတစ်ခုခုမှ ဖမ်းဆုတ်တားဆီးခံလိုက်ရသည်။
"မသွားပါနဲ့လား...ကျွန်တော်...တစ်ယောက်ထဲ မအိပ်ရဲတော့လို့ ခဏလောက်တော့.... ဘေး...ဘေးနားမှာ ဖြစ်ဖြစ် နေပေးပါလား"
မျက်လွှာလေးအောက်ချကာ မဝံ့မရဲပြောလာသူ....ကျွန်တော် ဘယ်လိုလုပ်မျက်ကွယ်ပြုရက်ပါ့မလဲ..."အင်းပါ...အိပ်ပျော်အောင်သာအိပ်...ငါဘေးမှာရှိနေမယ်" လက်ကလေးကိုဆုတ်ကိုင်မြဲပဲ ခုံတစ်ခုံယူလိုက်ကာ ကုတင်ဘေးတွင်ထိုင်လိုက်သည်။
"ကျေးဇူး"
"မင်းသာအဆင်ပြေရင် ငါအတွက် ပြီးပြည့်စုံပြီ...အိပ်တော့နော်"Nick viky ကြိုစားကာ မျက်လုံးမှိတ်ပြီး အိပ်ဖို့လုပ်တော့သည်။ ခတ်တော့ခတ်သား မိမိကသာ အိပ်ယာပေါ်လှဲပြီး သတ်တောင့်သတ်သာနေရတာ....သူက ဘေးမှာထိုင်နေရတာ ကြာရင် အဆင်ပြေမှာမဟုတ်ဘူး။
YOU ARE READING
You're mine (Complete)