Zaw
မြို့တော်ဝန်လီ ၏ အမိန့်ကြောင့် လီထယ်ဖြောင်း ကော လီဒိုဟွန်း ကော ဧည့်ခန်းထဲတွင် ကိုယ်စီနေရာယူနေရသည်။
မြို့တော်ဝန်လီ ဘေးတွင် မိုအာမှာ အလှတွေကို လွန်စွာ ပြင်ဆင်ထားပြီး လက်ဝတ်ရတနာများမှလဲ ကိုယ်ပေါ်တွင် မျက်စိနောပ်မတတ်ပင်။
မကြာခင် ခြံထဲသို့ ကားတစ်စီးဝင်လာပြီး ကားပေါ်မှ လူ၂ယောက် ဆင်းလာသည်။ ထို၂ယောက်မှာ မြို့တော်ဝန်လီ တို့ရှိရာဆီသို့ လျှောက်လာကာ အရိုအသေပေးလိုက်ကြသည်။
"မင်္ဂလာပါ မြို့တော်ဝန်လီ..... ကျန်းမာပါရဲ့လား.... "
"ကျန်းမာပါတယ် အမတ်ဟို.." အပြန်အလှန်လက်တွဲ နှုတ်ဆက်လိုက်ကြပြီး ပြန်ထိုင်လိုက်ကာ စကားစပြောကြတော့သည်။အမတ်ဟိုကလဲ ဘေးကပါလာတဲ့သမီးဖြစ်သူကို မိတ်ဆက်ပေးတော့သည်။
"ဒါက...ဟိုဆိုရှင်း ကျွန်တော့်သမီးလေးပါ...တက္ကသိုလ်တတ်ဖို့ နှစ်နှစ်လောက်လိုပါသေးတယ်"ဟိုဆိုရှင်းမှာ မျက်နှာသေးသေးနဲ့ ဆံပင်ဂုတ်ဝဲလေးဖြင့် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်။ အသားအရည်လေးမှာလဲ ခြေမွှန်းမီးမလောင် လက်မွှေးမီးမလောင် နေရသည်မှာ အသိအသာပင်။
ဂါဝန်အကားလေးကို ဒူးထိဝတ်ဆင်ထားပြီး သူမပုံစံမှာ အရုပ်ကလေးတစ်ရုပ်ပမာ။
"မင်္ဂလာပါ...." အသံမှာလဲ ချွဲပစ်ပစ်မို့ လီထယ်ဖြောင်း မှာ နှုတ်ခမ်းမဲ့သွားသည်။"အမတ်ဟို ရဲ့ သမီးလေးက ချစ်စရာလေးပဲ...ချွေးမလေးတော်လိုက်ရရင်တော့" မိုအာမှာ ကြည့်ရင်း ပြုံးပြီးဝင်ပြောတော့ မြို့တော်ဝန်လီ လဲ
"ဟုတ်တာပေါ့...သားတို့...အဖေနေရာတကာမပြောဘူးနော်" ခတ်နောက်နောက်နဲ့ မြို့တော်ဝန်လီမှာ ပြောသော်လဲ လီထယ်ဖြောင်း ကတော့ မျက်နှာသေဖြင့်။ နဂိုထဲက အပြုံးတစ်ပွင့်ကို ဆင်မြန်းလေ့ရှိသူ လီဒိုဟွန်း ကတော့
"အဖေရာ...တိုးတိုးပြောပါ ညီမလေး ရှက်သွားပါဦးမယ်"
ဟိုဆိုရှင်း မျက်နှာမှာ အစခံလိုက်ရသောကြောင့် ရဲခနဲပင်။
"စကားလက်စုံကျနေကြတာ...ထမင်းစားကြရအောင်"
မိုအာက ဝင်ပြောတော့ အားလုံးလဲ ထမင်းစားခန်းသို့သာ။
YOU ARE READING
You're mine (Complete)