You're mine 3

2K 110 14
                                    

Zaw

"မအေအတိုင်းပဲ အပျော်ကိုမတ်တယ်"
"အဖေ!!!!!"

"မင်းက ငါ့ကိုအော်ရအောင်...မင်းကိုယ်မင်း ဘာထင်နေလဲ ဟမ်!!"
"ကျွန်တော့်ကို ကြိုက်တာပြော ကျွန်တော်ခံနိုင်တယ်။ ဒါပင်မဲ့ အမေ့ကိုတော့ ပါးစပ်နဲ့တောင်မပြောနဲ့ ကျွန်တော် ငြိမ်ခံမှာမဟုတ်ဘူး"

"အမှန်ကို အမှန်တိုင်း ပြောတာလေ...မင်းကငြိမ်မခံချင်ရင် ဘာလုပ်မှာလဲ!" ဆက်ပြောလျှင် ပိုပြီးဆိုးလာမှာကြောင့် လီထယ်ဖြောင်း ဆက်မပြောတော့ပဲ အိမ်ကနေပင် ထွက်လာလိုက်သည်။

ခုတော့ သူငယ်ချင်းဖြစ်သူ ချွဲဂျွန်ဝူး ရဲ့ Barသို့သာ.....

"မင်း ထွက်လာလိုက်တာမှန်တယ်။"
"ငါအရမ်းစိတ်ညစ်တယ်"

"အေးပါ...ငါသိတယ်..စိတ်ညစ်နေတယ် ဆိုပင်မဲ့ စိတ်ညစ်စရာပဲ ထက်ပြောရတော့မယ်...မပြောလို့လဲမဖြစ်ဖူးဆိုတော့" လီထယ်ဖြောင်း မျက်ခုံးပင့်ပြီး ကြည့်တော့ ချွဲဂျွန်ဝူးလဲ

"နောက်အပါတ်ထဲ ဟိုကောင်ပြန်လာလိမ့်မယ်...သူ့သူငယ်ချင်းဆီက သိရတာ"
"ဘာကွ!!!"

"အေး..ဟုတ်တယ်..ဒီကိုပြန်ပြီး ကျောင်းဆက်တတ်မယ်ဆိုလားပဲ..."
"အဲ့ကောင်က ဟိုမှာအေးဆေးနေပါလား။ ဒီလာပြီး သူ့ေ-ာက်ခွက် ငါက မြင်နေရဦးမယ်"

"အေး ဒါပင်မဲ့ ထိန်းပေါ့ကွာ..မဟုတ်ရင် အဲ့ကောင်က ပိုပြီးကလိမ်ကျလိမ့်မယ်"
မိမိအား စိတ်ပူပြီးပြောသော ချွဲဂျွန်ဝူးကိုတော့ ကျေးဇူးတင်တယ်။ ဒါပင်မဲ့ လာငြိရင်တော့ ငြိမ်ခံမဲ့အထဲ လီထယ်ဖြောင်း မပါဘူး.....
_____________

"အဖေ.....အမေ" ခရီးဆောင်အိတ်အား လွှတ်ချကာ မိဘနှစ်ပါးအားပြေးဖက်လိုက်သည်။

"အမလေး မေမေ့သားလေး....ကြည့်ပါဦး ခန့်လာလိုက်တာ"
"ဟုတ်ပ...ဒါနဲ့ ပြန်လာတာတောင် ကြိုမပြောဘူး"

"ဟီးးး သားအကျင့်ပဲဟာ..." သုံးယောက်သား ပျော်မြူးနေကြတုန်း အပေါ်ထပ်က လီထယ်ဖြောင်းဆင်းလာတာကြောင့် အသံများပင် တိတ်သွားသည်။

ကျောင်းဝတ်စုံအပြည့်နှင့် ကျောင်းသွားရန် ပျော်မြူးနေသော မိမိ.....ထိုကောင့်မျက်နှာကြောင့် ဘယ်တောင်ပျောက်သွားလဲမသိ။

You're mine (Complete)Where stories live. Discover now