Uni
Rollar Coaster စီးချင်ပါတယ်ဆိုလို့ လီဒိုဟွန်းမှာ လက်မှတ်သွားတန်းစီနေရသည်။ ဒီနေ့မှလဲ အစီအစဥ်မရှိဘဲ ထွက်လာရတာမို့ ကစားကွင်းရောက်မှ လူများနေတာကြည့်ပြီး ရုံးပိတ်ရက်ဆိုတာ သတိရတော့သည်။
ဒါပင်မဲ့လဲ မထူးဘူးလေ သူ့ရဲ့ Nick viky လေး စိတမချမ်းသာရင်ပြီးရော.....
လက်မှတ်ရုံမှာ အရင်ကထက် လူများနေသောကြောင့် တန်းစီပြီးစောင့်နေရသည်။ အရေးထဲ လက်မှတ်ကိစ္စ အခြေအတင်တွေက ခဏခဏဖြစ်ကြသေး။
ခုံလေးတစ်ခုပေါ်တွင် Nick viky မှာ လီဒိုဟွန်း ပြန်အလာကို စောင့်နေရှာသည်။ ပျင်းပျင်းနဲ့ မြက်ပင်တွေကိုလဲ ခြေထောက်နဲ့ ထိုးဖွနေမိသည်။ အရင်တုန်းက လီထယ်ဖြောင်းနဲ့ လာခဲ့တဲ့အချိန်တွေကို တွေးတောနေရင်း...
မိမိလက်ထဲသို့ Phမပေးထားတာကြောင့် လီထယ်ဖြောင်း နဲ့ကလဲ အဆက်အသွယ်မရ။ မတွေ့ရတာလဲကြာနေပြီ....စိတ်ထဲကနေ တွေ့ချင်နေတာကိုလဲ ဘာကြောင့်လဲဆိုတာ စဥ်းစားလို့မရ...
"Nick.... " ဟော...စိတ်လေပါတယ်...နားထဲလဲ လီထယ်ဖြောင်း ခေါ်သံကိုကြားနေရသည်။ တကယ်ပါပဲ...
"Nick.... Nick...." ပြတ်သားလာသောခေါ်သံကြောင့် မျက်လုံးတွေတောင်ပြူးကျယ်သွားသည်။ ဘေးပတ်ဝန်းကျင်ကို ရှာကြည့်တော့ ခြုံအကွယ်တစ်ခုကနေ မိမိအားလှမ်းခေါ်နေသော လီထယ်ဖြောင်း....
"ဟာ....ဟီးး" ချက်ချင်း ဆိုသလို ထိုခြုံနားသို့ရောက်သွားသော Nick viky လေး....
"ပိန်သွားတာပဲ Nick... အစားပုံမှန်မစားဘူးလား။ ဒါမှမဟုတ် အဲ့အကောင်က မကျွေးဘူးလား။"မိမိမေးဖျားက တယုတယကိုင်ကာ စိတ်ပူပေးနေသော လီထယ်ဖြောင်း ကိုကြည့်ရင်း ရင်ခုန်လာမိပြန်သည်။
"မဟုတ်ပါဘူး...Nick က မစားချင်လို့ အရသာ မတွေ့တာ...ထယ်ဖြောင်း ချက်ကျွေးတာ စားချင်တာ"နှုတ်ခမ်းဆူပြီး မျက်နှာလေး ညှိုးသွားတာကြောင့် လီထယ်ဖြောင်းလဲ စိတ်မကောင်းပေ။ စိတ်ရှိတိုင်းသာဆို တစ်ခါထဲခေါ်ပြီး ဖွတ်ထားချင်မိ။ ဒါပင်မဲ့ Nick viky မှာ သူ့ကိုသူ ပြန်သတိမရမချင်း မိမိအရမ်းလုပ်လို့မဖြစ်။ တော်ကြာ မိမိအား စိတ်နာသွားမှဖြင့်...
YOU ARE READING
You're mine (Complete)