You're Mine 12

820 60 8
                                    

Zaw

"မင်းကလဲ....ရောက်မှတော့ သွားရအောင်နော်..."
"မရဘူး! မင်းက လမ်းသိတာလဲ မဟုတ်ဘူး..."

"ထယ်ဖြောင်း မင်းပါတာပဲ နော်..သွားရအောင်"

​တောစပ်နားက လယ်ကွင်းဆီသို့ ရှုခင်းကြည့်ရန် ဂင်ယောင်းဆူ အား ခေါ်လာမိတာပဲ လီထယ်ဖြောင်း မှားလေသလား။ ခုတော့ တောထဲသွားကာ လျှောက်လည်ဖို့ ပူဆာနေပြီ....

"ခဏလေး ခုတော့ မလုပ်နဲ့ သွားရင် ဒီအတိုင်းဗလာကြီး သွားလို့မဖြစ်ဘူး။ လက်နက်တော့ အနည်းဆုံး ယူသွားရမှာ ခုတော့ ငါတို့မှာ ဘာမှမပါဘူး။ မနက်ဖြန်ကျရင် လက်နက်အစုံနဲ့ ပြန်လာကြမယ် Ok"

လိုချင်တာရသွား၍ မျက်နှာလေး ပြန်ပြုံးကာ မြင်ရတော့မှ လီထယ်ဖြောင်း သက်ပြင်းချနိုင်သည်။ တကယ်ပါ တစ်ခုခုလုပ်ချင်ရင် ကလေးတစ်ယောက်လိုပဲ ချွဲတတ်သေး။ အဲ့လိုတွေ လုပ်ပြနေလို့ ဒီကကောင်လဲက မလိုက်ရောဘဲ မနေနိုင်။

ချော့ပြောလိုက်တော့မှပဲ လက်ခံတာမို့ မနက်ဖြန်တော့ သွားရတော့မည်။
.
.
.
"ယောင်းဆူ....ယောင်းဆူ.... " တံခါးအား အဆက်မပြတ်ထုနေသောကြောင့် ဂင်ယောင်းဆူ မှာ အိပ်နေရင်းမှ လန့်နိုးကာ တံခါးအား ပြေးဖွင့်ပေးရတော့သည်။

"ဘာဖြစ်တာလဲ"
"ငါ့ကိုအရင် ဝင်ခွင့်ပေး"
ဂင်ယောင်းဆူ အခန်းထဲသို့ အရေးကြီးသုတ်ပြာဝင်လာသော လီထယ်ဖြောင်း.....

တံခါးအား လော့ချလိုက်ပြီး
"ငါ....မင်းနဲ့ ဒီည အိပ်မလို့...."
"ဘာ!! အဲ့တာ ရိုးရိုးတန်းတန်း ပြောပါလား မင်းကလေ အမြဲတမ်း ငါ့ကို လန့်အောင်လုပ်တယ်"

"ဟီးးး ခွင့်ပြုနော်.." ပါးစပ်ကသာခွင့်တောင်းနေတာ လီထယ်ဖြောင်း ကိုယ်ကတော့ အိပ်ယာပေါ်တောင် ရောက်နေပြီ။

"ငါကခွင့်မပြုလဲ မင်းက အိပ်ယာပေါ်တောင် ရောက်နေပြီပဲ အပိုတွေ.....စောစောအိပ်...မနက်စောစောသွားမယ်"
"ဘာသွားလုပ်မှာတုန်း စောစောစီးစီး"

ဂင်ယောင်းဆူ မှာ တောထဲသွားဖို့ အတော်ပင် တတ်ကြွနေပုံ။ သူ့ဆန္ဒလေးပြည့်တော့မှာဆိုတော့ ပျော်နေသည့်ပုံလေးမှာ တကယ်ကိုဖြူစင်သည်။ ဒါတွေကြောင့်လဲ လီထယ်ဖြောင်း မှာ ကြွေနေရသည်မှတ်လား။

You're mine (Complete)Where stories live. Discover now