You're Mine 4

1.5K 99 14
                                    

Zaw

"မီနမ်...ဘယ်ချိန်ထဲက ရောက်နေတာလဲ" အိမ်ပြင်သို့ ထွက်လာသော ဂင်ယောင်းဆူ..... ဝရန်တာနားတွင်ထိုင်နေသော ဂိုမီနမ်ကို မေးလိုက်ခြင်းဖြစ်သည်။

"အင်း သိပ်မကြာသေးပါဘူး"
"နင့်ကြည်ရတာ တစ်မျိုးပဲ အဆင်ပြေရဲ့လား" မျက်နှာမကောင်းသော ဂိုမီနမ်ကို ဂင်ယောင်းဆူ စိတ်ပူမိသည်။

မိမိဘဝမှာလဲ အတွင်းသိ အစင်းသိဆိုလို့ ဒီသူငယ်ချင်းပဲ ရှိတာမှတ်လား။

"ငါနင့်ကို မေးမလို့...ငါသတင်းကြားထားတာရှိတယ်။ နင်အမှန်တိုင်းဖြေနော်" အတည်ပြောနေပုံပေါက်သောကြောင့် ဂင်ယောင်းဆူလဲ
"အင်းပါ...မေးလေ"

"နင်...နင်ကျောင်းမှာ ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်ဆို"
"ဟင်! နင်ဘာကိုမေးတာလဲ။ ငါသိပ်နားမလည်ဘူး"
လိုရင်းအဓိပ္ပါယ်ကိဳ သဘောမပေါက်သေးသော ဂင်ယောင်းဆူ....

"နင်ကလဲဟာ...ဒီအရွယ်ပဲရောက်နေပြီ...နောက်နှစ်ဆို ကျောင်းဖြင့်ပြီးတော့မယ် ဝေးတယ်။ နင်နဲ့ ကောင်လေးတစ်ယောက်က တွဲနေတာတဲ့...ချစ်သူတွေလိုဟ!"

လက်ညှိုးနှစ်ခုကို အားရပါးရ ပူးပြကာ ပုံစံပါဖော်ပြနေသော ဂိုမီနမ်။

"ဟာ....နင်ဟာ...မဟုတ်ပါဘူး...ဘယ်သူတွေပြောတာလဲ..."
"နင့်ကျောင်းမှာ ရှိတဲ့ ငါ့သူငယ်ချင်းတွေပြောတာ...တကယ်မဟုတ်ဘူးပေါ့"

"အေးပေါ့ဟ.... မဟုတ်ဘူး။ ငါနဲ့တွဲသွား တွဲလာလုပ်နေတာက သူငယ်ချင်းယောက်ျားလေးပါ။ သူကငါနဲ့တစ်ခုံထဲထိုင်ရတာ။ ငါခြေထောက်ဒဏ်ရာရတုန်းကလဲ သူပဲကူညီပေးတာ အဲ့တာကြောင့် သူငယ်ချင်းဖြစ်သွားတာ"

ခုမှအကြောင်းစုံကို သိသွားရှာသော ဂိုမီနမ်က ပြုံးနိုင်တော့သည်။ သူထင်နေတာ တကယ်ကြီးပဲ ဂင်ယောင်းဆူတစ်ယောက် ရည်းစားရသွားပြီလို့။

"ဟီးးးး မသိဘူးလေဟာ..."
"အဲ့တာကြောင့်နဲ့ပဲ ဒီအထိလာရှာတာလား"
"အေး...ခုတော့ ငါဗိုက်ဆာပြီ တစ်ခုခုသွားစားရအောင်"

သိချင်တာ သိသွား၍ ပျော်နေရှာသော သူငယ်ချင်းကြောင့် ဂင်ယောင်းဆူ လဲ ရယ်ရခတ်ငိုရခတ်ပင်။
_______________

You're mine (Complete)Where stories live. Discover now