You're Mine 30

889 58 30
                                    

Uni

မြစ်နဲ့နီးသောကြောင့် လေလေးတွေက တဖြူးဖြူးဖြင့် အတော်နေလို့ကောင်းသည့်နေရာပင်။ ခတ်တာက ထိုနေရာကို လာကြသူများကတော့ ရင်ထဲတွင် ပူဆွေးမှု ဝမ်းနည်းမှုများဖြင့်........

ထိုမြစ်ကမ်းဘေးတွင် မြေဖို့ထားသော အမို့အမောက်များ အစီအရီရှိနေသည်။ ဒါကတော့ သေသူများအား မြှုပ်နှံထားသော နေရာပင်.....

ရှေ့ကအုတ်ဂူကို တွေတွေလေးငေးကြည့်နေသော ဂင်ယောင်းဆူ.....
အဖြစ်အပျက်များက ကြာမြင့်ခဲ့သော်လဲ စိတ်ထဲမမေ့နိုင်ခဲ့....

ထိုနေ့ညက....သေနတ်ပြစ်သံကြောင့် ဂင်ယောင်းဆူ ရင်ထဲ ထိတ်ပြာသွားခဲ့သည်။ မိမိအား ခုံနှင့်တွဲကာ ကြိုးတုတ်ထားခြင်းကြောင့် အတတ်နိုင်ဆုံးရုန်းသော်လဲ မလွတ်ခဲ့ လက်မှာ ကြိုးရာအနီကြီးသာ ကျန်နေခဲ့သည်။

ခွင့်လွှတ်ဖို့သင့်လား မသင့်လား မတွေးတတ်တော့ တစ်ဖက်ကကြည့်ရင် ကျေးဇူးတင်သင့်ပင်မဲ့ တစ်ဖက်က ကြည့်ပြန်တော့လဲ မိမိဘဝနဲ့ရင်းခဲ့ရတာမှတ်လား။

"ဘာပဲဖြစ်ဖြစ်.... ကျေးဇူးတင်ပါတယ်" အုတ်ဂူကိုကြည့်ရင်း ဂင်ယောင်းဆူ ပြောလိုက်သည်။ တစ်ဖက်က အုတ်ဂူ၏ သေဆုံးသူနေရာကျောက်ပြားတွင်တော့      ဟိုဆိုရှင်း ဆိုသည့်သူမပင်။

ဟုတ်ပါတယ် ထိုနေ့ညက ပြစ်လိုက်သောကျည်သည် ဟိုဆိုရှင်းကို ထိမှန်သွားခြင်းဖြစ်သည်။ ချိန်ရွယ်ခံရသူ လီထယ်ဖြောင်း အား မထိစေချင်သောကြောင့် သူမက ကြားကနေဝင်ခံလိုက်ခြင်းဖြစ်သည်။

ဟိုဆိုရှင်း ကို ထိသွားတာကြောင့် လီဒိုဟွန်း မှာ နောက်သို့ ခြေလှမ်းတွေဆုတ်သွားခဲ့သည်။ သတ္တိကောင်းသောသူမ...သူမသာ မရှိတော့ရင် လီထယ်ဖြောင်းအား လီဒိုဟွန်း  ဆက်ဒုက္ခပေးမည်ဆိုးသောကြောင့် သူမကိုယ်တိုင်ပင် ဝရန်တာကနေ တွန်းချခဲ့သည်။

သူမလဲမကြာဘူး ထိုနေရာမှာတင် လဲသွားခဲ့သည်။ သူမကပြောတယ် သူမသေတာ လီထယ်ဖြောင်း လက်ပေါ်မှာဖြစ်တာကြောင့်ပျော်တယ်တဲ့....ဖြစ်သမျှအားလုံးကိုလဲ ကျွန်တော့်ကို တောင်းပန်သွားတယ်....

You're mine (Complete)Where stories live. Discover now