You're Mine 22

690 49 18
                                    

Uni

Designer...Make up artist တွေ အခန်းတစ်ခုထဲတွင် အသီးသီး အလုပ်ရှုပ်နေကြသည်။ ထိုအခန်းထဲတွင်တော့ ထိုင်ခုံပေါ်တွင်သာ မလှုပ်မယှက် ထိုင်နေသော ကောင်လေးတစ်ယောက်....

ထိုကောင်လေးမျက်နှာမှာ သိသိသာသာကော မသိမသာကော ပျက်ယွင်း ညှိုးငယ်နေလေသည်။ သူ့ကိုလုပ်ပေးသမျှကိုလဲ ငြိမ်ခံနေလေသည်။ ထိုကောင်လေး၏ အတွေးတွေကကော ခုလက်ရှိ အချိန်တွင် ရှိနေပါ့မလား......

အခန်းထဲသို့ ဝင်လာသော အမျိုးသားတစ်ယောက်.... ထိုအမျိုးသား၏ မျက်နှာတွင်တော့ ကောင်လေးမျက်နှာနှင့် အတော်ပင်ကွာခြားကာ ပြုံးပျော်နေလေသည်။

"Nick.... ပွဲစတော့မယ်...သွားရအောင်" လီဒိုဟွန်း ခေါ်လိုက်တော့မှ သတိပြန်ကပ်လာသော Nick viky.....
"အော်...ဟုတ်..."

ကမ်းပေးသောလက်အား တွဲကိုင်လိုက်သည်။ ဒါပင်မဲ့ သူ၏စိတ်ထဲတော့....

*ခုလို တွဲချိတ်ဖို့လက်က ခင်ဗျား လက်သာဖြစ်ရင် သိပ်ကောင်းမှာပဲနော်....ခုချိန်တော့ ခင်ဗျားပျော်နေမှာပေါ့...ခင်ဗျားချစ်ရတဲ့သူနဲ့ စေ့စပ်ရတော့မယ်လေ....
အရေးထဲ သတို့သားနီးပါး ပြင်ဆင်ပေးနေကြတာ တကယ်ကိုစိတ်ကုန်တယ်...*

Nick viky ရဲ့မျက်နှာလေး ညှိုးငယ်နေတာကို လီဒိုဟွန်း ရိပ်မိသည်။ ခတ်တာက မိမိကိုယ်တိုင် လိုချင်လို့ ရအောင်ယူခဲ့ ပြီးပြီပဲ ပြန်ပေးဖို့ စိတ်ကူးမရှိတာက ခတ်တယ်.....

*Nick ရယ်...ကိုကိုတောင်းပန်ပါတယ်။ Nick ကို လက်မလွှတ်နိုင်တာ ကိုကို့ရဲ့ အတ္တကြောင့်ပါ...*

လျှောက်လမ်းတစ်လျှောက်လုံး တစ်ဦးက စကားစဖို့ စိတ်မကူးထားသလို နောက်တစ်ယောက်ကလဲ စကားပြောဖို့ ဝန်လေးနေလေသည်။

ပွဲထဲသို့ရောက်ရန် တံခါးတစ်ချက်သာလို့တော့သည့်အချိန်မှ လီဒိုဟွန်း က Nick viky လက်လေးကို ကျန်တစ်ဖက်နဲ့ အုပ်မိုးကိုင်လိုက်ကာ....

"Nick... ပွဲထဲရောက်တော့မယ်လေ...ဘာလဲ ကိုကိုက ခုလိုဝတ်စားခိုင်းထားလို့ စိတ်ဆိုးနေတာလား။ ခဏလေးသည်းခံပေးနော်...ဒါက ကိုကို့ရဲ့ တစ်ဦးတည်းသော အစ်ကိုထယ်ဖြောင်း ရဲ့ စေ့စပ်ပွဲမို့လို့....

You're mine (Complete)Where stories live. Discover now