Uni
လမ်းထိပ်သို့ရောက်တော့ ကားတစ်စီးက အဆင်သင့်စောင့်နေပြန်သည်။ ကားဘေးတွင် အနက်ရောင် ဝတ်စုံအပြည့်နဲ့လူက လီထယ်ဖြောင်း အား ကားသော့ပေးကာ အရိုအသေပေးသည်။
"လာတတ်..." Lover Seat တွင် Nick viky မှာထိုင်ရင်း ရင်တမမနှင့် ကိုကိုပြန်မလာပါစေနဲ့သာ ဆုတောင်းမိသည်။ ဘာလို့လဲတော့မသိ ရင်ထဲပျော်သလိုလိုပင်။ ဘေးက လူက ကားကိုဂရုတစိုက် မောင်းနေတာကိုကြည့်ရင်း စိတ်ထဲတွင် တော်တော် ကြည့်ကောင်းတဲ့သူလို့ ကောက်ချက်ချမိသည်။
ကိုကိုနဲ့အပြင်သွားတုန်းကတောင် ခုလိုရင်မခုန်ဖူးဘူး။ ဒီလူနဲ့ကျမှ ရင်အရမ်းခုန်နေသလိုလို....ခိုးထွက်တာ မိမှာ ကြောက်လို့များလား။
ကားအတော်အသင့်လောက် မောင်းပြီးတော့ ဆိုင်လေးတစ်ဆိုင်ရှေ့ ကားကိုထိုးရပ်လိုက်သည်။
"Ice-cream....ဟီးးး အကြိုက်ပဲ" သွားတန်းလေးပေါ်ကာ ပြောလာသော Nick viky.....ဆိုင်ထဲသို့ ဝင်လိုက်တော့ တကယ်ကိုထိုင်ချင်စရာကောင်းတဲ့ဆိုင်လေး ရေခဲမုန့် ဆိုင်ဖြစ်တာကြောင့်ပဲလားမသိ....အပြင်အဆင်ကတော့ မသိရင် တိမ်တိုက်တွေထဲရောက်သွားသလိုလို....
ခုံပေါ်ထိုင်စောင့်နေရင်း ရေခဲမုန့်တစ်ခွက်ကိုယ့်ရှေ့ရောက်လာ၍ အံ့သြတကြီးမေးမိတာက
"ကျွန်တော် စတော်ဘယ်ရီလို့ မမှာမိပါဘူး"
"ဟက်....မင်းအကြိုက်ကို မပြောပဲနဲ့ သိတယ်။"မိမိအကြောင်းတွေကို သိသလိုလိုပြောနေတာကိုကြည့်ပြီး Nick viky နားမလည်နိုင်...
ရေခဲမုန့်လေးစားရင်း အနီးက ကစားကွင်းသို့ လိုက်ပို့ပြန်သည်။
ရောက်ထဲက စားလိုက်ဆော့လိုက်ဖြင့် Nick viky မှာ မမောနိုင် မပန်းနိုင်...ခတ်တာက သူဆော့တာလေးတွေက ကလေးသာသာစီးတဲ့ အရာတွေပင်။
"ဒီတစ်ခေါက် ဒါစီးမလား" လီထယ်ဖြောင်း လက်ညှိုးထိုးတာကြည့်လိုက်တော့..... အမလေးးးး ရထားတွဲကြီးထဲလူတွေထိုင်ရတာပင်။ ထိုရထားသွားရာ လမ်းကြောင်းကလဲ ဇောက်ထိုးတွေရော...စီးတဲ့သူတွေကလဲ အသံကုန်အော်သူကအော် ငိုသူကငိုနေပြီ။
YOU ARE READING
You're mine (Complete)